မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump တို့၏ တွေ့ဆုံခြင်းသည် တွေ့ဆုံဆွေးနွေးခြင်း အလေ့အထ၏ စံနမူနာအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ပြောကြား

မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump

မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump တို့၏ တွေ့ဆုံခြင်းသည် တွေ့ဆုံဆွေးနွေးခြင်း အလေ့အထ၏ စံနမူနာအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ပြောကြား
ဇွန်လ ၃၀၊ ၂၀၁၉

ကိုရီးယားကျွန်ဆွယ် အရေး နှင့်ပတ်သက်ပြီး မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump တို့၏ သမိုင်းဝင်တွေ့ဆုံခြင်း အကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အရေးပါသော ယင်းတွေ့ဆုံခြင်းသည် တွေ့ဆုံဆွေးနွေးခြင်း အလေ့အထ၏ စံနမူနာဖြစ်ခြင်း နှင့် ငြိမ်းချမ်းရေးအတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။

ကိုရီးယားကျွန်ဆွယ် အရေး နှင့်ပတ်သက်ပြီး မြောက်ကိုရီးယာ နိုင်ငံ သမ္မတ Kim Jong-un နှင့် အမေရိကန်နိုင်ငံ သမ္မတ Donald Trump တို့၏ သမိုင်းဝင်တွေ့ဆုံခြင်းကို မြောက်ကိုရီးယာ နှင့် တောင်းကိုရီးယား စစ်မဲ့ဇုံ တွင်ပြုလုပ်ကြပါသည်။ နှစ်နိုင်ငံ သမ္မတများ လက်ဆွဲနှုတ်ဆက်ကြပြီး မြောက်ကိုရီးယာ နယ်စပ်စည်းမျဉ်းကို ဖြတ်ကျော်ပြီး ပထမ ဦးဆုံး အမေရိကန်သမ္မတ မြောက်ကိုရီးယာ နိုင်ငံသို့ သမိုင်းဝင်ရောက်ရှိခြင်းကို ပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံဖက်တွင်ရှိသော လွတ်လပ်ခြင်း အိမ် ဟုအမည်ရသော freedom house တွင် တစ်နာရီကြာဆွေးနွေးခဲ့ကြပါသည်။ တောင်ကိုရီးယား သမ္မတ Moon Jae-in လည်း အချိန်အနည်းငယ်ကြာ နှစ်နိုင်ငံ ခေါင်ဆောင်များ နှင့် အတူရှိနေခဲ့ပါသည်။

ယင်းကဲ့သို့သော ထူးခြားသည့် နိုင်ငံခေါင်းဆောင်များတွေ့ဆုံခြင်းမှ ရှေ့အနာဂတ်ငြိမ်းချမ်းရေးအတွက် ကိုရီးယား ကျွန်ဆွယ်အရေးငြိမ်းချမ်းရေးသာမက တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်ကြဖို့ ဆုတောင်းမေတ္တာ နှင့်အတူ နှုတ်ဆက်စာတစ်စောင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ပေးပို့ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-angelus-korea-culture-encounter-trump-kim.html

#pope, #america, #northkoria, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 1 =