ဧဝံဂေလိသတင်းကောင်းကိုနည်းပညာအသုံးပြု၍ကြေငြာရန် အမေရိကန်နိုင်ငံ၊ လော့စ်အိန်းဂျယ်လ်ဂိုဏ်းချုပ်သာ သနာက နည်းနှောဖလှယ်ပွဲကျင်းပ

ဧဝံဂေလိသတင်းကောင်းကိုနည်းပညာအသုံးပြု၍ကြေငြာရန် အမေရိကန်နိုင်ငံ၊ လော့စ်အိန်းဂျယ်လ်ဂိုဏ်းချုပ်သာ သနာက နည်းနှောဖလှယ်ပွဲကျင်းပ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လ်ဂိုဏ်းချုပ်သာသနာက ခေတ်သစ်နည်းပညာကိုအသုံး ပြု၍ဧ၀ဂေလိသတင်းကောင်း ကိုထိရောက်စွာအဘယ်သို့ဟောပြောကြောငြာရမည့်နည်းလမ်းများကို ဩဂုတ်လ (၄ မှ ၅) နှစ်ရက်တာနှီးနှောဖ လှယ်ခဲ့ကြသည်။ ဤသို့ပြု လုပ်ရခြင်းမျာဂိုဏ်းချုပ်သာ သနာအတွင်းရှိ သာသနာအုပ် စုငယ်များနှင့်သာသနာကဦးစီးဖွင့် လစ်ထားသောကက်သ လစ်စာသင်ကျောင်းများအားဧဝံဂေလိသတင်းကောင်းကိုနည်းပညာဖြင့်ထိရောက်စွာသင်ကြား ဟောပြောနိုင်ရန်ရည်ရွယ်သည်။

လက်ရှိကြုံတွေ့နေရသောကူးစက် ရောဂါဆိုးကြီးက အနာဂါတ်၌ သာသနာပြုရာတွင်ကြုံတွေ့လာနိုင်သည့်အ ဟန့်အတားများကိုအဘယ် သို့ပြင်ဆင်ကျော်ဖြတ်ရမည့်အသိကိုရရှိစေခဲ့သည်။ ဤနှီး နှောဖလှယ်ခြင်းအစီအစဉ်၌ကက် သလစ်သာသနာပြုခြင်းနှင့်ပညာရေးဆိုင်ရာအမူတော်များ၌တက်ကြွစွာပါ၀င်သောနေကြသောသူများ မိမိတို့၏ အတွေ့ အကြုံကိုဝေမျှကြရန်၊ အထူးသဖြင့်လတ်တလောကြုံတွေ့ရသောအခြေအနေပေါ်မူ တည်၍ထင်ဟပ်ပေါ် လွင်သောသုံး သပ်မူများကို ဝေမျှရန်၊ ထိုအတွေ့ အကြုံကောင်းများမှသင်ယူ၍ သာ သနာပြုခြင်း၌ နည်းပညာကိုကျွမ်းကျင်စွာအသုံးပြု နိုင်သည့်ပညာရှင်များဖြစ်လာရန်အထိရည်ရွယ်သည်။ အထူး သဖြင့်လာမည့်ပညာသင်နှစ်နှင့်သာသနာပြုနှစ်စတင်ချိန်၌ အမှုတော်ထမ်းကြမည့်သူများသည် ကြုံတွေ့လာနိုင်သောစိန်ခေါ်ချက်များကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲ၏ပထမနေ့၌ နှီးနှောဖလှယ်ပွဲ၏ခေါင်းစဉ်ဖြစ်သော ‘နားထောင်ပါ။ ဝေမျှပါ။ ချိပ်ဆက်ပါ။ သင်ယူပါ’ အပေါ်အဓိကထားဆွေး နွေးဟောပြောခဲ့ကြသည်။ ထိုအစီအစဉ်အတွင်း၌သာသနာမှဖွင့်လှစ်ထားသောကျောင်း များ၌ တာ၀န်ထမ်းနေသော ၀န်ထမ်းများ၊ လုပ်အားပေးများသည်ခေါင်းစဉ်အလိုက်ဖြစ်စေ၊ သင်ကြားရသောအတန်းလိုက် ဖြစ်စေ၊ ကျောင်းများ၊ သာသနာမှဖွင့်လှစ်ထားသောကျောင်း များ ၏အချိန်ဇယားများအလိုက်ဖြစ်စေတင်ပြဆွေးနွေးသွား ခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲ၏ဒုတိယနေ့၌မူ ယခုကဲ့သို့မသေချာမရေရာဘဲ အကြပ်အတည်းအမျိုးမျိုးဖြစ်ပေါ်နေသောကာ လ၌ ဂိုဏ်းချုပ်သာသနာကဖော်ဆောင်နေသောပညာသင်ကြားခြင်း၊ သင်ယူခြင်းနှင့်သာသနာပြုခြင်းအမှု၏ ကောင်း ကျိုးများကိုမီးမောင်းထိုးဆွေးနွေးကြပြီး၊ ထိုတင်ပြချက်များထဲမှ ‘နားထောင်မည်။ သင်ယူမည်။ တိုးပွားစေမည်။ ထိုအ ဖွဲ့ကို အတူပူးတွဲလုပ်ဆောင်သော ကက်သလစ်လူမူဆက်သွယ်ရေးအသင်း (C 3) ဟုခေါ်ပြီး၊ ဤအသင်းကို (၂၀၁၀) ခု နှစ်၌ပိုက်လော့စနစ်ဖြင့်ချိပ်ဆက်လုပ်ဆောင်ကာ ဂိုဏ်းချုပ်သာသနာအတွင်းနည်းပညာကိုအကျိုးရှိထိရောက်စွာအသုံး ပြုရန်ဖြစ်သည်။ (C 3) ၏လုပ်ဆောင်ခဲ့မူများနှင့်ပတ်သက်သောတင် ပြချက်များကိုလည်းပြန်လည်သုံးသပ်မည်။ အခြေ အနေနှင့်သင့်လျှော်အောင်ချိန်ညှိကြမည်ဖြစ်သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2EZnpQr

Add new comment

4 + 8 =