ဦးနှောက်ဖွံ့ဖြိုးမူနှေးသည့် ရောဂါခံစားနေရသောအမျိုးသမီးတစ်ဦး သမ္မာကျမ်းစာတစ်အုပ်လုံးကိုလက်ဖြင့်ကူးရေးပြီးစီး

ဦးနှောက်ဖွံ့ဖြိုးမူနှေးသည့် ရောဂါခံစားနေရသောအမျိုးသမီးတစ်ဦး သမ္မာကျမ်းစာတစ်အုပ်လုံးကိုလက်ဖြင့်ကူးရေးပြီးစီး

ဦးနှောက်ဖွံ့ဖြိုးမူနှေးသည့် ရောဂါခံစားနေရသောအမျိုးသမီးတစ်ဦး သမ္မာကျမ်းစာတစ်အုပ်လုံးကိုလက်ဖြင့်ကူးရေးပြီးစီး

သာမန်လူကောင်းတစ်ဦးပင်ပြုလုပ်ရန်မလွယ်သော အထူးသဖြင့်စာရေးသူကဲ့သို့သောသူအဖို့ ပြုလုပ်ရန်မလွယ် သောအလုပ်တစ်ခုကို ဦးနှောက်ဖွံ့ဖြိုးမူနှေးသောရောဂါခံစားနေရသည့် ာအမျိုးသမီးတစ်ဦးမှ ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအလုပ်ကား အံ့ဩဖွယ်ရာသာမဟုတ်။ လေးစားဂုဏ်ပြုထိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာ အုပ်ကို သူ၏လက်ရေးမူဖြင့်တစ်အုပ်လုံးကူးရေးနိုင်ခဲ့သည်။ ထိုအမှုကိုပြီးစီးရန်မှာ (၉) နှစ်တာစိတ်ရှည်စွာကူးယူပြီးစေခဲ့ရသည်။ သူကဲ့သို့ပင် အိန္ဒိယမှအမျိုးသားတစ်ဦးလည်း ကိုးဗစ်ကပ်ရောဂါဆိုးကာလ၌ သမ္မာကျမ်စားကိုလက်ဖြင့်တစ်အုပ်လုံးကိုကူးယူခဲ့သူပေါ်ထွက်ခဲ့ဖူးသည်။ သို့သော်သူသည် သာမန်လူကောင်းတစ်ဦးဖြစ်သည်။

ယခုသမ္မာကျမ်းစာကိုလက်ဖြင့်ကူးယူပြီးစီးခဲ့သူမှာ ကယ်ရိုရိုင်းကမ်ဘဲလ် (Caroline Campbell) ဖြစ်ပြီး၊ ဤ စိတ်ကူးကို (၂၀၁၂) ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် သာမန်လူကောင်းတစ်ဦးအတွက်ပင်မ လွယ်သောဆုံးဖြတ်ချက်ဖြစ်၍ သူ၏ဆုံးဖြတ်ချက်ကိုလူများကြားသိသောအခါ မဖြစ်နိုင်၊ လူထူးလူဆန်းဟုသတ်မှတ်ပြီး အစပိုင်း၌လက်ရှောင်ကြသည်။ အထင်အမြင်သေးကြသည်။ ယခုသူသည် (၂၈) နှစ်ပြည်ပြီသည်။ သူ၏တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့မှုသည် အခြားသူများကိုလည်းအဓိပ္ပါယ်ရှိသောလုပ်ရပ်တစ်ခုခုကိုလုပ်ဆောင်တတ်ရန် တွန်းအား၊ အတွေး တစ်ခုဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့သောဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးသောသူပင်လျှင်ဤသို့ပြုလုပ်ရန် အကြံရနိုင်လျှင် သာမန်ဖွံ့ဖြိုးရှင်သန်နေသူများသည်ပို၍ပင်လုပ်နိုင်မည်ဖြစ်သည်။ သမ္မာကျမ်းစာကိုကူးယူခြင်းကိုသူသည် ယခုလ (ဇွန် ၆၊ ၂၀၂၁) တွင်အဆုံးသတ်နိုင်ခဲ့သည်။

သူသည် (၁၉၇၃) ခုနှစ်ထုတ်သော ‘New American Standard’ ကျမ်းစာအုပ်မှကူးရေးခဲ့ခြင်းဖြစ်သည်။ ထိုကျမ်းစာအုပ်၌ စာလုံးရေ (၇၈၂၈၁၅) လုံးပါရှိသည်။ သူသည်ဤအလုပ်အတစ်ခုတည်းကိုသာလုပ်ခြင်းမဟုတ်။ အခြားသောသူ၏ တစ်နေ့တာလုပ်စရာရှိသည်များကိုလည်းမလစ်အောင်လုပ်ဆောင်လေ့ရှိသည်။ သူသည်စားသောက်ဆိုင်တစ်ခု၏၀န်ထမ်းလည်းဖြစ်ပြီး၊ သက်ကြီးများအားပြုစုစောင့်ရှောက်သောဂေဟာတစ်ခု၌လည်းလုပ်အားပေးနေသူ၊ စက်လည်းချုပ်ပြီး၊ စန္ဒားရားလည်းတီးလေ့ရှိသည်။ သူ့အားဤသို့သောခံယူချက်ပြင်းထန်လာအောင် စိတ်ဓာတ်ကိုပျိုးထောင်ပေးခဲ့သူမှာ သူ၏သင်းအုပ်ဆရာ Carl Broggi ကြောင့်ဖြစ်သည်။ သူ၏ဆုံးဖြတ်ချက်ကိုလက်တွေ့ဖော်ဆောင်ရန်အတွက် သူ၏အသင်း တစ်ဖွဲ့လုံးကကူညီထောက်ပံ့ပေးခဲ့သည်။ ထို့အတူ ဇွန်လ (၆) ရက်နေ့ က သူ၏နောက်ဆုံးစာမျက်နှာကူးယူအဆုံးသတ်ခြင်းကို အသင်း၀င်များကစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the Beaufort Bazette

https://bit.ly/3vLEEJD

Add new comment

17 + 2 =