ဦးနှောက်ကင်ဆာခံစားနေရသော ကက်သလစ်ရဟန်းတစ်ပါး ရိုသေထိုက်လှသူ ‘Fulton J Sheen’ မှတဆင့်ဆုတောင်းခံ

ဦးနှောက်ကင်ဆာခံစားနေရသော ကက်သလစ်ရဟန်းတစ်ပါး ရိုသေထိုက်လှသူ ‘Fulton J Sheen’ မှတဆင့်ဆုတောင်းခံ

ဖာသာရ် Jeffrey Montz သည် အမေရိကန်ပြည်ထောင်စု New Orleans ပြည်နယ်မှဦးနှောက်ကင်ဆာခံစားနေရသော ရဟန်းပျိုတစ်ပါးဖြစ်ပြီး သူခံစားနေရ သော‌ေ၀ဒနာကိုခေတ်မှီဆေးပညာဖြင့်ကုသမှုခံယူခဲ့သော်လည်းမထူးခြားလှ။ ထို့ကြောင့် ဘုရားကုကုသည့် အနေဖြင့် ရဟန္တာတစ်ပါးဖြစ်ရန်အဆင့် (၄) (ပထမအဆင့် - ဘုရားသခင်၏အစေခံ၊ ဒုတိယ – ရိုသေထိုက်သောသူ၊ တတိယ – သူတော်သူမြတ်၊ စတုတ္ထ - ရဟန္တာ) ဆင့်ရှိသည့်အနက်ရိုသေထိုက်လှသူ ‘Fulton J Sheen’ (ယခင်အမေရိကန်ပြည်ထောင်စု၏ဆရာတော်ဖြစ်ခဲ့) ၏သူ၏ကင်ဆာရောဂါပျောက်ကင်းစေရန်ကူညီဆုတောင်းပေးခြင်းကိုတောင်းခံ
လျှက်ရှိသည်။

ထိုတောင်းခံမှုကို ကင်ဆာခံစားနေရသောဘုန်းတော်ကြီးသည် စိပ်ပုတီးသခင်မစိပ်ပုတီးအသင်း၏ ‘ဖေ့စ်ဘွတ်ခ်’ လူမှုကွန်ရက်ပေါ်တွင်ယခင်လကရေးတင်ခဲ့သည်။ ဤသို့ရေးတင်ခြင်းမှာ အကယ်၍ ကင်ဆာရောဂါခံစားနေရသောဘုန်းတော်ကြီး၏‌ေ၀ဒနာသည် ရိုသေထိုက်လှသောဂိုဏ်းချုပ်ဆရာတော် ‘Fulton J. Sheen’ ၏ကူညီဆုတောင်းပေးခြင်းကြောင့် ဘုရား သခင်နား ညောင်းကာ သက်သပျောက် ကင်းသွားစေခဲ့သည်ကိုတရား၀င်သိစေလို၍ဖြစ်သည်။ ဤအာနု ဘော်ရရှိပါက ဂိုဏ်းချုပ်ဆရာတော်သည် သူတော်မြတ်ဖြစ်ရန်ပို၍နီးစပ်လာပေမည်ဖြစ်သည်။

ကင်ဆာခံစားနေရသောဘုန်းတော်ကြီးက သူ၏ဆုတောင်းခြင်းစာမျက်နှာပေါ်၌ ဇွန်လဆန်းပိုင်းတွင် ကျန်းမာရေးအခြေအနေကိုအသိပေးထားသည်။ သူ၏ကင်ဆာအဆင့်မှာ (၂) ရှိနေကြောင်းသိရသည်။ သူ့အားကုသမှုပေးမည့်ဆရာ၀န်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရမည်ဖြစ်သည်။ ဤတွေ့ဆုံဆွေးနွေးမှုမှ ဘုန်းတော်ကြီးသည် သက်တော်ရှည်ကြာစွာနေထိုင်ပြီး ဘုရားအမှုတော်ကိုဆက်လက်ထမ်းဆောင်နိုင်ရန်အထူး ဆုတောင်းပေးနေကြသည်။

ရဟန္တာအဖြစ်တင်မြောက်နိုင်ရန် လိုအပ်သောအဆင့်များကိုစီစစ်လုပ်ဆောင်နေသော အလွန်ရိုသေထိုက်သော ဂိုဏ်းချုပ်ဆရာတော် ‘Fulton J. Sheen’ သည် (မေလ ၈၊ ၁၈၉၅) Illinois ပြည်နယ်၌မွေးဖွားခဲ့သည်။ ကက်သလစ်ဘုန်းတော်ကြီးအဖြစ် (၁၉၁၉) တွင် Peoria သာသနာ၌ သိက္ခာတင်ခဲ့သည်။ သူသည် ရုပ်သံလိုင်းမှ ဧ၀ံဂေလိကျမ်းစာများကို‌ေ၀များခြင်းအစီအစဉ်ကိုတာ၀န်ယူထုတ်လုပ်ခဲ့ပြီး လွန်စွာလူသိများခဲ့သည်။ သူ၏သမ္မာကျမ်းစာအကြောင်းထုတ်လွှင့်ခဲ့သောစီးရီး၏ အမည်ကို ‘Life is Worth Living’ (ဘ၀သည် ရှင်သန်ရန်ထိုက်တန်လှသည်) ဟုဖြစ်သည်။

ယနေ့ခေတ်၌လည်းလူမှုကွန်ရက်တွင်ပြန်လည်ရှာဖွေကြည့်ရူနိုင်ပါသည်။ ယနေ့ခေတ်အခါ၏အသုံးအနှုန်းနှင့်ဆိုပါလျှင် ‘Cele’ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူထုတ်လွှင့်ဟောပြောသည်ကိုကြည့်ရူသူပေါင်းသန်းနှင့်ချီရှိခဲ့သည်။

သူသည် (ဒီဇင် ဘာလ ၉၊ ၁၉၇၉) ခုနှစ်၌ပျံလွန်သွားခဲ့သည်။ ပျံလွန်ချိန်၌ သက်တော် (၈၄) ရှိပြီဖြစ်သည်။ သူ၏မိခင်သာသနာကသူ့အားရဟန္တာအဖြစ်တင်မြောက်နိုင်ရန်အတွက် (၂၀၀၂) ကစတင်၍အချက်အလက်များကို ကောက်ယူစီစစ်ပေးပို့ထားပြီးဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/46fhLl6

Add new comment

3 + 11 =