ဩစတေးလျားနိုင်ငံ၊ Port Pirie သာသနာအတွက်ဆရာ တော်အသစ်ခန့်အပ်ခြင်း

ဩစတေးလျားနိုင်ငံ၊ Port Pirie သာသနာအတွက်ဆရာ တော်အသစ်ခန့်အပ်ခြင်း

ဩစတေးလျားနိုင်ငံ၊ Port Pirie သာသနာအတွက်ဆရာ တော်အသစ်ခန့်အပ်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် သက်တော်ပြည့်သွား၍အမှုတော်ထမ်းခြင်း မှအနားယူခွင့်ပြုရန် လျှောက် လွှာတင်လာသော ဩစတေးလျနိုင်ငံ၊ Port Pirie သာသနာပိုင်ဆရာတော် Gregory O'Kelly, SJ အားခွင့်ပြုလိုက်ပြီးနောက်၊ လစ် လပ် နေရာကို ဖာ သာရ် Karol Kulczycki SDS အားရွေးချယ်ခန့် အပ်လိုက်ကြောင်း ပြီးခဲ့သောစနေနေ့ကကြေငြာလိုက်ပါသည်။
သစ်လွင်စွာရွေးချယ်တင်မြောက်ခံရသော ဆရာတော်သည် (၁၉၆၆) ခု၊ ပိုလန်နိုင်ငံ၊ Góra မြို့၌မွေးဖွားခဲ့သည်။ သူသည်ကတိသစ္စာသုံးပါးခံ SDS (ကယ်တင်ရှင်ဘုရား ၏အသင်း) သူတော်စင်အ သင်း၀င်ဖြစ်ပြီး၊ တစ်သက်သစ္စာကို (၁၉၉၂) ခုနှစ်ကခံယူ ခဲ့သည်။ (၁၉၉၄) ခုနှစ်၊ ပိုလန်နိုင်ငံတွင်ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ ထို့နောက်အ သင်းမှဖွင့်လစ် ထားသောခေါ်တော်မူခြင်းမြှင့်တင်ရေးရုံးတော်၌အမှုတော်ထမ်းဆောင် ခဲ့သည်။
ထိုမှ (၁၉၉၇) ခုနှစ်တွင် ဩစတေးလျားနိုင်ငံသို့ပြောင်းရွေ့အမှုတော်ထမ်းဆောင်ခဲ့သည် မှာ (၂၀၁၈) ခုနှစ်အထိဖြစ်ပါသည်။ သူသည်၀ိညာဉ်ရေးလမ်းညွှန်အဖြစ်လည်းကောင်း ၊ သာသနာအုပ်စုကျောင်းထိုင်၊ တာ၀န်ခံအဖြစ်လည်း ကောင်း အမှုတော်ထမ်းခဲ့သည်။
ဆရာတော်အဖြစ်ရွေးချယ်တင်မြောက်ခံရသောဘုန်းတော်ကြီးသည် ဩစတေးလျားနိုင်ငံအတွင်းရှိ အသင်း ၏အမြင့်ဆုံးအမှုတော်ကိုလည်း (၂၀၁၀-၂၀၁၈) အထိထမ်းဆောင်ခဲ့သည်။
ထို့နောက်မိခင်တိုင်းပြည်သို့အမှုထမ်းရန်ပြန်လည်ခေါ်ဆောင်ခြင်းခံခဲ့ပြီး၊ ပိုလန်၌ လည်းအသင်း ၏ဒုတိယအကြီးဆုံးအမှုတော်ကိုထမ်းဆောင်နေစဉ်ယခုကဲ့သို့ရွေး ချယ်ခံလိုက်ရခြင်းဖြစ်သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/30m56wQ

Add new comment

1 + 0 =