ဧပြီလ ၂၁ ရက်သည် ရောမမြို့၏  နှစ် ၂၇၇၅ ခုနှစ်ပြည့်မြောက် မွေးနေ့ဟုဆို

ဧပြီလ ၂၁ ရက်သည် ရောမမြို့၏  နှစ် ၂၇၇၅ ခုနှစ်ပြည့်မြောက် မွေးနေ့ဟုဆို

ဧပြီလ ၂၁ ရက်သည် ရောမမြို့၏  နှစ် ၂၇၇၅ ခုနှစ်ပြည့်မြောက် မွေးနေ့ဟုဆို

 

၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ  ရောမမြို့ဟာဆိုရင်  ၂၇၇၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ တယ် ။ ရောမသမိုင်းဝင်အဖွဲ့၏ ဥက္ကဌ Sergio Iacomoni ရဲ့ အဆိုအရ ရောမမြို့ရဲ့ မွေးနေ့ပွဲကို ကျင်းပခြင်းဟာ မြို့တစ်မြို့ကို ပြန်လည်အောက်မေ့ သတိရခြင်းထက် ပိုကြောင်း  ရောမမြို့ မွေးနေ့ကို ဂုဏ်ပြုခြင်းဟာ ပြန်လည်နိုးထလာခြင်း၊ မတူညီသောနေထိုင်မှုပုံစံနှင့် တွေးခေါ်ပုံတို့ကို ကျင်းပခြင်းလိုမျိုး ဖြစ်ကြောင်း

 

ရောမသမိုင်းဆိုင်ရာအဖွဲ့ကို ၁၉၉၄ ခုနှစ်မှာတည်ထောင်ခဲ့၍ ကနဦးရည်မှန်းချက်မှာ သမိုင်း နဲ့ ရှေးဟောင်းရောမမြို့သို့ စိတ်ဝင်စားသူတွေ အတူတူ လာရောက်နိုင်သည့်နေရာတစ်ခု ဖန်တီး ရန် ဖြစ်ကြောင်း သို့သော် ရောမမြို့က လူတွေတင်မဟုတ်ဘဲ တခြားနေရာမှာ ရှိတဲ့ စိတ်တူကိုယ်တူသူများ မျှဝေ လေ့လာနိုင်ဖို့ရန်အတွက်ဖြစ်သည်ကို  မြန်မြန်ဆန်ဆန် သိခဲ့ရကြောင်း  ဆက်လက်ပြီး Sergio က

“တစ်စနဲ့တစ်စ စိတ်ဝင်စားသူတွေ ပိုမို တိုးလာတယ်။ ဒီဝါသနာကို မျှဝေတဲ့သူတွေ အများကြီးရှိ လာ တယ်။ ထူးဆန်းတာက အီတလီမှာသာမက ဥရောပတိုက်မှာရော ကမ္ဘာတစ်ဝှမ်းလုံးမှာပါ စိတ်ဝင်စားစွာ တွေ့နေရတယ်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့တွင် သြစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နှင့် လက်တင်အမေရိကတို့မှာ ပရိသတ်များစွာရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဖွဲ့သည် ရှေးခေတ်ကမ္ဘာနှင့် ယနေ့ခေတ် ကမ္ဘာကြီးနှစ်ခုလုံးတွင် ရောမလူနေမှုဘဝနဲ့ ယဉ်ကျေးမှုတို့၏ အကျိုးသက်ရောက်မှုကို ပြသခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း မြို့တော်၏မွေးနေ့ပွဲကို ကျင်းပကြတာပါ။

Sergio က “ကျွန်ုပ်တို့ဟာ မြို့တစ်မြို့ကို ဆင်နွှဲရုံမျှမက ရောမမြို့မှအစပြုတဲ့ စံပြဘဝပုံစံ၊ မတူညီ သောနေထိုင်မှုပုံစံကို ဂုဏ်ပြုခြင်းလည်းပါရှိပြီး ရောမက နိုင်ငံများစွာအတွက် ပြဿနာများစွာကို ဖန်တီးခဲ့သည်မှာ မှန်သော်လည်း ၎င်းဟာ လူများစွာရဲ့ဘဝကို ပြောင်းလဲစေခဲ့သည်မှာလည်း မမှားပါဘူး။ တရားစီရင်ရေးစနစ်နဲ့ ဥပဒေများကို ဖန်တီးခဲ့သလို လမ်းကို တီထွင်ပြီး ရေပေးဝေတယ်။ မတူညီသော မြို့ပြ လူနေထိုင်မှုပုံစံကို စတင်ခဲ့တယ်” လို့လည်းဆိုပါတယ်။

လွန်ခဲ့သည့် ၂၈ နှစ်တာကာလအတွင်း ရောမသမိုင်းဝင်အဖွဲ့ဟာ ရောမနိုင်ငံ၏ ရိုးရာ ရောမ ယဉ်ကျေးမှု အခမ်းအနားများဖြင့် ရောမမြို့ကို တည်ထောင်ခြင်းကို ဆင်နွှဲခဲ့ကြတာပါ။  ၎င်းတို့က မြို့တော်ရဲ့ သမိုင်းဝင်အချက်အချာကိုဖြတ်ပြီး စီတန်းလှည့်လည်ခြင်းနဲ့ ရှေးခေတ် တိုက်ပွဲများကို  ပြန်လည် အသက် ဝင်လာခြင်း တွေလည်း ပါဝင်ကြောင်း

နှစ် ၃၀၀၀ နီးပါးကြာပြီးနောက်၊ လမ်းများအားလုံးဟာ ရောမမြို့သို့ ဦးတည်နေဆဲဖြစ်ကြောင်းကို  အခမ်း အနားများက သက်သေပြနေတယ်လို့ဆိုပါတယ်။

 

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/36FrTK2

Add new comment

6 + 13 =