မြစ်ဆုံရေကာတာ စီမံကိန်း အဆုံးသတ် ရပ်တန့်​ပေးရန် မြန်မာကက်သလစ် ဆရာတော်ကြီးများတောင်းဆို

ဧရာဝတီမြစ်

မြစ်ဆုံရေကာတာ စီမံကိန်း အဆုံးသတ် ရပ်တန့်​ပေးရန် မြန်မာကက်သလစ် ဆရာတော်ကြီးများတောင်းဆို
ဇွန်လ ၁၂၊ ၂၀၁၉
(ဗာတီကန် သတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်)

မြန်မာကက်သလစ် ဆရာတော်ကြီးများမှ ရုတ်တရက်ဖြစ်ပေါ်နိုင်သည့် မြန်မာပြည်သူပြည်သားထု တစ်ရပ်လုံးကို ထိခိုက်နိုင်မည့် ဧရာဝတီမြစ် မြစ်ဆုံရေကာတာ စီမံကိန်း နှင့်ပတ်သက်ပြီး အလေးအနက်ထား ပြန်လည်သုံးသပ်ရန် တောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ မြောက်ဖက် ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဖျားခံရာ ဒေသတွင် ၆၄ ရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ပြီး လျှပ်စစ်ဓာတ်ထုတ်ယူရန် စီမံကိန်းကို ၂၀၀၁ ခုနှစ်က စတင် စီမံကိန်းချ လုပ်ဆောင်ခဲ့ကြပါသည်။

၂၀၁၁ ခုနှစ် တွင် သမ္မတဟောင်း ဦးသိန်းစိန်မှ ရပ်တန့်ထားရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။ သို့သော်လည်း ယင်းစီမ်ံကိန်း ပြန်လည် အသက်ဝင် လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် မြန်မာကက်သလစ် ဆရာတော်ကြီးများမှ ယင်းစီမ်ံကိန်းကို တရားဝင်အဆုံးသတ်​ရပ်တန့်ပေးရန် ပြန်လည်တောင်းဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံရှိ ကက်သလစ်သာသနာနယ် ၁၆ ခုကိုကိုယ်စားပြုသောကျွန်ုပ်တို့ ကက်သလစ် ဆရာတော်ကြီးများမှ နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများအား အန္တရာယ်ဖြစ်စေနိုင်သည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ခြင်း စီမံကိန်းကို အလေးအနက်ပြန်လည်သုံးသပ်ကြဖို့ အထူးတောင်းဆိုပါသည်။

ကျွန်ုပ်တို့တောင်းဆိုချက်က ကျွနု​ပ်တို့ရဲ့ မိခင် ဧရာဝတီရဲ့ ဘဝနဲ့ ဆက်စပ်နေတဲ့ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားအားလုံး အကျိုးအတွက် တောင်းဆိုခြင်းဖြစ်တယ် ဟု ဆရာတော်ကြီးများမှပြောကြားခဲ့ပါသည်။ မြစ်ဆုံစီမံကိန်း ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသည့်ရေလွှမ်းမိုးမှူ့များ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကြောင့် ကြာမြင့်စွာအငြင်းပွားနေသည့် လုပ်ငန်းကြီးလည်းဖြစ်ပါသည်။ ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘို မှ နှစ်ကြိမ်တိုင် စီမံကိန်း အဆုံးသတ်ပေးရန် ပြောဆိုထားသော အရာလည်းဖြစ်ပါသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတော်၏ နှလုံးသားတည်ရာ ဗဟိုအချက်အခြာကို ဖြတ်သန်းစီးဆင်းကာ သစ်ပင်ပန်းမာဏ်၊ သတ္တဝါတို့နှင့် သန်းပေါင်းများစွာသော လူသားများတို့ အသက်ရှင် လှုပ်ရှားရှင်သန်နိုင်ရန် သဘာဝ ရေအရင်းအမြစ်ဖြင့် အဟာရ ပေးလျှက်ရှိပါသည်။ မြန်မာပြည်သူပြည်သားများ အတွက်မှာမူ ရေကြည်တစ်လှည့် ရေနောက်တစ်ခါ စီးဆင်းလာသော မြစ်ဧရာ၏ သမိုင်းကြောင်းသည် ဝမ်းမြောက်ရာနှင့် ကြေကွဲရာတို့ဖြင့် ပြည့်လျက်ရှိသော ကျွနု်ပ်တို့၏ သမိုင်းကြောင်းနှင့် နီးစပ်စွာ ဆက်နွယ်လျက်ရှိသည်ဟု ခံယူကြပါသည်။

သိပ္ပံပညာရှင်များက ဧရာဝတီမြစ် ကြမ်းပြင်အောက်တွင် ငလျင်ပြတ်ရွေ့ကြောရှိသည့် အတွက် ရေကာတာ တည်ဆောက်ခြင်းကြောင့် ပြတ်ရွေ့ကြောကို ဖိအားသက်ရောက်မှု များပြားစေပြီး ကြီးမားသော ငလျှင်ဘေး အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးကာ၊ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နိုင်ခြေတတိယ အဆိုးဆုံး အခြေအနေတွင် ရှိနေကြောင်း ထောက်ပြကြပါသည်။

မြစ်ဆုံရေကာတာစီမ်ံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ နေထိုင်သူ ၃၀၀၀ ခန့်အား ၂၀၁၀ ခုနှစ်က အတင်းအဓမ္မ ရွှေ့ပြောင်းထားကြောင်းကိုလည်း ဖော်ပြထားပြီးထို့အပြင် ၎င်း​ရေကာတာ တည်ဆောက်ခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ အသက်အိုးအိမ် ဆုံးရှုံးခြင်းနှင့် စားဝတ်နေရေး အကြပ်အတည်းတွင်းသို့ တွန်းပို့ပြီး လူထောင်ပေါင်းများစွာ ရွေ့ပြောင်းမှုဟူသော ကြေကွဲဖွယ်ကောင်းသည့် ကပ်ဘေးကြီးကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ရေကာတာ တည်ဆောက်မှုမှ ရရှိမည်ဖြစ်သော စီးပွားရေး အကျိုးအမြတ်များသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သော ပမာဏာသာ ဖြစ်ပါသည်။ ထိုအခါ ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း မရေရာ ဝေးကွာသော အိမ်မတ်ပမာ ဖြစ်သွားပါလိမ့်မည်။ ဆယ်စုနှစ် များစွာကပင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မေတ္တာရေကြည် ဆာငတ်နေသည့် ပြည်မြန်မာ အတွက် ဧရာဝတီမြစ်ရေကြည်သည် အစဉ်ထာဝရ ပေါကြွယ်ဝစွာ စီးဆင်းနေသင့်ပါသည်။

https://bit.ly/2XJfTgU

https://bit.ly/2Id9022

#vatican, #myanmar, #myitsone, #peterkm,
Photo credits to CBCM
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 7 =