ပြန်လည်သင့်မြတ်ဖို့ အမှန်တရား၊ တရားမျှတမှူ့နှင့် ဝန်ခံခြင်း အပေါ်မှာ အခြေတည်ရမယ်

ပြန်လည်သင့်မြတ်ဖို့ အမှန်တရား၊ တရားမျှတမှူ့နှင့် ဝန်ခံခြင်း အပေါ်မှာ အခြေတည်ရမယ်
ဇူလိုင်လ ၁၁၊ ၂၀၁၉

၁၉၉၅ ခု နှစ် ဇူလိုင်လ ၁၁ နေ့က ဘောစနီးယာ - ဟာဇေကိုဗီနာ (Bosnia-Herzegovina) နိုင်ငံ စရေဘေနီစာ (Srebrenica) မြို့လေးတွင် မွတ်စလင် လူငယ်လေးများအပါအဝင် အမျိုးသား ၈၀၀၀ ကျော် ဘောစနီးယား ဆပ် (Bosnia-Serb) စစ်သည်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံခဲ့ရသော
မွတ်စလင် အသိုင်းအဝန်းအတွက် ကံဆိုးမိုးမှောင်ကြခဲ့သော အမှတ်တရနေ့တနေ့ဖြစ်ပါသည်။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ခံစားနေရသော အသိုင်းအဝန်းအား တည်ငြိမ်စွာ ထိမ်းချုပ်ပေးနိုင်ခဲ့သော လေးစားစရာကောင်းသည့် မွတ်စလင်တို့၏ ဝိညာဉ်ရေး ဖခင် ခေါင်းဆောင်တစ်ဦးပေါ်ပေါက်ခဲ့ပါသည်။ ထိုသူမှာ ဘောစနီးယာ နိုင်ငံ Visoko မြို့တွင် မွေးဖွားခဲ့သော Mustafa Ceric (Grand Mufti) ဖြစ်ပါသည်။ ထိုအချိန်က သူသည် ဘောစနီးယာ ရှိ မွတ်စလင်အသိုင်းအဝန်း၏ ဝိညာဉ်ရေး ဖခင်အဖြစ်တာဝန်ယူခဲ့ရသူဖြစ်ပါသည်။

ယခုအချိန်တွင် အသက်အရွယ်အရ ဘောစနီးယား ရှိ မွတ်စလင်တို့၏ ရိုသေးလေးစားရသော ဝိညာဉ်ရေးဖခင်တာဝန်မှ အနားယူခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ချီးမြှင့်သော စုကိုလက်ခံရန် ရောမမြို့သို့ရောက်ရှိနေပါသည်။

ဗာတီကန် ရေဒီယို နှင့် မေးမြန်းဖြေကြားခြင်းတွင် ပြန်လည်သင့်မြတ်ခြင်း ရရှိရန် မိမိအပြစ်အမှားဝန်ခံခြင်း၊ တရားမျှမှု နှင့် အမှန်တရားတို့အပေါ် အခြေခံဖို့လိုအပ်ကြောင်း နှင့် ပြစ်မှူ့ကျူးလွန်သူများ ခွင့်လွှတ်ခြင်းရရှိရန် လာရောက် တောင်ပန်မှူ့လိုအပ်ကြောင်း နှင့် နောက်နောင် ယင်းကဲ့သို့ အပြစ်မျိုး ဆက်လက်မပြုတော့ကြောင်း။ ဆက်လက်ပြီး နိုင်ငံတကာ ခုံရုံးမှ ပြစ်မှူကျူးလွန်ခဲ့ကြသူများကို အပြစ်စီရင်ခြင်းအားဖြင့် မိမိတို့ပြုခဲ့တဲ့အပြစ်ကို ဖုံးကွယ်ဖို့ကျိုးစားနေမူများမှ အောင်မြင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အမိန်အရ ပြုလုပ်ကြရသူများမှာ အပြစ်မရှိသော်လည်း အမိန့်ပေးစေခိုင်းသူများ သူတို့၏ လုပ်ရပ်အပေါ် တာဝန်ယူမူ့ တာဝန်ခံမူ့များရှိပြီး တောင်ပန်ဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။
ဗာတီကန် သတင်းဌာနမှ ကောက်နုပ်ဖော်ပြပါသည်။
By Kyi Maung

https://bit.ly/2GaDGzs
Photo credit to vatican news.

Add new comment

2 + 15 =