ဩစတေးလျားနိုင်ငံ၊ ဆေးလ်သာသနာဆရာတော်အသစ်ရရှိ

ဩစတေးလျားနိုင်ငံ၊ ဆေးလ်သာသနာဆရာတော်အသစ်ရရှိ

ဩစတေးလျားနိုင်ငံ၊ ဆေးလ်သာသနာဆရာတော်အသစ်ရရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်မွန်ဆီညှော်ဂရေဂေါ်ရီချားလ်စ်ဘဲနက်အား ဆေးလ်သာသနာ၏ဆ ရာတော်အဖြစ်ခန့်အပ်ကြောင်းစနေနေ့ ၌ကြေငြာခဲ့သည်။ မွန်ဆီညှော်သည်မဲလ်ဘုန်းဂိုဏ်းချုပ်သာသ နာ၊ စိန့်ဂျိုးဇက်သာသနာအုပ်စု၌ကျောင်းထိုင်အဖြစ်အမူတော်ထမ်းခဲ့သည်။ ဆေးလ်သာသနာသည်သာ သနာပိုင်ဆရာတော်ပက်ထရစ်မိုက်ကယ်အိုရေဂဲန်အားအာဒေလေ့ဒ်ဂိုဏ်း ချုပ်သာသနာသို့မတ်လ (၁၉၊ ၂၀၂၀) သို့ ပြောင်းရွေ့ခဲ့သည့်အချိန်မှစ၍ဆရာတော်နေရာမှာလစ်လပ်နေပါသည်။

မွန်ဆီညှော်သည် (၁၉၆၃၊ ဧပြီလ၊ ၇) ရက်နေ့၊ မဲလ်ဘုန်းဂိုဏ်းချုပ်သာသနာ၌မွေးဖွားခဲ့သည်။ မဲလ်ဘုန်းရှိကက်သလစ်ကျောင်းတွင် တက်ရောက်ခဲ့ပြီးနောက်၊ Woodend ရှိ Ecumenical Braemer ကောလိပ်သို့တက်ရောက်ခဲ့သည်။ သူသည်ရဟန်းဖြစ်တက္ကသိုလ်သို့မ၀င်ရောက် မီဩစတေးလျားစီးပွား ရေးဘဏ်တွင်၀င်လုပ်ခဲ့သည်။ ထို့နောက် (၁၉၈၆) ခုနှစ်၌မဲလ်ဘုန်းရှိကက်သလစ်သီဩလိုဂျီကောလိပ်ရဟန်းဖြစ်တက္က သိုလ်သို့၀င်ရောက်ခဲ့သည်။

- ရဟန်းသိက္ခာကို (၁၉၉၂) ခုနှစ်၊ မဲလ်ဘုန်းဂိုဏ်းချုပ်သာသနာတွင်ခံယူခဲ့သည်။

- (၁၉၉၆) ခုနှစ်၌အမေရိကန်ပြည်ထောင်စုသို့သွားပြီး၊ Baltimore ရှိလိုယိုလာကောလိပ်၌စိတ် ပညာကိုသင်ကြခဲ့သည်။

- (၁၉၉၈) ခုနှစ်၌ရောမမြို့၊ စိန့်သောမတ်စ်တကသိုလ်မှဝိညာဉ်ရေးဘာသာရပ်၌လိုင်စင်ရယူခဲ့ သည်။

 

သူသည်အောက်ပါဘွဲ့များကိုလည်းရရှိထားသည်။

- ၂၀၀၀ - ၂၀၀၅ - ရဟန်းတော်များ၏အမှုတော်ဆိုင်ရာဒါရိုက်တာနှင့်ရဟန်းများ၏ဆက်လက် ပုံသွင်းပုံလောင်းခြင်းဆိုင်ရာတာ၀န်ခံလည်းဖြစ်သည်။

- ၂၀၀၄-၂၀၀၈ - ဧဝံဂေလိပျံ့ပွားရေးဌာန၏ဒါရိုက်တာဖြစ်ခဲ့သည်။

- ၂၀၀၇-၂၀၁၂ - North Baldwin ၏ကျောင်းထိုင်ဖြစ်ခဲ့သည်။

- ၂၀၁၂ မှစ၍ Vicar general အဖြစ်လည်းကောင်း၊ သာသနာတော်ကြီး၏ရုံးတော်၌ကြီးကြပ်သူ အဖြစ်လည်းကောင်းထမ်းဆောင်ခဲ့သည်။

- သူသည်သာသနာ၏ငွေကြေးဆိုင်ရာကောင်းစီ၏ဥကဌလည်းဖြစ်သည်။

- သူသည် (၂၀၁၂၊ မေလ၊ ၉) ၌ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ထံမှရဟန်းတစ်ပါးအနေဖြင့် အမြင့်ဆုံးဂုဏ်ပြုဘွဲ့ကိုလည်းရရှိခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2BIp9vF

Add new comment

8 + 3 =