ရွေ့ပြောင်းဒုက္ခသည်များ သင်တို့သည် အသင်းတော်၏ နှလုံးသားအလယ်တွင် ရှိနေပါတယ် သင်တို့ကိုမေ့မထားပါဘူး

ရွေ့ပြောင်းဒုက္ခသည်များ သင်တို့သည် အသင်းတော်၏ နှလုံးသားအလယ်တွင် ရှိနေပါတယ် သင်တို့ကိုမေ့မထားပါဘူး
မတ်လ ၃၁၊ ၂၀၁၉

မောရောကို တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မောရောကိုတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံခဲ့ပါသည်။ ယခုလို သင်တို့နှင့်တွေကြုံရသောအခွင့်အရေးကြောင့် သင့်တို့ဘဝတွေနှင့် ပိုမိုနီးစပ်လာပြီး သင်တို့၏ ဒုက္ခဝေဒနာများ (ကမ္ဘာပေါ်ရှိ ရွေ့ပြောင်းအလုပ်သမားများဘဝ) သည် ဘုရားသခင်ကို အော်ဟစ်တောင်းဆိုနေသော သင်တို့၏ အော်ဟစ်သံအဖြစ် နိုင်ငံတိုင်းတွင်ဖြစ်ပေါ်ခံစားနေရသော ဒုက္ခဝေဒနာဖြစ်အော်ဟစ်နေ​​ကြောင်း ​ရဟန်းမင်ကြီး မှ ပြောကြားခဲ့ပါသည်။

ဒီအချက်ဟာ လူတန်ဖိုးကိုထိခိုက်နေသောအရာအဖြစ်နိုင်ငံတကာကို မြင်တွေ့စေချင်သည့် အရေးကြီးသော အချက်ဖြစ်တယ်။ သင်တို့သည်မေ့လျှော့ခံထားရသူတွေ ဘေးဖယ်ခံထားရသူ​တွေမဟုတ်ဘူး။ အသင်းတော်ရဲ့ နှလုံးသားအလယ်မှာရှိသော အသင်းတော်က သတိပြု ဂရုစိုက်ပေးနေသော သူများဖြစ်ကြောင်း ရွေ့ပြောင်းအလုပ်သမားများနှင့် တိုက်​ရိုက်တွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

ကြိုဆိုခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လူနေမူဘဝမြှင့်တင်ပေးခြင်း နှင့် အတူတကွ စည်းလုံးစွာနေထိုင်ခြင်း စတဲ့​စကားလေးလုံးကို ရွေ့ပြောင်းအလုပ်သမာများကွုစားပြောကြားခဲ့ပါသည်။ သူတို့ရဲ့ဘဝတွေမြင့်တင်ပေးဖို့ ကျွ​နု​ပ်တို့အားလုံးပါဝင်သင့်ကာ ညီအစ်​ကိုမောင်နှစိတ်နှင်ကူညီဖေးမခြင်းဖြင်မြှင်တင်ပေးစေရမည်​ဖြစ်​​ကြောင်းတိုက်တွန်းခဲ့ပါသည်။ လူတိုင်းမှာ ရသင့်ရထိုက်သော အနာဂတ်ရှိတယ်။ ထိုအရာဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာမမေ့ကြပါနဲ့၊ ချစ်လှစွာသော ရွေ့ပြောင်းလုပ်ကိုင်နေသူအပေါင်းတို့ အသင်းတော်သည် သင်တို၏ ဒုက္ခဝေဒနာ များကို သိတယ် သင်တို့ဘဝတွေနှင့်အတူ လျှောက်လှမ်းနေပြီး သင်တို့နှင့်အတူတကွ ခံစားနေတယ်ဆုတာကိုမမေ့ပါနဲ့။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-morocco-meeting-migrants-heart-church-papmar.html

#pope, #morocco, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 15 =