၀ါရှင်တန်ပိုစ့်သတင်းစာနှင့်တွီတာ၌ ဂျိုးဘိုင်ဒင်အား ‘ကက်သလစ်အရမ်းဆန်သောသမ္မတ’ ဟုလှောင်ထား

၀ါရှင်တန်ပိုစ့်သတင်းစာနှင့်တွီတာ၌ ဂျိုးဘိုင်ဒင်အား ‘ကက်သလစ်အရမ်းဆန်သောသမ္မတ’ ဟုလှောင်ထား

၀ါရှင်တန်ပိုစ့်သတင်းစာနှင့်တွီတာ၌ ဂျိုးဘိုင်ဒင်အား ‘ကက်သလစ်အရမ်းဆန်သောသမ္မတ’ ဟုလှောင်ထား

            ၀ါရှင်တန်ပိုစ့်သတင်းစာမှ လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒင်အား ‘ကက်သလစ်အရမ်းဆန်သောသမ္မတ’ ဟု လှောင်ပြောင်ရေးသားထားခြင်းနှင့်ပတ်သက်၍ အမာခံကက်သလစ်ဘာသာ၀င်များက ပြန်လည်တုန့်ပြန်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဂျိုးဘိုင်ဒင်သည် ကက်သလစ်တစ်ဦးဖြစ်နေသော်လည်း သန္ဓေဖျက်ချခြင်းကိုအားပေးသော ကြောင့်အမေရိကန် ကက်သလစ်ဆရာတော်ကြီးများ၏ ထောက်ပြမှုကိုခံနေရသည်။  

            ကက်သလစ်မဲဆွယ် စည်းရုံးရေးအဖွဲ့၏ ဥက္ကဌဖြစ်သော Brian Burch က ဂျိုးဘိုင်ဒင်ကက်သလစ်ဖြစ်ခြင်းကို သတင်းစာကကိုးကားရေးသားလှောင်ပြောင်ခြင်းကို‌ဝေဖန်ထားသည်။ ဂျိုးဘိုင်ဒင်၏သတင်းရေးရာအတွင်းရေးမှူးက သူ့အား ‘အလွန်ဘုရားတရားရှိသူ’ ဟုသုံးနှုန်းထားသည်။ ထိုအချက်ကို ၀ါရှင်တန်ပိုစ့်သတင်းစာက ဂျိုးဘိုင်ဒင်သည် သူ သက်၀င်ယုံကြည်သောဘာသာတရား၏သွန်သင်ချက်နှင့်အနည်းငယ်မျှပင် အတိမ်းအစောင်းမခံသော ‘အလွန်ကက်သလစ်ဆန်သည့်သမ္မတ’ ဟုသုံးနှုန်းထားသည်။   

            ဆယ်စုပေါင်းများစွာ နိုင်ငံအကြီးအကဲများသည် ‘အပြစ်မဲ့သောလူ့အသက်ကို’ ကာကွယ်ရန် ကက်သလစ်သာသနာတော်ကြီး၏တောင်းဆိုချက်ကို လစ်လျူရူခဲ့ကြသည်။ ထိုလစ်လျူရူခဲ့သည့်ကိစ္စကြောင့် ယခုကက်သလစ်သမ္မတက သူ သက်၀င်ယုံကြည်သော ဘာသာတရား၏သွန်သင်ချက်အပေါ် ရပ်တည်မှုအရိပ်အယောင်ပြသလာသည် ပုံကြီချဲ့ကား၍ မကောင်းမူကိုကျူးလွန်သည့်အလား‌ဝေဖန်တိုက်ခိုက်နေကြကြောင်း၊ ဤသို့‌ဝေဖန်တိုက်ခိုက်ခြင်းသည် အပြစ်မဲ့၊ အကာ အကွယ်မဲ့  သော မမွေးဖွားသေးသည့်ကလေးများ၏အသက်ကို သတ်ဖျက်နေခြင်းဖြစ်ကြောင်း၊ အကယ်၍ သန္ဓေတားခြင်း ကိုကန့်ကွက်ပါက သန္ဓေဖျက်ချရန်ကုန်ကျစရိတ်ကို သန္ဓေဖျက်ချခြင်းကိုအားပေးထောက်ခံသူများက ကုန်ကျရန်လည်း တိုက်တွန်းထားသည်။   

