(၁၀) ကြိမ်မြောက် ကမ္ဘာ့မိသားစုအစည်းအ‌ေ၀းကြီးအတွက် တရား၀င်ပုံအသုံးပြုမည့်ပုံကိုရိုက်နှိပ်ထုတ်‌ဝေ

(၁၀) ကြိမ်မြောက် ကမ္ဘာ့မိသားစုအစည်းအ‌ေ၀းကြီးအတွက် တရား၀င်ပုံအသုံးပြုမည့်ပုံကိုရိုက်နှိပ်ထုတ်‌ဝေ

(၁၀) ကြိမ်မြောက် ကမ္ဘာ့မိသားစုအစည်းအ‌ေ၀းကြီးအတွက် တရား၀င်ပုံအသုံးပြုမည့်ပုံကိုရိုက်နှိပ်ထုတ်‌ဝေ

            ယခုမြင်တွေ့ရသော ပန်းချီကားသည် နောက်နှစ် (ဇွန် ၂၂-၂၆၊ ၂၀၂၂) တွင်ကျင်းပမည့် (၁၀) ကြိမ်မြောက် ကမ္ဘာ့မိ သားစုအစည်းအ‌ေ၀းကြီးအတွက်အသုံးပြုမည့်ပုံဖြစ်သည်။ ရေးဆွဲသူမှာ ပန်းချီဆရာလည်းဖြစ်ပြီး၊ ဓမ္မတွေးခေါ်ပညာရှင် လည်းဖြစ်သောဖာသာရ် Marko Ivan Rupnik ဖြစ်သည်။ သူအဘယ်သို့သောစိတ်ကူးစိတ်သန်းဖြင့်ရေးဆွဲခဲ့ သည်ကိုအောက်ပါ အတိုင်းရှင်းပြထားသည်။   

            ဦးဆုံးအာရုံရလာသည်မှာ အလွန်ကြီးမြတ်သော Sarug မှဖာသာ Jacob ဖြစ်သည်။ သူသည် မိုးဇက်၏မျက်နှာတော်ကို ဖုံးတော်ခြုံလွှာကိုရေးဆွဲခဲ့သူဖြစ်သည်။ ကျွန်ုပ်က အမျိုးသားနှင့်အမျိုးသမီးအကြောင်းကိုပြောဆိုနေသည်။ သူတို့သည် ခရစ္စ တူးနှင့်လူသားစုကဲ့သို့လည်းကောင်း၊ ခရစ္စတူးနှင့်သာသနာကဲသို့လည်းကောင်း နှစ်ဦးတစ်သားတည်းပေါင်းစည်းသွားကြမည့် သူများဖြစ်သည်။ ခရစ်ယာန်များအတွက်မှာ မိသားစုသည် စက္ကရာမင်တူးကိုဖော်ပြနေသောနေရာ၊ ထိုစက္ကရာမင်တူးကား လက် ထပ်ထိမ်းမြှားခြင်းဖြစ်သည်။ ထို့ကြောင့် ဧ၀ဂေလိကျမ်းလာအကြောင်းအရာဖြစ်သော ‘ကာနာမြို့’ လက်ထပ်ပွဲကိုနောက်ခံအ ဖြစ်ထားရှိခြင်းဖြစ်သည်။

           ပုံတော်ထဲ၌ တမန်တော်ပေါလုသည် စပျစရည်ငဲ့ထည့်နေသည်ကိုလည်းမြ်ငတွေ့ရမည်ဖြစ်သည်။ ၄င်း ၏ဆိုလိုရင်းမှာ ‘လူသား၏တည်ရှိခြင်းကိုပွေ့ဖက်ချစ်မြတ်နိုးခြင်း’ ကိုဆိုလိုသည်။ တမန်တော်ပေါလုသည် စပျစ်ရည်ကိုကမ်းပေးနေသည်။ အ ဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည် ဧဖက်ဆုပ်စ်မြို့သားများထံရေးသားပေးပို့သော ဩ၀ါဒစာ (အခန်းကြီး ၅) ၌ ‘ဤ နက်နဲချက်သည် ကြီးမြတ်တော်မူ၏’ ဟုမိန့်ကြားထားသည်။ တမန်တော်ပေါလုသည် ခရစ္စတူးနှင့်သာသနာတော်အကြောင်းကို မိန့်ကြားထားသည်။ ထိုနက်နဲရာအချက်သည် အမျိုးသားနှင့်အမျိုးသမီးတို့ခံယူသောလက်ထပ်ထိမ်းမြှားခြင်း၏အခြေခံတရား (အုတ်မြစ်) ဖြစ်သည်။ ပန်းချီကားကို ‘ဤနက်နဲရာသည် ကြီးမြတ်တော်မူသည်’ ဟုပေးထားကြောင်း၊ ဤပန်းချီကားသည် ဆု တောင်းခြင်းနှင့်လိုဂို (ကိုယ်စားပြုပုံ) ပြီးလျှင် (၂၀၂၂) ခုနှစ်၌ကျင်းပမည့် ကမ္ဘာ့မိသားစုအစည်းအ‌ေ၀းအတွက် မိသားစုများ မှကြိုတင်၍ပြင်ဆင် ထားနိုင်ရန်တရားအလင်းပေးသော တတိယဆင်ခြင်ထောက်ရူစရာဖြစ်သည်။ 

https://bit.ly/3fmiOHe

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

19 + 1 =