၁၂ ဆက်​ကြိမ်မြောက် ပုပ် ပီဦး၏ မော်ကွန်းတိုက် ဗာတီကန်တွင် ဖွင့်လှစ်

၁၂ ဆက်​ကြိမ်မြောက် ပုပ် ပီဦး၏ မော်ကွန်းတိုက် ဗာတီကန်တွင် ဖွင့်လှစ်

၁၂ ဆက်​ကြိမ်မြောက် ပုပ် ပီဦး၏ မော်ကွန်းတိုက် ဗာတီကန်တွင် ဖွင့်လှစ်

ဗာတီကန်မှာ ၁၂ ကြိမ်မြောက်ပုပ်ရဟန်းမင်းကြီး ပီဦး နှင့်ပတ်သက်သော ၁၉၃၉ မှ ၁၉၅၈ အတွင်းက သမိုင်းဝင်မော်ကွန်းတိုက်ကို စာတမ်းပြုစုသူများအတွက် အခွင့်အလမ်း တရပ်အဖြစ် မတ်လ ၂ရက်နေ့က ဖွင့်လှစ်လိုက်ပါသည်။
ယခုလို ဖွင့်လှစ်မည့်အကြောင်းကို ၂၀၁၉ မတ်လ ၄ရက်နေ့တွင် ပုပ်ဖရန်စစ်က ပဌမ ကြေငြာခဲ့ပြီး ဖြစ်ပါသည်။
အထက်ပါ ပုပ် ပီဦး၁၂ ၏ မော်ကွန်းတိုက်မှာ လေ့လာဖတ်မှတ်စရာ စာအုပ်ရေ ၂၀၀၀၀ခန့်ရှိကြောင်း
ဗာတီကန် တမန်တော်ကြီးများ တို့၏ မော်ကွန်းတိုက် မှ တနင်္လာနေ့ထုတ်ပြန်ချက်အရ ယခု မော်ကွန်းတိုက်အတွက် စာအုပ်ပေါင်းများစွာဟာ ကွန်ပြူတာ အင်တာနက် အီးဘုတ်ခ် တို့မှ ဖတ်ရှုနိုင်သည့် ဒီဂျစ်တယ် ပုံစံနဲ့ သိမ်းဆည်းထားကြောင်း
ယခုလို မော်ကွန်းတိုက်အားဖွင့်ချ ပေးရခြင်းသည် ပညာတော်သင် စကော်လာ များအတွက် အခုချိန်ထိ မရနိုင်သေးသော အချက်အလက်များအား ပို၍လေ့လာနိုင်ရန်ဖြစ်သည်ဟုဆိုပါသည်။

အာဗီအေမြန်မာ ဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/3aII0mL

 

 

Add new comment

2 + 10 =