ရွှေ့​ပြောင်းဒုက္ခသည်များ သို့မဟုတ် လူအဖွဲ့အစည်း၏ အစွန့်ပြစ်ခံများ

ရွှေ့​ပြောင်းဒုက္ခသည်များ သို့မဟုတ် လူအဖွဲ့အစည်း၏ အစွန့်ပြစ်ခံများ
ဇူလိုင်လ ၈၊ ၂၀၁၉

ရွှေ့​ပြောင်းဒုက္ခသည်များ အတွက် စိန့်ပီတာ ဘာစီလီကာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေစ္ဆားတရား ပူဇော်ပေးခဲ့ပါသည်။

၂၀၁၃ ခုနှစ် ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံရပြီး ၄ လအကြာတွင် အီတလီနိုင်ငံ အတွင်းရှိ ဥရောပသို့ ဝင်ရောက်ရန်ကြိုးပမ်းကြသော ဒုက္ခသည်များ ထိမ်းသိမ်းထားရာ Lampedusa ကျွန်း သို့ ရုတ်​တရက် သွားရောက်လယ်ပတ်ခဲ့ပြီး ဒုက္ခသည်များကို သွားရောက်ကြည့်ရှုခဲ့ပါသည်။ ယင်း ဒုက္ခသည်များကို ကြည့်ရှုခဲ့ခြင်း သည် (သူ၏ ပထမဦးဆုံးသိုးထိန်း ခရီးစဉ်ဖြစ်ပြီး) ၆ နှစ်ပြည့် အမှတ်တရနေ့လည်း ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် စိန့်ပီတာ ဘာစီလီကာ မေစ္ဆားတရား တွင် လူ ၂၅၀ ခန့်ပါဝင်တက်ရောက်ခဲ့ပြီး အများစုမှာ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းဒုက္ခသည်များ နှင့် ယင်းဒုက္ခသည်များကိုကယ်တင်ကူညီပေးခဲ့ကြသူများ တက်ရောက်ခဲ့ကြပါသည်။ ထို ဒုက္ခသည်များထဲတွင် လူထုဘဝမြှင့်တင်ရေးအဖွဲ့အစည်းမှ ဖိတ်ကြားခံခဲ့ရသော ဒုက္ခသည်များလည်းပါဝင်ခဲ့ပါသည်။

ယင်း မေစ္ဆားတရား တွင် ပုပ်ရဟန်းမင်းကြီး မှ ဒီဒုက္ခသည်များဟာလည်း လူများဖြစ်ကြပါတယ်၊ သို့သော် လူအဖွဲ့အစည်း၏ အစွန့်ပြစ်ခံလူသားများဖြစ်နေကြရတာ ရင်နာစရာကောင်းပါတယ်။ ဒုက္ခသည်တွေ၊ အားအနည်းဆုံးသော သူတွေ၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းမဲ့သူများကို ကူညီကြဖို့လည်း ထည့်သွင်းဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-07/pope-francis-mass-migrants-lampedusa-anniversary.html

#migrants, #pope, #pray, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 18 =