၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီး သီရိလင်္ကာနိုင်ငံကက်သလစ်အသင်းတော်မှ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်

၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီး သီရိလင်္ကာနိုင်ငံကက်သလစ်အသင်းတော်မှ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်

၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီး သီရိလင်္ကာနိုင်ငံကက်သလစ်အသင်းတော်မှ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်

၁၃နှစ်ကြာပြည်တွင်းစစ် အတွင်း ဖျက်ဆီးခံခဲ့ရသည့် Urani Palali ရှိ ပြန်လည်ပြုပြင်မွမ်းမံထားသည့် စိန့်အန်ထော်နီ ဘုရားကျောင်းကို သီရိလင်္ကာနိုင်ငံ Jaffna ဆရာတော် ဂျက်စတင်းဗားနာဒ် Gnanapragasam မှ ကောင်းချီးပေးပြီး အသစ်တဖန်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ တမီးလ်ကျားလွတ်မြောက်တော်လှန် ရေးသမားများ (LTTE) နှင့်ဖြစ်ပွားခဲ့ရသည့် စစ်ပွဲများအတွင်းတွင် အစိုးရစစ်တပ်များမှ ဘုရားကျောင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။ ထိုနေရာကို အထူးလုံခြုံရေးဇုံ အဖြစ်သတ်မှတ်ခံခဲ့ ရပြီး မည်သည့်ခရစ်ယာန်ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုမျိုးကိုမှ မလုပ်ဆောင်ရန် တားမြစ်ခံခဲ့ရပါတယ်။ နိုင်ငံတဝှမ်းမှ အကူအညီဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီး T.E Thevarajan ကဦးဆောင်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ကလေးသူငယ် ၄၆ ယောက် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူခြင်းအခမ်းနားနှင့် အတူ Fr.Thevarajan က ဦးဆောင်ကျင်းပခဲ့ပါတယ်။ "ဤဘုရားကျောင်းကို ပြာပုံကြားမှ ပြန်လည်နိုးထလာသည့် ဒဏ္ဍာရီ ဖီးနစ်ငှက်အသွင်ပုံစံ တည်ဆောက်ထားခြင်းဖြစ် ကြောင်း"ကို Jaffnaသာသနာဆိုင်ရာ လူထုဆက်သွယ်ရေး ဒါရိုက်တာ Fr.A.Anton က ပြောပြခဲ့ပါတယ်။ ဘုရားကျောင်းခေါင်မိုးဟာ အစိုးရစစ်တပ်​၏ ဖျက်ဆီးမှုကို စစ်ပွဲအပြီး ၂၀၀၉ ခုနှစ်တွင် ခံခဲ့ရပြီး နှစ်အနည်းငယ်အကြာတွင် ခရစ်ယာန်တို့​၏ ဝိဉာဏ်ရေးရာလိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်ရန် အစိုးရ​၏ ခွင့်ပြုချက်ဖြင့် ပြုပြင်ပြင်ဆင်ခဲ့သည်ဟု ဆရာတော် Gnanapragasam က ပြောပါတယ်။ သို့သော် ၂၀၁၂ ခုနှစ်တွင် အစိုးရ​၏ ဖျက်ဆီးမှု ုကိုခံရသဖြင့် လူထုနှင့်အတူ မိမိအား အလွန်ပင်စိတ်ပျက်အားလျော့စေခဲ့ကြောင်း ဆရာတော်ကြီးမှ ရင်ဖွင့်ခဲ့ပါတယ်။ ဤဘေးဒုက္ခများကပင် လူတွေအား St.အန်ထော်နီအားဆပ်ကပ်သည့် ဘုရားကျောင်းတဆောင် ဆောက်လိုသောငတ်မွတ်မှုကို ဖန်တီးပေးနိုင်ခဲ့သဖြင့် ၁၃နှစ်ကြာပြီးနောက်ဆုံးတွင် ချစ်ခြင်းနှင့် စည်းလုံးမှု ဖြင့် သာသာနာအုပ်စု ဘုရားကျောင်းကို ဆောက်လုပ်နိုင်ခဲ့ကြပြီ ဖြစ်သည်ဟု ဆရာတော်မှ မြွက်ကြားခဲ့ပါတယ်။ RVA နှင့် အင်တာဗျူးတွင် Fr.T.E Thevarajan က "၁၉၉၀ ခုနှစ်တွင် လူများစွာ နေရာပြောင်းရွှေ့ခံခဲ့ရပြီး ကွဲပြားခြားနားသော ယဉ်ကျေးမှုများနှင့် ရင်းရင်းနှီးနှီးရောနှောဆက်ဆံ ခံခဲ့ရသည်။ အားလုံးသောအတားအဆီးများနှင့် ပြောင်းရွှေ့ခံရမှုအကြား ရုံးကန်လှုပ်ရှားကြသော်လည်း သူတို့​၏ကိုယ်ပိုင်မြေပေါ်တွင် ဘုရားကြောင်းတဆောင်ဆောက်ရန် မျှော်လင့်ခဲ့ကြကြောင်း" ပြောပြပါာဟ၁ ယခုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့သော်လည်းလူထုအနေနှင့် သီရိလင်္ကာ စစ်တပ် သည် သူတို့​၏ ဒေသကို လွတ်လပ်ခွင့်အတွက် ဖြေလျော့ပေးရန်နှင့် နောင်မျိူးဆက်သစ်များအတွက်လည်း လွတ်လပ်မှုကို ရရှိနိုင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။ ဤဘုရားကျောင်းကို ၁၈၄၈ တွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သဖြင့် မကြာမှီတွင် ၁၇၅ နှစ်ပြည့် နှစ်ပါတ်လည်ကို ကျင်းပရတော့မည်ဖြစ်သည်။ ဤဘာသာသူအုပ်စု ဘုရားကျောင်းကို Mulavai ရှိ Our Lady of Holy Rosary ဘုရားကျောင်းနှင့် Valluvarpuramဒေသရှိ Our Lady Of Good Health ဝင် အခြားဘုရားကျောင်းများက ဝိုင်းရံထားသည်။ ဲဘာသာစုမိသားစုဝင် ၁၃၀ ရှိပြီး ကျောင်ထိုင်ဘုန်းတော်ကြီး အဆက်ဆက် ၂၅ ပါးက တာဝန်ထမ်းဆောင်ထားခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်မူ Father T.E Thevarajan က ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ထောက်ဘုန်းတော်ကြီး Fr.J.A Newman နှင့် အတူ ချစ်ခြင်း စောင့်ရှောက်ခြင်းစိတ်ဓါတ်တို့ဖြင့် သာသနာအုပ်စုကို ဦးဆောင်လျက်ရှိသည်။

မာကုစ် httpsး://

bit.ly/3y5laUQ

Add new comment

1 + 1 =