ဦးနှောက်သွေးယိုစီးရာမှဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်ကြီး မိုးဇယ်ကော့စတာပျံလွန်သွားခဲ့

ဦးနှောက်သွေးယိုစီးရာမှဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်ကြီး မိုးဇယ်ကော့စတာပျံလွန်သွားခဲ့

ဦးနှောက်သွေးယိုစီးရာမှဘင်္ဂလားဒေ့ရှ်ဂိုဏ်းချုပ်ဆရာတော်ကြီး မိုးဇယ်ကော့စတာပျံလွန်သွားခဲ့

ဂိုဏ်းချုပ်ဆရာတော်မိုးဇယ်ကော့စတာသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ချစ်တကောင်းဂိုဏ်းချုပ်သာသနာမှဖြစ်ပြီး၊ ယ နေ့ဇူလိုင်လ (၁၃) ရက်နေ့တွင် လေဖြတ်သွားခဲ့ပြီးနောက် ဦးနှောက်သွေးယိုစီးရာမှပျံလွန်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သော ကာဒီနယ်ပက်ထရစ်ဒီရိုဇားရီအိုမှ၀မ်းနည်းစွာ ကြေငြာခဲ့သည်။

ဆရာတော်ကြီးသည် ဇွန်လ (၁၅) ရက်နေ့ကကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံစားရ၍ကုသရန်ဆေးရုံတင်ခဲ့ သည်။ သူသည်ကက်သလစ်သံဃာများအနက်ဤရောဂါကူးစက်ခံရသောပထမဦးဆုံးဆရာတော်ဖြစ်သည်။ ဇွန်လ (၂၄) ရက်နေ့၌မူရောဂါကင်းစင်သွားပြီဖြစ်ကြောင်းကျန်းမာရေးဆေးစစ်ချက်ကိုရယူကာဆေးရုံမှဆင်းလာခဲ့သည်။ သက်တော် (၇၀) ရှိပြီဖြစ်သောဆရာတော်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အတွင်းရေးမှူးလည်း ဖြစ်ပြီး၊ ဆရာတော်ကြီးများလက်အောက်ရှိကက်သလစ်ကျန်းမာရေးကော်မရှင်၏နာယကလည်းဖြစ်သည်။

ချစ်တကောင်းဂိုဏ်းချုပ်ဆရာ တော်အဖြစ်အမှုတော်မထမ်းဆောင်မှီ ချစ်တကောင်းနှင့်ဒီနာပူရ်သာသနာ၏ ဆရာတော်အဖြစ် (၁၉၉၆) ခုနှစ်မှစ၍အမူတော်ထမ်းခဲ့သည်။ ချစ်တကောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကက်သလစ်သာ သနာတော်ကြီးရှစ်ခုအနက် ကိုဗစ် (၁၉) နှင့်ဆိုင်သောပညာပေးလမ်းညွှန်မူများ၊ လူစုလူဝေးဖြင့်၀တ် ပြုဆုတောင်းခြင်း များကိုဦးဆုံးပိတ်ပင်ခဲ့သောသာသနာတစ်ခုလည်းဖြစ်သည်။ သို့သော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကိုဗစ် (၁၉) အိမ်အောင်း ကာလကို မေလ (၃၁) ရက်နေ့ကဖြေလျော့ခဲ့ရာ၊ ထိုအချိန်မှစ၍ချစ်တကောင်းဂိုဏ်းချုပ်သာသနာမှလွဲ၍ကျန်သောသာ သနာများအားလုံးသည် လူစုလူဝေးဖြင့်၀တ်ပြုဆုတောင်းခြင်း၊ မစ္ဆားတရားပူဇော်ခြင်းများကိုပုံမှန်အတိုင်း၀တ်ပြုလျှက်ရှိ သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38PdXtE

Add new comment

1 + 1 =