ဧလိယကဲ့သို့ သတ္တိရှင်ခရစ်ယာန်များ လိုအပ်နေကြောင်း ပုပ်ဖရန်စစ်ပြောကြား

ဧလိယကဲ့သို့ သတ္တိရှင်ခရစ်ယာန်များ လိုအပ်နေကြောင်း ပုပ်ဖရန်စစ်ပြောကြား

ဧလိယကဲ့သို့ သတ္တိရှင်ခရစ်ယာန်များ လိုအပ်နေကြောင်း ပုပ်ဖရန်စစ်ပြောကြား

 ဗုဒ္ဓဟူးနေ့တွင် စိန့်ပေါလ် ၆ ခန်းမ၌ ဘာသာတူသားသမီးများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က "ပရောဖက် ဧလိယကဲ့သို့သော ခရစ်ယာန်များစွာကို ကျွန်ုပ်တို့လိုအပ်နေသည်"ဟု မီးမောင်းထိုးပြခဲ့သည်။

"ပရောဖက်ဧလိယသည် အဆင်းသဏ္ဍာန်ပြောင်းလဲရာတွင် ခရစ်တော်၏နံဘေး၌ထင်ရှားနေသူဖြစ်ပြီး လောက၌လုပ်ဆောင်စရာများကို ပြီးဆုံးသည့်အခါ အရှင်လတ်လတ် ကောင်းကင်သို့ ချီပင့်ခြင်းကို ခံရသူဖြစ်ကြောင်း၊ သူသည် သလင်းကျောက်ကဲ့သို့ ရှင်းသန့်ခိုင်မာသော ယုံကြည်ခြင်းကို အသက်ထက်ဆုံးမြဲမံစွာ စွဲကိုင်ခဲ့ကြောင်း"တင်စားတော်မူခဲ့သည်။

ယခုကာလတွင်လည်း ခရစ်ယာန်တို့သည် နှောင့်ယှက်စုံစမ်းခြင်းများကို သိ၍ ခံထမ်းနိုင်ပြီး ဘုရားရှင်၏မူလရည်ရွယ်ချက်အတိုင်းနေထိုင်စေလိုကြောင်း၊ ပရောဖက်ဧလိယသည် အောင်မြင်သည်၊ကျရှုံးသည်ဖြစ်စေ အမြဲဆုတောင်းခဲ့ပြီး ဘုရားသခင်အားထိခိုက်စော်ကားသူများကို အတိုက်အခံပြုကာ ရဲရင့်ခဲ့သူဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည်လည်း မကောင်းသောအရာများကို တားမြစ်ရဲသော သတ္တိရှိရန်နှင့် အကောင်းဆုံးသောချစ်မြတ်နိုးခြင်းသည် ဆုတောင်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုပ်ဖရန်စစ်အရှင်သူမြတ်က "အချို့သော နေ့ရက်များ၌ ကျွန်ုပ်တို့ အထီးကျန်သောအခါနှင့် အသုံးမဝင်ကြောင်းခံစားမိသည့်အခါ၊ ဆုတောင်းခြင်းအားဖြင့် ကုစားကြရန်၊ အမှားလုပ်မိ၍ ထိတ်လန့်တုန်လှုပ်သောအခါ ဆုတောင်းခြင်းဖြင့် ငြိမ်သက်ရာရမည်ဖြစ်ကြောင်း"အကြံပေးကာမိန့်ကြားခဲ့ပါသည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/3nvrHkc

Add new comment

8 + 1 =