ဧပြီလအတွက်ရဟန်းမင်းကြီး ဖရန်စစ်၏ဆုတောင်းရန်ရည်ရွယ်ချက်

ဧပြီလအတွက်ရဟန်းမင်းကြီး ဖရန်စစ်၏ဆုတောင်းရန်ရည်ရွယ်ချက်

ရဟန်းမင်းကြီးတိုင်းသည် လစဉ်ဆုတောင်းရန်ရည်ရွယ်ချက်ကိုထားရှိ၍ ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်ဘာသာတူများအားလည်းအဆိုပါရည်ရွယ်ချက်များအတွက်ဆုတောင်းကြရန်တိုက်တွန်းနိူးဆော်လေ့ရှိသည်။

ဤသို့လုပ်ဆောင်မှုသည်အစဉ်အလာကောင်းတစ်ခုဖြစ်သည်။ အတိတ်ကယခုကဲ့သို့နည်းပညာတိုးတက်မှုမဖွံ့ဖြိုးသေးသောကြောင့်လည်း လစဉ်ဆု တောင်းရန်ရည်ရွယ်ချက်များကိုအချိန်မှီမပို့ပေးနိုင်သည့်လများလည်းရှိခဲ့ဖူးပါသည်။ ယခုအခါ၌မူတစ်နှစ်စာအတွက်ကြိုတင်၍ပေးပို့ထားသောကြောင့် အချိန်မှီအသိပေးနိုင်သည်။

ယခုလ (ဧပြီ) ၏ရည်ရွယ်ချက်မှာရဟန်းမင်းကြီးက ငြိမ်းချမ်းရေးနှင့်အကြမ်းမဖက်ရေးလုပ်ငန်းစဉ်အတွက်အထူးဆုတောင်းပေးရန်ကမ္ဘာကြီးအားပန်ကြားထားသည်။ ရှင်သန်ရာ၌၊ ပြောဆိုရာ၌၊ ပြုမူလုပ်ဆောင်ရာ၌အကြမ်းမဖက်ရန်၊ အကြမ်းမဖက်ခြင်းသည်လက်နက်ချအညံ့ခံခြင်း၊ ရှုံးနိမ့်ခြင်း၊ လက်မြောက်ခြင်းမဟုတ်။ မည်သည့်အရာမျှဆုံးရှုံးခြင်းမဟုတ်။ အရာရာကိုအကောင်းဆုံးဖြစ်ရန်၊ ထိရောက်အောင်မြင်ရန်စေ့ဆော်ခြင်းဖြစ်သည်။

ဤငြိမ်းချမ်းရေးယဉ်ကျေးမှုကိုဖော်ဆောင်ရာတွင် နိုင်ငံတော်အနေဖြင့်သော် လည်းကောင်း၊ နိုင်ငံသားများအနေဖြင့်သော်လည်းကောင်း လက်နက်အားကိုးသည့်လမ်းစဉ်ကိုနည်း နိုင်သမျှနည်းအောင်လျော့ချလုပ်ဆောင်ရန်တိုက်တွန်းထား သည်။

ရဟန်းမင်းကြီးသည် မတ်လ (၃၀) ရက်နေ့က ဗွီဒီယိုဖြင့်သတင်းစကားပါးခဲ့သည်။

ရဟန်းမင်းကြီး၏သတင်းစကား၌ ပြည်တွင်း၊ ပြည်ပစစ်ဖြစ်ပွားနေသည့်မြင်ကွင်းများ၊ ဗုံးဒဏ်ကြောင့်မြို့ရွာတိုက်တာများမီးလောင်ကျွမ်းပြိုလဲနေသောအဆောက်အဦးများ၊ စစ်ရှောင်များကိုယ်စီအထုပ်ပိုက်၍လွတ်ရာကိုထွက်ပေးနေကြသည့်ပုံများ၊ အခင်းဖြစ်ပွားရာနေရာသို့ရဲများရောက်ရှိစစ်ဆေးနေသည့်ပုံများ၊ ငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်းစွာဆန္ဒပြနေ့သည့်ပုံများနောက်ခံထားသည်။ အချို့သောဗွီဒီယိုဖိုင်လ်များ၌မူ ငြိမ်းချမ်းရေး၏ပြယုဂ်များဖြစ်သော စိန့်ဂျွန် (၂၃)၊ မာသာရ်ထရေးဇာ၊ မာတင်လူသာကင်း၊ မဟတမ္မဂန္ဓီ၏ပုံများကိုထည့်သွင်းဖော်ပြထားသည်။

