၀ါတွင်းကာလတစ်လျှောက် ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သောမြေမှဖရန်စ္စကင်များခရူးစူးကားတိုင်လှည့်ခြင်းကိုထုတ်လွှင့်မည်။

၀ါတွင်းကာလတစ်လျှောက် ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သောမြေမှဖရန်စ္စကင်များခရူးစူးကားတိုင်လှည့်ခြင်းကိုထုတ်လွှင့်မည်။

သန့်ရှင်းသောမြေဟုတင်စားသုံးနှုန်းလေ့ရှိသော ယေဇူးသ ခင်မွေးဖွားသန့်စင်သောမြေရှိ အမိကက်သလစ်သာသနာပိုင်အဆောက်အဦးများ၊ နေရာများကိုစောင့်ရှောက်ထိန်း သိမ်းရန် သာသနာမှဖရန်စ္စကင်အသင်းအားအမှုတော်ပေး အပ်ထားသည်။ ထို့ ကြောင့် ၄င်းတို့အား ‘သန့်ရှင်းသောမြေကိုစောင့်ရှောက်ထိန်းသိမ်းသူ’ ဟုဂုဏ်ပြုသုံးနှုန်းကြသည်။ ဝါတွင်းကာလ၌ ကက် သလစ်ဘာ သာ၀င်များသည် ယေဇူးသခင်၏ကားတိုင်လမ်းကို နေ့စဉ်၊ အပတ်စဉ်လျှောက်လေ့ရှိသည်။ ထို့ကြောင့်ယခင်နှစ်မှစ၍ ၀ါ တွင်းကာလ၌ ကားတိုင်လမ်းကို ဘုရားဖူးများနှင့်အတူလျှောက်ရန်စတင်ခဲ့သည်။ သို့သော်ကိုးဗစ်ကူးစက်မြန်ရောဂါကြောင့်ဘုရားဖူး များလည်းမလာရောက်နိုင်။ ထို့ကြောင့်ယခင်နှစ်ကကဲ့သို့တိုက်ရိုက်ထုတ်လွှင့်နိုင်ခြင်းမရှိတော့ပေ။ ထို့ ကြောင့်လေလှိုင်းမှတဆင့် ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ကျန်းမာရေးအခြေအနေအရ ယေဇူးသခင်၏ခြေတော်ရာတစ်လျှောက် ကားတိုင်လမ်း မလျှောက်နိုင်သော်လည်း ဝေး ကွာနေသည်ဟုမခံစားစေဘဲ အနီးအပါး၌ရှိသကဲ့သို့ခံစားရစေရန်နည်းပညာအကူအညီဖြင့်လိုင်းမှထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။ ထို့ ကြောင့်၀ါတွင်း၌ ‘သောကြာ’ နေ့တိုင်းယေဇူးသခင်လျှောက်ခဲ့သော ဂျေရူဆလင်မှကာလ်၀ါရီတောင် ထိပ်ခရူးစူးကားတိုင်လမ်း ကိုထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ဤသို့စီစဉ်ပေးရခြင်းမှာ ယေဇူးသခင်၏ လွန်ခဲ့သော နှစ်ပေါင်း (၂၀၂၀) ကျော်က ပင်ပမ်းခြင်း၊ နာ ကျင် ခြင်းကြီးစွာဖြင့်လျှောက်လှမ်းခဲ့သည့်အဖြစ်သနစ်ကိုပြန်လည်ခံစားထောက်ရူလျှောက်လှမ်းစေလို၍ ဖြစ် သည်။ ဤခရူးစူး လမ်းတော်ကိုလျှောက်ခြင်းဖြင့် လက်ရှိကမ္ဘာကြီးတွေ့ကြုံဖြတ်သန်းနေရသောအခြေအနေ၊ ဒုက္ခအခက်အခဲများကိုမျှော်လင့် ချက် များဖြင့်ရှင်သန်ဖြတ် သန်း ရန်တရားအလင်းကိုပေးရန်ဖြစ်ပါသည်။ ပါစကားသတင်းကောင်းဖြစ်သည့် ဒုက္ခခံခြင်း၊ သေခြင်းပြီးနောက် ရှင်ပြန်ထမြောက်ခြင်းရှိလိမ့် မည်။ ထို့အတူလက်ရှိကမ္ဘာကြီး၏ ဝေဒနာအချိန်အခါကိုကျော်ဖြတ်ပြီးနောက် အေး ချမ်းသာယာသော အချိန်ရောက်လာလိမ့်မည်ဖြစ်သည်။

