၀တ်ပြုခြင်းနှင့်ဆိုင်သောနှီးနှော ဖလှယ်ပွဲကို ဘင်္ဂလားဒေ့ရှ် ကက်သလစ်သာသနာကျင်းပ

၀တ်ပြုခြင်းနှင့်ဆိုင်သောနှီးနှော ဖလှယ်ပွဲကို ဘင်္ဂလားဒေ့ရှ် ကက်သလစ်သာသနာကျင်းပ

၀တ်ပြုခြင်းနှင့်ဆိုင်သောနှီးနှော ဖလှယ်ပွဲကို ဘင်္ဂလားဒေ့ရှ် ကက်သလစ်သာသနာကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လက်အောက်ရှိ ၀တ်ပြုခြင်းနှင့်ဆုတောင်းခြင်း ဆိုင်ရာကော်မရှင်က ကက်သလစ်သာသနာ၏၀တ်ပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဇွန်လ (၃ မှ ၈) ရက်အထိ Dhaka ဂိုဏ်းချုပ်သာသနာရှိ ‘သန့်ရှင်းသော၀ိညာဉ်တော်ဘုရား’ ရဟန်းဖြစ်တက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။

ယခုနှီး နှောဖလှယ်ပွဲကြီး၏ ရည်ရွယ် ချက်မှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းရှိ ါ်ကက်သလစ် သာသနာနယ်များအား ၀တ်ပြုခြင်းနှင့်ဆိုင် ရာလမ်းညွှန်ချက်ကိုပေးရန်ဖြစ်ကြောင်း ထို့အတူ ၀တ်ပြုခြင်းဆိုင်ရာဆုတောင်းမေတ္တာစာအုပ်ကို ဓမ္မသီချင်းနှင့်မြူးစိများ ကိုတပြေးညီဖြစ်စေရန်ဖြစ်ကြောင်း ယခုနှီးနှောဖလှယ်ပွဲ၏ အဓိကဦးတည်ချက်ကား ၀တ်ပြုခြင်း၌ ဘာသာတူများပိုမိုတက်ကြွစွာပါ၀င်နိုင်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် (၈) ခုမှ သာသနာတစ်ခုမှ ကိုယ်စားလှယ် (၈) ဦး တို့မပျက်မကွက်တက်ရောက်ခဲ့ကြကြောင်း

မစ္ဆားတရားသည် သာသနာတော်ကြီး၏အသက်သွေးကြောကြီးဖြစ်သည့်အတွက် ၀တ်ပြုခြင်း၌ တက်ကြွစွာပါ၀င်ရန်လိုအပ်ကြောင်း ၀တ်ပြုခြင်း၌သီဆိုချီးမွမ်းသော ဓမ္မသီချင်းသည်လည်းအရေးကြီးကြောင်း၊ ဓမ္မသီချင်း များသည် ကျွန်ုပ်တို့အား အသက်၀င်လာစေ​ကာ နှိုးကြားလာစေသည်ဟု၀တ်ပြုခြင်းဆိုင်ရာကော်မရှင်၏တာ၀န်ခံဆ ရာတော် Gervas Rozario ကအဖွင့်အမှာစကား၌ပြောကြားခဲပါတယ်။

နှီးနှောဆွေးနွေးပွဲအတောအတွင်း၌ ‘ယနေ့ခေတ်အခါသမယ၏မြူးစိသည် မစ္ဆားတရားပါ၀င်ပူဇော်နေ သော လူထုအားတက်ကြွစွာပါ၀င်လာရန် ပံ့ပိုးပေးသည်။ ၀တ်ပြုခြင်းဟုဆိုရာ၌ နှုတ်တော်ထွက်စကား၀တ်ပြုသည့် အပိုင်း၌ဖြစ်စေ၊ ကိုယ်တော်မြတ်ဖန်ဆင်း၍ပင့်ယူသည့်အပိုင်း၌ဖြစ်စေ အလွန်အခရာကျသည်။ ဤအပိုင်း (၂) ပိုင်းသည် ကက်သလစ်သာသနာတော်ကြီး၏ ၀တ်ပြုခြင်း၌အရေးကြီးလှသောအပိုင်းဖြစ်သည်ဟုဆိုသည်။

သာသနာတော်ကြီး၏ဓမ္မသီချင်းသည် ၀တ်ပြုခြင်းအတွက်အလွန်သဟဇာတဖြစ်သည်။ ဆုတောင်းခြင်း၊ ကျေးဇူး ဆပ်တင်ခြင်းနှင့်ဆက်ကပ်အပ်နှံခြင်းလည်းတစ်ပါတည်းပါ၀င်ကြောင်း၊ အဆိုပါနှီးနှောဖလှယ်ပွဲသို့ပါ၀င်တက်ရောက်သူတစ် ဦးက ယခုနှီးနှောဖလှယ်ပွဲမှ မသိသောအကြောင်းအရာများစွာကိုသိလာခဲ့ရကြောင်း၊ တစ်ချိန်တည်း၌ပင် မစ္ဆားပူဇော် ခြင်း၌ယခင်ကထက်ပို၍ တက်ကြွစွာ၊ စိတ်ပါ၀င်စားစွာပါ၀င်ပူဇော်ရန်ကိုလည်း အလင်းတရားရခဲ့ကြောင်းပြောကြားခဲ့ သပါတယ်။

နှီးနှောဖလှယ်ပွဲသို့တက်ရောက်ခဲ့သောအခြားသူတစ်ယောက်ကလည်း ယခုနှီးနှောဖလှယ်ပွဲသို့တက်ရောက်ခြင်း အားဖြင့် အကြောင်းအရာသစ်များဖြစ်သော မစ္ဆားတရား၀တ်ပြုခြင်း၌ဓမ္မသီချင်း၊ ဆာလံတို့၏အရေးကြီးပုံ တို့ကိုသိရှိခဲ့ရ ကြောင်း၊ ယခုမှစ၍ တနင်္ဂနွေနေ့မစ္ဆားတရား၀တ်ပြုခြင်း၌ သတိတရားကြီးစွာဖြင့်ဦး‌ဆောင်ပေးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xnW6Xu

Add new comment

4 + 1 =