ပြန်လည်သင့်မြတ်ခြင်းနှင့် စည်းလုံးခြင်းကို ကိုရီးယား ဆရာတော်ကြီးများ မျှော်လင့်

Catholic nuns release balloons during a Mass for Peace in Imjingak, a village located in the DMZ

ပြန်လည်သင့်မြတ်ခြင်းနှင့် စည်းလုံးခြင်းကို ကိုရီးယား ဆရာတော်ကြီးများ မျှော်လင့်
ဇူလိုင်လ ၃၊ ၂၀၁၉

ပြီးခဲ့သော တနင်္ဂနွေနေ့ က မြောက်ကိုရီးယား ခေါင်ဆောင်နှင့် အမေရိကန်​​ခေါင်ဆောင်တို့ သမိုင်းဝင် တွေ့ဆုံခဲ့ကြခြင်းအပေါ် ကိုရီးယား နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ နိုင်ငံစည်းလုံးညီညွတ်ရေးကို မျှော်လင့်ကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ သည် ကိုရီးယားနိုင်ငံ စစ်ဖြစ်ပွားခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်ဖြစ်သည်အလျှောက် စည်းလုံးခြင်း နှင့် ငြိမ်းချမ်းခြင်းကို အစပြုသော ခေတ်သစ်တစ်ခုဖြစ်ပါစေ။ ။ ကိုရီးယားကျွန်းဆွယ်အရေး ငြိမ်းချမ်းမူကိုဖော်ဆောင်ပြီး၊ ကိုရီးယားစစ်ပွဲ အဆုံးသတ်ကြေငြာခြင်အားဖြင့် နှစ်နိုင်ငံကွဲပြားခြင်းကို အဆုံးသတ်သော နှစ်ဖြစ်ပါစေ ဟူသော နှလုံးသားမှလာသော စာတန်း တစ်စောင်ကို ကိုရီးယာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပြီးခဲ့သော တနင်္ဂနွေနေ့ က မြောက်ကိုရီးယား ခေါင်ဆောင်နှင့် အမေရိကန်​ခေါင်ဆောင်တို့ သမိုင်းဝင် တွေ့ဆုံခဲ့ကြခြင်း အပြီး တွင်ထုတ်ပြန်ခဲ့ပါသည်။

ကိုရီးယားဆရာတော် Hee-joong မှလည်း ဇွန်လ ၂၅ ရက်နေက ကျရောက်ခဲ့သော ၆၉ နှစ်မြောက် ကိုရီးယားစစ်ပွဲ နှစ်ပတ်လည်နေ့ အတွက် ကိုရီးယာနိုင်ငံရှိ ကက်သလစ်သာသနာတော် မှ ငြိမ်းချမ်းရေးဖော်ဆောင်သောသူတို့သည် မင်္ဂလာရှိကြ၏ ဟူသော ခေါင်းစဉ်ဖြင့် ကိုရီးယားလူမျိုးများ စည်းလုံညီညွတ်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေးအတွက် တစ်ရက်တာ ဆုတောင်းခြင်းအမှူ့ပြုခဲ့ကြကြောင်းဖော်ပြခဲ့ပါသည်။ ၁၉၅၃ ဇူလိုင်လ ၂၇ ရက်နေ့က ကိုရီးယားကျွန်းဆွယ် ခွဲထွက်ခြင်း စစ်ပွဲအဆုံးသတ်ခဲ့သော်လည်း စစ်မှန်သော ငြိမ်းချမ်းရေးမရရှိသေပဲ နှစ်နိုင်ငံ နည်းပညာ စစ်ပွဲ ဖြစ်ပွားနေစဲဖြစ်ပါသည်။ ။

အားပေးခြင်း၊ ကူညီပေးခြင်း၊ အစည်းအဝေများပြုလုပ်ပေးခြင်း၊ နှစ်နိုင်ငံ ပြောဆိုဆွေးနွေးခြင်း နည်းလမ်းများ ဆက်လက်ဖော်ဆောင်နိုင်အောင် ကူညီပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်းများအား ကိုရီးယာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တောင်ဆိုကြောင်းကိုလည်းဖော်ပြထားပါသည်။ မြောက်ကိုရီးယား ခေါင်ဆောင်နှင့် အမေရိကခေါင်ဆောင်တို့ သမိုင်းဝင် တွေ့ဆုံခဲ့ကြခြင်းမှ ကောင်းသောရလဒ်များထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ဆရာတော်ကြီး Hee-joong မှ မျှော်လင့်နေကြောင်း၊ နှစ်နိုင်ငံ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ကိုရီးယားတို့၏ ပြန်လည်သင့်မြတ်ခြင်း နှင့်စည်းလုံးခြင်းနေ့ရက် အမြန်ရောက်လာဖို့ မျှော်လင်းယားကြာင်း ဖော်ပြခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဇွန်လ ၃၀ ရက်နေ့ကကိုရီးယားကျွန်ဆွယ် အရေး နှင့်ပတ်သက်ပြီး မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump တို့၏ သမိုင်းဝင်တွေ့ဆုံခြင်း အကြောင်းကို ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အရေးပါသော ယင်းကဲ့သို့သော ထူးခြားသည့် နိုင်ငံခေါင်းဆောင်များတွေ့ဆုံခြင်းမှ ရှေ့အနာဂတ်ငြိမ်းချမ်းရေးအတွက် ကိုရီးယား ကျွန်းဆွယ်အရေးငြိမ်းချမ်းရေးသာမက တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်ကြဖို့ ဆုတောင်းမေတ္တာ နှင့်အတူ နှုတ်ဆက်စာတစ်စောင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှလည်း ပေးပို့ခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-07/south-korea-bishops-statement-reconciliation-national-unity.html

#koreanbishops, #hope, #unity, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 15 =