ကားတိုင်လမ်း (၁၃) ရပ်ကို သန့်ရှင်းသောမြေ၌အမှုတော်ထမ်းနေကြသောဖရန်စ္စကင်ရသေ့များက မိမိတို့ရှိနေသည့်အရပ်မှ ထောက်ရူချက်ကိုပေးမည်ဖြစ်သည်။ ဤထောက်ရူချက်ကိုဗွီဒီယိုဖြင့်ထုတ်လွှင့်မည်ဖြစ်သည်။ ဤဗွီဒီယိုကိုကြိုတင်ရိုက်ကူးထား ခြင်းဖြစ်သည်။ တစ်ရပ်စီ၏ ထောက်ရူချက်ကိုပေးသောရသေ့များသည် ဆီရီးယားနိုင်ငံ၊ ဂျေရူးဆလင်၊ ဂရိ၊ တဲလ်အာဗီ၊ အီစ္စရေးတို့မှ ဖြစ်ပြီး၊ ၄င်းတို့ဒေသ၏ရူခင်းနောက်ခံများဖြင့်တင်ဆက်ထားသည်။ ဗွီဒီယိုနောက်ခံစကားကိုမူအင်္ဂလိပ်၊ တာမီးလ် (အိန္ဒိယ)၊ တာဂလို (ဖိလိပိုင်)၊ ဂျာမန်၊ အီတလီ၊ စပိန်နှင့် မန်ဒရင်း (တရုတ်) စကားများဖြင့်ထုတ်လွှင့်မည်ဖြစ်သည်။ တစ်ရပ်ခြင်းစီသည် ယေဇူးသခင် လွန် ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော်ကလျှောက်ခဲ့အရပ်များကိုမိမိရရရိုက်ကူးတင်ပြထား သည်။ ဗွီဒီယိုရိုက်ကူးရာ၌ ၀ိညာဉ်ရေးအ နစ်သာရများပေးနိုင်ရန်အတွက် ပုံတော်များ၊ ရုပ်တုတော်များ၊ ရူခင်းရူကွက်များစွာဖြင့်တင်ဆက်ထား သည်။ ထို့နေရာများသည် ဧဝံဂေလိကျမ်းလာနေရာများနှင့်လည်းဆက်စပ်မူရှိသောနေရာများကိုရိုက်ကူးတင်ပြထား သည်။

ဤအစီအစဉ်၏တာ၀န်ခံရသေ့က လက်ရှိ၌နိုင်ငံအသီး သီးတွင် ကိုးဗစ်ကာကွယ်ဆေးများထိုးနှံနေကြပြီဖြစ်၍ (၂၀၂၁) ၏ပါ စကားသည် ယခင်နှစ်ကကဲ့သို့တိတ်ဆိတ်ခြောက်ကပ်မနေဘဲ ဘာသာတူများလည်းဘုရားကျောင်း ကန်များတက်ရောက်နိုင်ပြီး၊ စည်ကားအသက်၀င်နေမည်ဟုမျှော်လင့်ကြောင်း၊ ကာ ကွယ်ဆေးထိုးခြင်းကိုသန့်ရှင်းရာမြေ၌လည်းစတင်နေပြီဖြစ်ကြောင်း၊ သို့ သော်သတိကြီးစွာထားနေရကြောင်း၊ ဘုရားဖူးများမလာရောက်နိုင်ခြင်းသည် ဘာသာရေးအရနစ်နာမူမရှိလှသော်လည်း နိုင်ငံ့၀င်ငွေ များစွာထိခိုက်နစ်နာရကြောင်း၊ အဘယ်ကြောင့်ဆိုသော်လုပ်ငန်းရှင်များစွာအထူး သဖြင့်ဘက်သလင်ဟင်နှင့်ဂျေရူးဆလင်မြို့ကြီး များမှလုပ် ငန်းရှင်များလုပ်ငန်းရပ်ဆိုင်းထားရသည်။

ရသေ့တို့အနေဖြင့် ဘုရားဖူးများအားလက်ဆင့်ကမ်းနိုင်သောအရာကား မိမိတို့ သီတင်း သုံးနေသောကျောင်းများမှဘာသာရေးပွဲများကို ဘုရားဖူးဌာနများမှမပြတ်ထုတ်လွှင့်ပေးခြင်းသာဖြစ် သည်။ ဤသို့ဖြင့်ကိုယ် တိုင်လာရောက်မဖူးနိုင်သော်လည်း ဖူးရသကဲ့သို့ဘုရားဖူးများအားခံစားစေခြင်းဖြစ်ကြောင်း၊ ဘု ရားဖူးများအနေဖြင့်အခြေ အနေ ပေး လာပါကမိမိတို့၏ယုံကြည်ခြင်းစီးထွက်ခဲ့ရာမြေသို့ လာရောက်လည် ပတ်နိုင်ကြောင်း၊ သန့်ရှင်းသောရက်တတ္တပတ်၌မူ ပါစကားပွဲ တော်နှင့်စပ်လျင်းသောသန့်ရှင်းရာဌာနများဖြစ်သည့်ယေဇူးသခင်၏အသက်မဲ့ခန္ဓာတော်ထားရာနေရာ၊ ဒုက္ခလမ်းတော်အတွက်ကြို တင်ပြင်ဆင်ခဲ့သောဂျက်ဆေမနီဥယျာဉ်တို့ကိုတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ဤဗွီဒီယိုကိုပတ်စဉ်အင်္ဂါနေ့နှင့်သောကြာနေ့၌ ထုတ်လွှင့်မည်ဖြစ်ပြီး၊ မတ်လ (၃၀) ရက်နေ့အထိဖြစ်ပြီး၊ သန့်ရှင်းသောရက်တတ္တပတ်၏အင်္ဂါနေ့မှစ၍ အခြားသောဖရန်စ္စကင်လူမှုကွန်ရက်မှလည်းထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းပြောကြားထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bGYAoR

Add new comment

4 + 1 =