            ဧပြီလ (၂၉) ရက်နေ့ထုတ် ၀ါရှင်တန်ပိုစ့်သတင်းစာ၌ ကက်သလစ်သာသနာတော်အတွင်း နိုင်ငံရေးရပ်တည် ချက်နှင့်ပတ်သက်၍ နက်ရှိုင်းသော သဘောထားကွဲလွဲမူများရှိနေကြောင်းဖော်ပြထားသည်။ အထူးသဖြင့် သန္ဓေဖျက်ချ ခြင်းကို ပါတီ၏မူ၀ါဒအရ ထောက်ခံသော လက်ရှိသမ္မတဂျိုးဘိုင်ဒင်အား ကိုယ်တော်မြတ်ပင့်ယူခွင့်ပြုခြင်းနှင့်ပတ် သက်သောအချက်သည် အလွန်လူပြောများသောအကြောင်းအရာဖြစ်နေကြောင်း၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ တရား၀င်စာထုတ်ပြန်ရန်မှာ အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအနက် သုံးပုံနှစ်ပုံ၏ထောက်ခံချက်လိုအပ် ကြောင်း၊ သို့သော် ကျွမ်းကျင်သူများ၏အဆိုအရ ထိုမျှလောက်သောထောက်ခံမူကို ဆရာတော်ကြီးများထံမှရနိုင်မည်မ ဟုတ်ကြောင်း၊ အကယ်၍ဆရာတော်ကြီးများက အားကျိုးမာန်တက်ပြောဆိုကြမည်ဆိုပါလျှင် ကက်သဘစ်ဘာသာတူ များအနေဖြင့် သန္ဓေဖျက်ချခြင်းမပြုရန်စိတ်ထားပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ကြောင်း၊ သို့သော် သတင်းစာသည် ဤအကြောင်းအရာမျှလောက်ကိုဖော်ပြရေးသားခြင်းမဟုတ်ဘဲ ဤအကြောင်းအရာပေါ်ဖိအားပေးလွှမ်းမိုးရန်ရည်ရွယ် ရေးသားနေကြောင်း Brian Burch ကသုံးသပ်ထားသည်။

            Brian Burch ကဆက်လက်၍ သမ္မတဂျိုးဘိုင်ဒင်၏ ကက်သလစ်သာသနာတော်ကြီး၏သွန်သင်ချက်နှင့်ဆန့် ကျင်၍လုပ်ဆောင်ချက်များကိုလည်းထောက်ပြထားသည်။ ထို့အတူ ကက်သလစ်အဖွဲ့အစည်းမူ၀ါဒရေးဆွဲရေးရာအကြံ ပေးတစ်ဦးဖြစ်သော Grazie Pozo Christie ကလည်း ကက်သလစ်သာသနာတော်ကြီး၏သွန်သင်ချက်နှင့်သွေဖီသော သမ္မတဂျိုးဘိုင်ဒင်၏လုပ်ရပ်များကိုရှုံ့ချထားသည်။ ဂျိုးဘိုင်ဒင်သည် သူ့ကိုယ်သူဘာသာတရားကိုင်းရှိုင်းသူတစ်ဦးအဖြစ် ထုတ်ဖော်၀န်ခံသကဲ့သို့ နိုင်ငံရေးဇာတ်ခုံ၌မူ သူယုံကြည်သောသာသနာတော်ကြီး၏သွန်သင်ချက်နှင့်လုံး၀ဆန့်ကျင်သော လုပ်ရပ်ကိုပွင့်လင်းစွာချိုးဖောက်ပြနေသည်။ ထို့ကြောင့် ရှုပ်ထွေးမူကိုဖြစ်ပေါ်စေသည်။

            Grazie Pozo Christie ၏အမြင်က ယခုဂျိုးဘိုင်ဒင်၏လှေနှံနှစ်ဖက်နင်းနေခြင်းအပေါ် အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေဖြင့် အမေရိကန်ကက်သလစ်ဘာသာတူများအပေါ် ဘာသာရေးသွန်သင်ချက်နှင့် ပတ်သက်၍‌ေ၀၀ါးရှုပ်ထွေးသွားစေမည်ကိုစိုးရိမ်နေကြကြောင်း၊ ဤအခြေအနေကိုတုန့်ပြန်ရန်မှာ ဆရာတော်တစ်ပါး စီနှင့်သာဆိုင်ကြောင်းမှတ်ပေးခဲ့သည်။  

            သမ္မတဂျိုးဘိုင်ဒင်၏ သမ္မတဖြစ်လာပြီး ရက်ပေါင်း (၁၀၀) ပြည့် လူထုမိန့်ခွန်းအပေါ် ယခင်ဒီမိုကရက်တစ်အမတ်ဖြစ်ခဲ့သော Daniel Lipinski က EWTN သတင်းဌာန၏မေးမြန်းချက်ချက်၌ ‘ကက်သလစ်များအနေဖြင့် ကွဲပြားနေရမည်။ တစ်ဦးစီ၏တန်ဖိုးကို ကက်သလစ်များသည် နားလည်ရန်တာ၀န်ရှိသည်။ ထိုတန်ဖိုးကို လူ့အသိုင်းအ၀ိုင်း၌ ရှင်သန်ပြသရမည်။ ကျွန်ုပ်တို့သည် ပထမဦးဆုံး ကက်သလစ်ဖြစ်ရမည်’ ဟုဖြေကြားခဲံသည်။ သမ္မတ၏မိန့်ခွန်း၌ သန္ဓေ ဖျက်ချခြင်းနှင့်ပတ်သက်၍ ထရမ့်အစိုးရလက်ထက်တွင် ရေးစွဲပြဌာန်းခဲ့သောစီမံချက်များအားလုံးကိုပြောင်းပြန်လှန်ပစ် လိုက်သည်။ 

 
 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy of : The Newyork times
 
 

Add new comment

2 + 4 =