(၁၂) သား လက်သမားကောင်လေးသည် ယူကရိန်းနိုင်ငံမှကလေးများအတွက် ဒေါ်လာ (၃၀၀၀၀၀) ဖိုးရှာပေးနိုင်ခဲ့

(၁၂) သား လက်သမားကောင်လေးသည် ယူကရိန်းနိုင်ငံမှကလေးများအတွက် ဒေါ်လာ (၃၀၀၀၀၀) ဖိုးရှာပေးနိုင်ခဲ့

(၁၂) သား လက်သမားကောင်လေးသည် ယူကရိန်းနိုင်ငံမှကလေးများအတွက် ဒေါ်လာ (၃၀၀၀၀၀) ဖိုးရှာပေးနိုင်ခဲ့

 

            အသက် (၁၂) သာရှိသေးပြီး၊ လက်သမားအလုပ်ကိုစိတ်၀င်စားသော ကောင်လေး၏အမည်မှာ Gabriel Clark ဖြစ်သည်။ သူသည် ဘုရားပေးလာသော အစွမ်းအစကို ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်တွေ့ကျကျထုတ်သုံး၍ အခြား သူများကိုပင်ကူညီပေးနိုင်ပြီဖြစ်သည်။ သူ၏၀ါသနာမှာ တောင်ပေါ် ၌စက်ဘီးစီးရန်ကိုခုံမင်သူဖြစ်သည်။ ထို့အတူ သူ တတ်ကျွမ်းသော လက်သမားအစွမ်းဖြင့် ခွက်များ ပြုလုပ်၍ရောင်းချလိုစိတ်ပြင်းပြနေခဲ့သည်။ ထိုလက်မှုပစ္စည်းများ ရောင်း၍သူကိုယ်တိုင်ငွေရှာချင်သည်။

            သူ၏ဖခင် ရစ်ချက်ကလည်း သူ့သား၏စိတ်ကူး စိတ်သန်းကိုလက်တွေ့ လုပ်ဆောင်နိုင်ရန် အတွက် တွီတာမှ သူ့ သား၏အင်စတာဂရမ်ကို လိုက်ခ်၊ ရှဲလုပ်ပေးရန် သူငယ်ချင်းများအားလည်း အကူအညီ တောင်းပေးမည်ဟုတွေးနေခဲ့ သည်။ သားဖြစ်သူသည် လိုက်ကြည့်သူ (၆) ဦးမှသည် (၂၅၀၀၀၀) ဦးအထိတစ်ဟုန်ထိုးတက်သွားခဲ့သည်။ ကောင်လေး သည် စက်ဘီးစီးချင် သောသူ၏ ၀ါသနာကိုခေတ္တာခေါက်ထား၍ အများကိုကူညီနိုင်ရန် ငွေရှာဖွေရေးကိုဦးစားပေးလုပ် ဆောင်ခဲ့သည်။

            သူ၏လက်မှုပစ္စည်းအခု (၂၀၀၀၀) ကို၀ယ်ယူမည့်သူပေါ်လာပြီဖြစ်သည်။ သားဖြစ်သူမှာ အသက်လည်းငယ်ပြီး၊ စိတ်မငြိမ်သောကြောင့် လုပ်ချင်စိတ်ပေါ်လာမှသာလုပ်ပြီး စိတ်မပါပါက မလုပ်ဘဲပစ်ထားမည်ဖြစ်၍ ယခု၀ယ်ယူရန်စာ ရင်းပေးထားသောအရေးအတွက်ပြည့်ရန်မှာ (၃၂) နှစ်မျှကြာမည်ဟုတွေးထင်ခဲ့သည်။ သူသည် ပထမဦးဆုံးသစ်သား ခွက်တစ်ခုကို ‘ယူကရိန်းအတွက်’ ဟုရည်စူးကာ လက်ရာကျနစွာလုပ်ပြလိုက်သည်။ ထိုသစ်သားခွက်၌ လက်စွပ်နှစ်ကွင်း ကိုလည်း ယူကရိန်းနိုင်ငံအလံ၏အရောင်ဖြစ်သော ‘အပြာနှင့်အ၀ါ’ ဆိုးလိုက်သည်။ ထို့နောက် မဲလိပ် (၁၄၀၀၀) ထဲ ထည့်လိုက်၏။ ထိုကောင်လေး၏ လက်ရာကိုမဲပေါက်သူမှာ Renuka Chapman ဖြစ်သည်။ သူမဲ ပေါက်ကြောင်းကို လက်သမားကောင် လေးက ဖုန်းဖြင့်ဆက်သွယ်လာချိန်၌ အလွန်စိတ် လှုပ်ရှား သွားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မဲနှင့်ပတ်သက်လာ လျှင် သူ့ဘ၀၌တစ်ခါမျှ မပေါက်ဖူး ခဲ့ကြောင်း၊ ယခုပေါက်သော သစ်သားခွက်သည် သူ့အတွက် အလွန်တန်ဖိုးကြီးသော ပိုင်ဆိုင်မှု ကြီးဖြစ်ပေမည်။ ဤဆုမဲသည် မျှော်လင့်ခြင်း၊ ကြင်နာခြင်းနှင့်စာနာခြင်းကိုကိုယ်စား ပြုသည်။ ဂုဏ်ယူစွာဖြင့် သူ၏အိမ်၌ထားမည်ဟုဆိုပါသည်။

            လက်သမားကောင်လေးမှာလည်း မထင်မှတ်ဘဲ ရလိုက်သောရံပုံငွေအတွက် အပျော် လွန်ပြီးတုန်ရီနေရှာသည်။ ယခုကဲ့ထင်မှတ်မထားသော အားပေးထောက်ခံမှုကြောင့်သူသည် အလွန်အမင်းအံ့အားသင့်သွားခဲ့ရကြောင်း၊ မျှော်ထား ခဲ့သည်မှာ ဒေါ်လာ (၅၀၀၀) ခန့်မျှသာဖြစ်သည်။ ထိုရသောငွေကို ‘Save the Children’ အဖွဲ့အားလှူဒါန်းပြီး ပဋိပက္ခများကြောင့် အစားအစာ၊ ရေ၊ လုံခြုံသောအိပ်ယာများအတွက်ပံ့ပိုးပေးရန်ဖြစ်သည်။

 

            လက်သမားကောင်လေးနှင့်တွေ့ဆုံမေးမြန်းရာ၌ သူ၏အတွေ့အကြုံကို ခရေတွင်း စေ့ရှင်းပြခဲ့သည်။ သစ်သားကို လုပ်ကိုင်ရသည်မှာ သူ့အားအဘယ်သို့စိတ် ငြိမ်စေသည့် အကြောင်း ကိုလည်းရှင်းပြသည်။ စိတ်ငြိမ်စေရုံမျှမဟုတ်တော့ဘဲ လူသိများသော လက်သမားတစ်ဦး အဖြစ် လည်းကောင်းဖြစ်စေခဲ့ကြောင်း၊ ပညာသင်ကြားနေဆဲ လက်သမားကောင်လေး သည် အလွန်နှိမ့် ချတတ်ပုံရသည်။ အခြားသူများကိုကူညီပေးရသည့်အတွက်လည်း အလွန်ကျေနပ်နေပုံလည်းရသည်ဟုဆိုသည်။   

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38qS3kw

Add new comment

15 + 0 =