ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များဟာ အသစ်သောခွန်အားများ နှင့် နည်းလမ်းများကို သူတိုနေထိုင်ခွင့်ရမည့် နိုင်ငံ အသစ်သို့ သယ်ဆောင်လာသူတွေပါ

ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ

ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များဟာ အသစ်သောခွန်အားများ နှင့် နည်းလမ်းများကို သူတိုနေထိုင်ခွင့်ရမည့် နိုင်ငံ အသစ်သို့ သယ်ဆောင်လာသူတွေပါ
သြဂုတ်လ ၂၇၊ ၂၀၁၉

ခွန်အားအပြည်နဲ့ ရှေ့ဆက်နေတဲ့ သြစတြေးလျှ နိုင်ငံသားတွေဟာ အသစ်သော သြစတြေးလျှ နိုင်ငံသားတွေဖြစ်လာမဲ့သူတွေရဲ တန်ဖိုး၊ လူအခွင့်အရေးကို ချစ်မြတ်နိုးစိတ်နဲ့ လွတ်လပ်ခြင်းကို မြတ်နိုးသော စိတ်တို့အတွက် ကျေးဇူးတင်ကြရမယ်ဟု သူတို့ဟာ ရွေပြောင်းနေထိုင်သူများ သက်သက်မဟုတ် ဟူသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ စကားကို ခေါင်းစဉ်ထားပြီး သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်ထိ ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ၏ ရက်သတ္တပတ် ကျင်းပခြင်းတွင် ဆရာတော် ဗင်းဆင်း လောင် မှ သြစတြေးလျှ ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုစား ထုတ်ပြန်သော စာစောင်တွင် ဖော်ပြထားပါသည်။

သြစတြေးလျှ ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုယ်စား ပြောဆိုနေသော ဆရာတော်ကြီး ဗင်းဆင်းလောင် ကိုယ်တိုင်ပင် ဗီယက်နန်နိုင်ငံသာ သင်္ဘောစီးပြီး သြစတြေးလျှ သို့ ဒုက္ခသည်အဖြစ်ရောက်ရှိလာသူတစ်ဦး ဖြစ်ပါသည်။ သူ၏ ခံစားချက် သူ၏ နှလုံးသားမှ လာသောစကားများ မှာ ကျွုန်ုပ်တို့ လှေစီးပြီး ရောက်ရှိလာတဲ့ ဗီယက်နန်နိုင်ငံသားတွေကို ရက်ရောစွာ လက်ခံခဲ့ကြတယ် ကျွန်ုပ်တို့ဟာလည်ပဲ အဲ့ဒီအချိန်ကစပြီး ဒီနိုင်ငံကောင်းကျိုးအတွက် ကောင်းတဲ့အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် ပေးဆပ်နေခဲ့ကြသူတွေဖြစ်တယ်။

ကောင်းမွန်စွာ နေရာထိုင်ခင်းပေးခဲ့ကြတယ်၊ အဲ့ဒီလိုပဲ တို့လည်းကြရာတာဝန်ကို နိုင်ငံအတွက်ရော သြစတြေးလျှသာသနာတော်အတွက်ပါ ကျေးပွန်စွာထမ်းဆောင်ပြီးပေးဆပ်ခဲ့ကြတယ်။ ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များအတွက်ကြီးမားသော ယုံကြည်ခြင်း နှင့် ပြည်ဝသော စည်းလုံးမူ့စိတ်ဓာတ်သာမရှိခဲ့ဘူးဆိုရင် ငါတို့ဘယ်မှာ ဘယ်လိုသောင်တင်နေမယ်ဆိုတာ မသိနိုင်ဘူး။

နိုင်ငံကာကွယ်ရေး လုံခြုံးရေးတို့အတွက် လုပ်ဆောင်နေမူ့များအပေါ် အမြင်မစောင်းပဲ၊ နိုင်ငံရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာ ကိုဖော်ဆောင်ပေးတဲ့ စည်းလုံးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များအပေါ် သနားညှာတာခြင်း၊ ကရုဏာထားခြင်း၊ နိုင်ငံသားဖြစ်ခွင့် ရရှိရေးရှာဖွေသူများအပေါ် ဂရုစိုက်ခြင်းစသည့် လုပ်ရပ်များဟာ နိုင်ငံကိုပိုမိုဂုဏ်သိက္ခာကြီးမားစေကြောင်း ထိုလုပ်ရပ်အားလုံးအတွက်လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်း ဆရာတော် ဗင်းဆင်း လောင် မှ သြစတြေးလျှ ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုယ်စား ထုတ်ပြန်သော စာစောင်တွင် ဖော်ပြထားပါသည်။

By Kyi Maung
Photo credits to Vatican News

https://bit.ly/342dpOh

Add new comment

1 + 4 =