ဗေလန်ကန်နီ ကျန်းမာခြင်း မယ်တော် အလံတင်အခမ်းအနား

ဗေလန်ကန်နီ ကျန်းမာခြင်း မယ်တော် အလံတင်အခမ်းအနားကျင်းပကြခြင်းသတင်း

(29.8.2019)

နှစ်စဉ် ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်တော်ကို သြဂုတ်လ(၂၉) ရက်နေ့ရောက်တိုင်း ကက်သလစ် သာသနာအသီးသီး၌ အလံတင်ခြင်းနှင့် နိုဗီနားဖွင့်ပွဲ မစ္ဆားတရားတော်မြတ်ကို ကျင်းပပူဇော်ကြပါသည်။

ယခုနှစ် ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့ ညနေပိုင်းကလည်း မြန်မာနိုင်ငံ ကက်သလစ်သာသနာအသီးသီးရှိ ဘုရားကျောင်းများ၌ ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော် အလံတင်းခြင်းနှင့် နိုဗီနား ဖွင့်ပွဲအခမ်းအနား မစ္ဆားတရားတော်မြတ်ကို ကျင်းပပူဇော်ခဲ့ကြပါသည်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန်ဇေးဗီးယား ဘုရားကျောင်း၌ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းဦးဆောင်ပူဇော်ခဲ့ပါသည်။

ရန်ကုန်ဂိုဏ်းချုပ်သာသနာ စိန်အန်ထော်နီ ဘုရားကျောင်း၌ ဖာသာရ်စိန်ထွန်းမှ တမီလ်ဘာသာစကားဖြင့် ဦးဆောင်ကာပူဇော်ခဲ့ပါသည်။

ပုသိမ်သာသနာ စိန်ပီတာ ဘုရားကျောင်း၌ ဖာသာရ် ဖဲလစ်စိုးဝင်းမှ ဦးဆောင်ကာ ပူဇော်ခဲ့ပါသည်။

မြစ်ကြီးနားသာသနာ၌ ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန်မှ ဦးဆောင်ကာ ပူဇော်ခဲ့ပါသည်။

လာရှိုးသာသနာ ယေဇူးရွှေနှလုံးတော် ဘုရားကျောင်း၌ ဖာသာရ် ဂျောရှ့်လာရိန်မှ ဦးဆောင်ကာ ပူဇော်ခဲ့ ပါသည်။

အခြားသော သာသနာများ၌လည်း ကျန်းမာခြင်းမယ်တော် အလံတင်ခြင်းအခမ်းအနားနှင့် နိုဗီနားဖွင့်ပွဲ မစ္ဆားတရားတော်မြတ်ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။

ကျန်းမာခြင်း မယ်တော်ကို သဒ္ဓါကြည်ညိုသည့် ဘာသာတူများသည် သြဂုတ်လ ( ၂၉) ရက်နေ့မှ စက်တင်ဘာလ(၈) ရက်နေ့ထိ ကျန်းမာခြင်း မယ်တော်ထံ နိုဗီနားကိုးရက်တိုင်တိုင်ပြုလုပ်၍ ကျန်းမာခြင်း ကျေးဇူးတော်များကို တောင်းခံကြပါသည်။

News - Pinky

Add new comment

1 + 5 =