ဩစတြေးလျ တွင် ကြုံတွေ့ခံစားနေရသည် သဘာဝဘေးဒုက္ခ များနှင့်အတူ ရဟန်းမင်းကြီး ဆုတောင်းမေတ္တာ၌ အတူရှိနေခြင်း

ဩစတြေးလျ တွင် ကြုံတွေ့ခံစားနေရသည် သဘာဝဘေးဒုက္ခ

ဩစတြေးလျ တွင် ကြုံတွေ့ခံစားနေရသည် သဘာဝဘေးဒုက္ခ များနှင့်အတူ ရဟန်းမင်းကြီး ဆုတောင်းမေတ္တာ၌ အတူရှိနေခြင်း
ဇန်နဝါရီလ ၈၊ ၂၀၂၀

ခရစ်စမတ် အားလပ်ရက်များအပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ
လူထုပရိသတ်တွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်းတွင်း လူထုပရိသတ်အား
ဩစတြေးလျ တွင် ကြုံတွေ့ခံစားနေရသည် သဘာဝဘေးဒုက္ခ များအတွက် သူနှင့်အတူ ဆုတောင်းကြဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ ဩစတြေးလျ မှ လာရောက်ကြသော ဘုရားဖူး ဘာသာဝင်များကို သူတို့၏ဒုက္ခများ၌ရဟန်းမင်းကြီးအတူရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သောရက်သတ္တပတ်များအတွင်း ဩစတြေးလျ တွင် တောမီးလောင်ကျွမ်းမှု၌ ဧကပေါင်း ၂၅ ဒသမ ၅ သန်းကျော် လောင်ကျွမ်းပျက်စီးခဲ့ပြီး၊ လူ 20 ကျော်သေဆုံးကာ တောရိုင်းတိရိစ္ဆာန်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ကြပါသည်။

ရဟန်းမင်းကြီးနှင့်အတူ ဩစတြေးလျ ရှိ ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း သဘာဝဘေးအန္တရာယ်ကြီးကိုကာကွယ်တားဆီးရန်၊ သနားကြင်နာစိတ်အပြည့်အဝဖြင့်လုပ်ဆောင်နိုင်ကြရန်၊ ညဏ်အလင်းကျေးဇူးများရရှိရန် ကက်သလစ်ခရစ်ယာန်တို့၏အားကိုးအားထားရာ ဆုတောင်းခြင်းအမှုကိုပြုလုပ်ကြဖို့ တကမ္ဘာလုံးကိုတိုက်တွန်းတောင်းဆိုစာ တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မီးဘေးသင့်ဒုက္ခသည်များကိုကာကွယ်စောင့်ရှောက်ပေးရန်နှင့် လိုအပ်သည်များကူညီပေးရန်သာသနာတော်မှ နိုင်ငံတော်အစိုးရနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ပေးနေကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါသည်။

https://bit.ly/2sVoyD0
#rvamyanmarservice
Credit to Vatican News

Add new comment

1 + 0 =