၀ါရှင်တန်ဒီစီသာသနာအုပ်စုလည်းအစားအစာလိုအပ်သူများကိုထောက်ပံ့ ရန်ပြင်ဆင်ထား

၀ါရှင်တန်ဒီစီသာသနာအုပ်စုလည်းအစားအစာလိုအပ်သူများကိုထောက်ပံ့ ရန်ပြင်ဆင်ထား

၀ါရှင်တန်ဒီစီသာသနာအုပ်စုလည်းအစားအစာလိုအပ်သူများကိုထောက်ပံ့ ရန်ပြင်ဆင်ထား

၀ါရှင်တန်ဂိုဏ်းချုပ်သာသနာ ၌လည်း ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်ဘာသာတူများနှင့်မ စ္ဆားပူဇော်ခြင်းကိုဆက်လက်ပိတ်ထားသော်လည်းဘုရားကျောင်း ထိုင်ခုံများသည်လွှတ်
မနေပေ။ အဘယ်ကြောင့်ဆိုသောကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သာသနာအုပ်စုအတွင်းမှဘာသာတူများ၊ ရွှေ နှလုံးတော်သာသနာအုပ်စု၏အကျိုးတော်ဆောင်များကအခြေခံစားစရာများထည့်ထားသည့်အထုတ် ပေါင်း (၅၀၀) ကိုပြင်ဆင်ပြီး၊ ဤကိုဗစ် (၁၉) ကပ်ဘေးဆိုးကာလ၌ကြပ်တည်းသောမိသားစုများ၊ အ လုပ်လက်မဲ့ဖြစ်သွားသူများ၊ နေထိုင်မကောင်းဖြစ်နေသူများအားကူညီရန်ဖြစ်သည်။ ကျောင်းထိုင်ဖြစ် သောဖာသာရ် Emilio Biosca Aguero ကလိုအပ်ချက်သည်အရေးကြီးနေသည်။ ပြောင်းရွေ့အလုပ်သ မားများ၀ါရှင်တန်ဒီစီသို့ရောက်လာကြသောအခါရွှေနှလုံးတော်ဘုရားကျောင်းနှင့်သာသနာအုပ်စုသည် သူတို့အတွက်ခရီးတစ်ထောက်နားရာနေရာနှယ်ဖြစ်နေကြောင်း၊ ဤကပ်ရောဂါဆိုးကြီးသည်သာသနာ အုပ်စုအားလည်းအတော်ဆိုးရွားစွာရိုက်ခတ်သွားခဲ့ကြောင်း၊ ကပ်ရောဂါဆိုးစဖြစ်သည်နှင့်လုပ်ငန်းရှင် များလည်းလုပ်ငန်းရပ်နားလိုက်ကြသောကြောင့်အလုပ်လက်မဲ့တိုးလာခဲ့သည်။ အချို့အလုပ်သမားများ သည်စာရွက်စာတမ်းလည်းမရှိ။ မပြည့်စုံ။ ထို့ကြောင့်အခြားအလုပ်ကိုရှာဖွေလုပ်ကိုင်ရန်လည်းမဖြစ်။ အချို့ကားကိုဗစ် (၁၉) ကူးစက်ခံခဲ့ရသည်။ သာသနာအုပ်စုမှပြင်ဆင်ထားသောအထုတ်များထဲ၌စားစ ရာမျှသာမဟုတ်။ ၀ိညာဉ်ရေးအတွက်ကိုလည်းပြုလုပ်စေလို၍စိပ်ပုတီးများ၊ ဆုတောင်းကဒ်များ၊ အ စားအစာဝေသောနေရာ၊ မိမိ၌ရောဂါရှိမရှိအခမဲ့စမ်းသောနေရာများ၏လိပ်စာများကိုလည်းထည့်ထား ပေးကြောင်း သတင်းဌာနတစ်ခုအားဖြေကြားခဲ့သည်။

