Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
၁၀၈ နှစ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့အတွက် ဆောင်ပုဒ်ကို ထုတ်ပြန်ကြေညာခြင်း
၁၀၈ နှစ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနေ့အတွက် ဆောင်ပုဒ်ကို ထုတ်ပြန်ကြေညာခြင်း
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည့် ၁၀၈ နှစ်မြောက် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများနေ့အတွက် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ အနာဂတ်ကို တည်ဆောက်ခြင်း ဆိုတဲ့ဆောင်ပုဒ်ကိုရွေးချယ်ခဲ့ပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအား ထောက်ပံ့ကူညီမှုနှင့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြသရန်၊ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင်များအား ပဋိပက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအတွက် အောက်မေ့သတိရ ဆုတောင်းမေတ္တာပို့ရန် နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံးတနင်္ဂနွေနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ ရွှေ့ပြောင်းခြင်းဆိုင်ရာ အခွင့်အလမ်းများ။ ၁၉၁၄ ခုနှစ်တွင်ပထမဆုံးကျင်းပခဲ့ပါတယ်။
ဗာတီကန်ရဲ့လူသားဘက်စုံ ဖွဲ့ဖြိုးတိုးတက်မှုလုပ်ဆောင်အဖွဲ့အရ ဒီနှစ်ရဲ့ ဆောင်ပုဒ်က အထူးမီးမောင်းထိုးပြနေတာကတော့ ကျွန်ုပ်တို့တွေအားလုံး တစိုက်မတ်မတ်နဲ့ မည်သူ့ကိုမျှ မချန်ထားဘဲ ဘုရားသခင်၏ စီမံကိန်းမှာ အားလုံး အနာဂတ်ကို ဝေမျှလုပ်ဆောင်ဖို့ဖြစ်ကြောင်း
ဒီလိုတည်ဆောက်ခြင်း ဆိုတာက အနာဂတ်ကို တည်ဆောက်ရာတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ ပါဝင်ရမည့် အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ အကြောင်းမှာ ဤနည်းဖြင့်သာ လူသားအားလုံး၏ တစ်သားတည်းသော လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေများကို သေချာစေမည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့်လို့ဆိုပါတယ်။
အခန်းငယ်ခြောက်ခုပါ၀င်သည့် ပုပ်ဖရန်စစ်၏ သဝဏ်လွှာတွင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည် လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ တိုးတက်မှုအတွက် လက်ရှိမှာရော အနာဂတ်မှာရော အသင်းတော်အဖွဲ့အစည်းမှာ ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာ ဆွေးနွေးအဖြေရှာမှာဖြစ်ကြောင်း
နှစ်စဉ်ကဲ့သို့ပင်၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကဏ္ဍသည် မာလ်တီမီဒီယာအကူအညီများ၊ သတင်းအချက်အလက် ဆိုင်ရာပစ္စည်းများနှင့် ဓမ္မဆိုင်ရာ သုံးသပ်ချက်မှတစ်ဆင့် ဆောင်ပုဒ်နှင့် အကြောင်းအရာခွဲများကို ပိုမိုလေးနက်စွာနားလည်လာစေရန်အတွက် ရည်ရွယ်ပြီး မတ်လကုန်တွင် စတင်သည့် ဆက်သွယ်ရေးစည်းရုံးမှုကို လုပ်ဆောင်မှာဖြစ်ပါတယ်။
ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3hlyEm3
Add new comment