ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II သည်ရဟန်းမင်းကြီး ဖရန်စစ် ရောမသို့ပြန်မကြွမီတစ်ည၌လည်ပတ်ခဲ့

ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II သည်ရဟန်းမင်းကြီး ဖရန်စစ် ရောမသို့ပြန်မကြွမီတစ်ည၌လည်ပတ်ခဲ့

ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II သည်ရဟန်းမင်းကြီး ဖရန်စစ် ရောမသို့ပြန်မကြွမီတစ်ည၌လည်ပတ်ခဲ့

 

            ဩသိုဒေါ့စ်အသင်းတော်ခေါင်းဆောင် Ieronymos II နှင့်ဂရိနိုင်ငံသားများ တနင်္ဂနွေနေ့ ည (၇) နာရီအချိန်၌ ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးသို့ရောက်ရှိလာကြပြီး ရဟန်းမင်းကြီးဖရန်စစ်အား နုတ်ဆက်ခဲ့ကြသည်။

ခေါင်းဆောင်နှစ်ဉီး၏ တွေ့ဆုံခြင်းသည် မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။ တွေ့ဆုံစဉ်၌ ဧည်သည့်တော်စာ အုပ်၌လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုသို့ရေးထိုးရာ ဩသိုဒေါ့စ် ဂိုဏ်းချုပ်ဆရာတော် Ieronymos II က ‘ယခုည ဒီဇင်ဘာ၊ ၅ ရက်၊ ၂၀၂၁၊ စိန့်ဆာဘာစ့်၏ပွဲနေ့ကိုအမှတ်ရကျင်းပသောနေ့၌ ကျွန်ုပ်နှင့်ဘာသာတူများက ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ရုံးသို့လာရောက်၍ ‌ ဂရိနိုင်ငံသို့ကြွ‌ရောက်နေသော ရောမမှအလွန် လေးစားရသောနောင်တော် ရဟန်းမင်းကြီးဖရန်စစ်အားဂါရပြုခဲ့ပါသည်။ နက်ဖန် သူ၏ရောမသို့ သူ၏အပြန်ခရီးသည် ချောမောဘေးကင်းပါစေဟုဆုတောင်းပေးပါကြောင်း၊ အလွန်သန့်ရှင်းတော်မူသော ဘုရားသခင်ကောင်းကြီးပေးပါစေ’ ဟုရေးသား ဆုတောင်းပေးခဲ့သည်။

 

ရဟန်းမင်းကြီးဖရန်စစ်ကလည်း ‘၀မ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၌ ကျွန်ုပ်၏ညီတော် Ieronymos II ကို ဆုံဆည်းခွင့်ရခဲ့ကြောင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်ကောင်း၊ သိမ်မွေ့မူနှင့် စိတ်ရှည်ခြင်း အတွက် ကျေးဇူးတင်ပါကြောင်း၊ ဘုရားသခင်သည် ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကျွ‌န်ုပ်တို့ညီရင်း အစ်ကို၏ကြိုးစားအားထုတ်မူကိုကောင်းကြီးပေးပါစေ။ အတူတကွယှဉ် တွဲလျှောက်လှမ်းနိုင်ရန် သဘောထားကြီးစွာလက်တွဲသည့်အတွက်လည်းကျေးဇူးတင်ရကြောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ညီအစ်မရင်းအသင်းတော်နှစ်ခုအားကောင်းကြီးပေးပါစေကြောင်းနှင့်အလွန်သန့်ရှင်းသောဘုရားမယ်တော်၏ကူညီစောင်မခြင်း လည်းသက်ရောက်ပါစေကြောင်းဆုတောင်းပါသည်’ ဟု‌ရေးသား ဆုတောင်းပေးခဲ့သည်။

ထို့နောက် လက်ဆောင်များဖလှယ်ရာ တွင် ရဟန်းမင်းကြီးဖရန်စစ်က စာအုပ်နှစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။ တစ်အုပ်ကား (၂၀) ရာစုအစပိုင်း၌ အာရှမိုင်းနား (အရှေ့အလယ်ပိုင်းအား ယခင်အခေါ်) ဂရိတို့၏ရင်နစ်ဖွယ်ရာသမိုင်းကြောင်းစာအုပ်နှင့်ကျန်တစ်အုပ်ကား ဂရိတော်လှန်ရေး၌ အသက်ပေးဆက်ခဲ့ကြသောသူတို့အကြောင်းရေးသားထားသည့်စာအုပ်ဖြစ်သည်။ ရဟန်းတစ်ပါး၏ကိုယ်စား ဂိုဏ်းချုပ်ဆရာ တော်ကရဟန်းမင်းကြီးအား သူငယ်တော် ယေဇူးကိုပွေ့ထားသောမယ်တော့်ပုံတော်ကိုလက်ဆောင်ပေးခဲ့သည်။ ရဟန်းမင်းကြီး သည် ပေးနေကျလက်‌ဆောင်ဖြစ်သော ရဟန်းမင်းကြီး၏တံဆိပ်ပါဆွဲပြားနှင့်ပါစကားပွဲနေ့  တနင်္ဂနွေနေ့   (၂၇၊ မတ်လ၊ ၂၀၂၀) ခုနှစ် က ကမ္ဘာအားမိန့်ကြားခဲ့သောဩ၀ါဒစာအုပ် (Statio Orbis) ကိုလက် ဆောင်ပေးခဲ့သည်။              

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rDal9y

Add new comment

9 + 9 =