ရွှေနှလုံးတော်သာသနာအုပ်စုမှဘာသာတူတစ်ဦးက ဘုရားကျောင်းသည်ပိတ်ထားသော်လည်း ကျွန်ုပ်တို့သည်အတူတကွမရှိနိုင်သော်လည်းယခင်ကကဲ့သို့အတူ တကွရှိနေကြောင်း၊ ရွှေနှလုံးတော်ဘုရားကျောင်းသည်အလွန်ကြီးကြောင်း၊ ထို့ကြောင့်ရောဂါခံစားနေရသူများနှင့်အလုပ်လက်မဲ့ဖြစ်သွားကြ သူများနှင့်မျှ‌ေ၀ခံစားလျှက်ရှိကြောင်း၊ ဤလုပ်ရပ်သည်ယခုလက်ရှိ၌အလိုအပ်ဆုံးဖြစ်နေကြောင်း၊ လက်ရှိ၌ကိုယ်တော်မြတ်ပင့်ယူရန်မဖြစ်နိုင်သောအခြေအ နေ၌ကိုယ်တော်မြတ်မပင့်ရသော်လည်းမိမိ တို့၏ယုံကြည်ခြင်းကိုတည်ကြည်မြဲမြံအောင်အဘယ်သို့တည်ဆောက်အားမွေးရမည်ကိုထည့်သွင်းစဉ်း စားစေလိုကြောင်း၊ အစားအစာထုတ်များကိုဝေရာတွင်လည်းကျန်းမာရေး၀န်ကြီး၏လမ်း ညွှန်ချက်အ တွင်းသုံးပေ၊ ခြောက်ပေခွာ၍ဝေပေးကြောင်း၊ ထို့အတူအိမ်တိုင်ရာအရောက်လည်းသွားရောက်ဝေ ပေးကြောင်း၊ သူသည်သူနာပြုတစ်ဦးလည်းဖြစ်သောကြောင့်လိုအပ်ချက်နားလည်သင့်သလောက်နား လည်ပါကြောင်း Cerezo-Allen ကဖြေကြားခဲ့သည်။

Monica Zevallos လည်းရွှေနှလုံးတော်သာသနာအုပ်စုမှဖြစ်ပြီး၊ သာသနာအကျိုးဆောင်တစ်ဦး လည်းဖြစ်သည်။ ဤအစားအစာများဝေပေးနိုင်ရန်စီစဉ်ခဲ့ကြောင်း၊ သူအနေဖြင့်အသင်းအဖွဲ့နှင့်အကူ အညီလိုအပ်သူများအားကူညီရသည်ကိုဂုဏ်ယူကြောင်း၊ ဤသာသနာအုပ်စုသည်ရှင်သန်နေသောသာ သနာအုပ်စုဖြစ်သည်။ ဘုရားကျောင်းသို့ပုံမှန်လာပြီး၊ ပြန်ရုံမျှသောသာသနာအုပ်စုမဟုတ်။ သာသနာ အုပ်စုအတွင်း၌လည်းအလှူငွေများကောက်ခံပေးသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့ကူညီနိုင်သော အခြေအနေဖြစ်သည်။

မိမိတို့နိုင်သလောက်ပါ၀င်လှူဒါန်းသည်ကိုမြင်ရခြင်းသည်အလွန်ကျေနပ်ရ သည်။ ဤသို့အားဖြင့်ဤအစားအစာထုတ်များကိုပြည့်အောင်၊ ပွားအောင်လုပ်နိုင်ခြင်းဖြစ်သည်။ ဤအစီအစဉ်အတွက်တက်ကြွလှုပ်ရှားသောဘာသာတူနှစ်ယောက်လုံး၏မှတ်ချက်၌ သာသနာ အုပ်စုအတွင်းရှိဘာသာတူအားလုံးနီးပါးဤအစီအစဉ်ဖော်ဆောင်ရာ၌မိမိတို့တတ်နိုင်သမျှထည့်၀င်လှူ ဒါန်းကြောင်း၊ ကက်သလစ်ဖြစ်သောကြောင့်ဆုတောင်းရုံသာမဟုတ်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုလုပ် ဆောင်မူဖြင့်အသက်သွင်းရသည်။ ဤသို့အားဖြင့်ယေဇူးသခင်သည်၄င်းတို့ကိုချစ်သည်၊ ယေဇူးသခင် သည် ၄င်းတို့နှင့်လျှောက်လှမ်းနေသည်၊ ဤအစားအစာထုတ်သည်ယေဇူးသခင်၄င်းတို့အားကျွေးမွေး နေသည်ဟုသိရှိခံစားစေမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: Parish of the Sacred Heart, Washington, DC. 

https://bit.ly/2Z3owX1

Add new comment

5 + 2 =