စိန့်ဂျွန် (၂၃) သည် လွန်ခဲ့သည့်နှစ် (၆၀) ကသူပုံနှိပ်ထုတ်‌ေ၀ခဲ့သော 'Pacem in Terris' (မြေကြီးပေါ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေ) စာချွန်တော်ထဲ၌ စစ်ပွဲသည်ရူးမိုက်ခြင်းဖြစ်သည်။

ဆင်ခြင်တုံတရား၏ဘောင်အပြင်ဖက်ရောက်ရှိသွားသည်ဟုမိန့်ကြားထားကြောင်း၊ မည်သို့ခေါင်းစဉ်တပ်ထားသောစစ်၊ ယမ်းထောင်းသေနတ်၊ လေသေနတ်ပင်ဖြစ်စေ အသုံးပြုခြင်းသည်နောက်ဆုံး ၌အရှုံးဖြင့်သာအဆုံးသတ်ကြရမည်ဖြစ်သည်။

အဆိုပါစာချွန်တော်သည် ကမ္ဘာတစ်၀ှမ်းလုံး၏ငြိမ်းချမ်းကိုအမှန်တရား၊ တရားမျှတခြင်း၊ ချစ်ခြင်းနှင့်လွှတ်လပ်မှုကိုရှာဖွေယူကြရမည်။

ရဟန်းမင်းကြီးဖရန်စစ်လည်း ကမ္ဘာကြီးအား ငြိမ်းချမ်းရေးယဉ်ကျေးမှုကိုဖွံ့ဖြိုးအောင်တိုးမြင့်လုပ်ဆောင်ရန်၊ မိမိကိုယ်ကိုကာကွယ်ရာ၌ပင်လျှင် လက်လွန်ရမ်းကား၍လက်နက်အားကိုးခြင်းမပြုမိစေရန်၊ ငြိမ်းချမ်းရေးသည်လုပ်ဆောင်ချက်အားလုံး၏ပန်းတိုင်ဖြစ်သည်။ ထိုငြိမ်းချမ်းရေးသည် ရွှေရည်စိမ်ငြိမ်းချမ်းရေးမဟုတ်ဖြစ်ရ။ လောကပေးသောငြိမ်းချမ်းရေးနှင့်မတူသည့် ဧ၀ံဂေလိတရားတော်နှင့်ညီသော ထာ၀ရငြိမ်းချမ်းရေးဖြစ်ရမည်။ ထိုငြိမ်းချမ်းရေးသည် လက်နက်အသုံးပြုမှုကင်းစင်နေရမည်ဖြစ်သည်။

ရဟန်းမင်းကြီး၏လစဉ်ဆုတောင်းရန်ရည်ရွယ်ချက်ကိုဗွီဒီယိုဖြင့် ရဟန်း မင်းကြီး၏ဆုတောင်းခြင်းကွန်ရက်အဖွဲ့ကထုတ်လွှင့်လေ့ရှိသည်။ ကျွန်ုပ်တို့၏နေ့စဉ်ဖြစ်စေ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာအဆင့်ငြိမ်းချမ်းရေး၊ မည်သည့်လုပ်ဆောင်ချက်များ၌မဆိုအကြမ်းမဖက်သည့်နည်းလမ်းဖြင့်အတတ်နိုင်ဆုံးလုပ်ဆောင်ကြရန်ရဟန်းမင်းကြီးကတိုက်တွန်းထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3lXmtlo

Add new comment

4 + 9 =