၁၉၀၀ ခုနှစ်အလယ်ပိုင်းလောက်က စပိန် ရွှေ့ပြောင်းအခြေချသူများ၏ အသက်ဝင်လှသည့်ဓာတ်ပုံအား ပုပ်ဖရန်စစ် လက်ခံရရှိ

၁၉၀၀ ခုနှစ်အလယ်ပိုင်းလောက်က စပိန် ရွှေ့ပြောင်းအခြေချသူများ၏ အသက်ဝင်လှသည့်ဓာတ်ပုံအား ပုပ်ဖရန်စစ် လက်ခံရရှိ

၁၉၀၀ ခုနှစ်အလယ်ပိုင်းလောက်က စပိန် ရွှေ့ပြောင်းအခြေချသူများ၏ အသက်ဝင်လှသည့်ဓာတ်ပုံအား ပုပ်ဖရန်စစ် လက်ခံရရှိ

ပက်ထရစ်ရှာဖယ်ရိုးသည် ၁၉၅၇ ခုနှစ်က ဓာတ်ပုံဆရာ မာနူအဲလ်ဖယ်ရိုး၏ သမီးဖြစ်ပြီး သူမဖခင် ရိုက်ကူးခဲ့သည့် အသက်ဝင်လှသည့်ပုံအား ပုပ်ဖရန်စစ်အား ဆက်သခဲ့ပါတယ်။ 

“ပါးပါး ၁၉၅၇ ခုနှစ်က တပည့်တော်မ ဖခင် ရိုက်ကူးခဲ့တဲ့ ပုံကို ဆက်သဘို့ ဒီကို ရောက်ရှိလာတာပါ။ ဒါဟာ ဂလားဆီးယားမှ ဘွယ်နိုဆိုင်းရပ်စ် သို့ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ရဲ့ပုံဖြစ်ပြီး အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများရဲ့ သင်္ကေတဖြစ်လာပါတယ်” လို့ ပက်ထရစ်ရှာက ပုပ်ဖရန်စစ်အား လက်ဆောင် ဆက်သရင်း လျှောက်ထားခဲ့တာပါ။

ဒီပုံဟာ သူမဖခင်က Coruña စပိန် ဆိပ်ကမ်းမှာ ရိုက်ယူခဲ့တာဖြစ်ပြီး မိမိတိုင်းပြည်ကို စွန့်လို့ လာတင်အမေရိကားကို ထွက်ခွာလာသူများ ကို ကိုယ်စားပြုကြောင်း

အဖေနဲ့သား လို့ အမည်ပေးထားတဲ့ ပုံလေးဟာ အာဂျင်တီးနားကို ထွက်ခွာမယ့် သင်္ဘောမှာ မပါဝင်ကြပဲ ကျန်ရစ်ခဲ့လို့ ငိုနေကြတဲ့ သားအဖအဖြစ် ပုံထဲမှာ တွေ့ရကြောင်း သို့သော် နောက်ပိုင်းမှာ အာဂျင်တီးနားကို မဟုတ်ပဲ သူတို့ သားအဖလည်းပဲ ဂလားဆီးယားကို စွန့်ခွာကာ ဉရောပကို ပို့ခံရသူများဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်မရဲ့ဖခင်ကို အမှတ်ရအောက်မေ့စေတဲ့ နေ့လေးတနေ့ဖြစ်ပါတယ် ဒီနေ့သူ့ကိုပိုသတိရပါတယ်။ သတိယထိုက်သူလည်း ဖြစ်ပါတယ်။ ဒါသူ့ကို ဂုဏ်ပြုတာပါ” လို့လည်း ပက်ထရစ်ရှာက ဆိုပါတယ်။

အိုးအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများရဲ့ဓာတ်ပုံများကို ပက်ထရစ်ရှာ၏ဖခင် မာနူအဲလ် ဖယ်ရိုးဟာ သူ့သက်တမ်းတလျှောက် အယ်လ်ဘမ် တခုနဲ့ အသေအချာ သိမ်းဆည်းလာခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးကို ဖူးတွေ့ရခြင်း နဲ့ သူမဖခင်ရဲ့ လက်ရာ အမှတ်ရပစ္စည်းကို လက်ခံခြင်းဟာ ပြောမပြနိုင်တဲ့ ပီတိနဲ့ သူမဖခင်ကို အသိအမှတ်ပြုရာရောက်ကြောင်းကိုလည်း ပက်ထရစ်ရှာက ပြောကြားခဲ့ပါတယ်။

 

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Rome Reports/google images 

https://bit.ly/3F31wcE

Add new comment

1 + 2 =