ဥရုဂွေး နှင့် အာဂျင်တီးနား မှ ဆရာတော်ကြီးများ နိုင်ငံတကာ အလုပ်သမားနေ့ အမှတ်တရ ရပ်တည်ချက်များ

မေလ ၁ ရက် နေ့မှာကျရောက်သော ကမ္ဘာအလုပ်သမားနေ့

ဥရုဂွေး နှင့် အာဂျင်တီးနား မှ ဆရာတော်ကြီးများ နိုင်ငံတကာ အလုပ်သမားနေ့ အမှတ်တရ ရပ်တည်ချက်များ
မေလ ၁၊ ၂၀၁၉

ကက်သလစ်ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များသည် အလုပ်သမားများဖက်မှ အမြဲရပ်တည်ပေးခဲ့ကြသလို ယခုနှစ် ၂၀၁၉ မေလ ၁ ရက် ကမ္ဘာအလုပ်သမားနေ့တွင် ဥရုဂွေး နှင့် အာဂျင်တီးနား မှ ဆရာတော်ကြီးများ နိုင်ငံတကာ အလုပ်သမားနေ့ အမှတ်တရ ရပ်တည်ချက်မှာ သိသာထင်ရှားခဲ့ပါသည်။ နှိမ့်ချသော အလုပ်သမား သံဇူဇယ် ပွဲတော်နေ့ မေလ ၁ ရက် နေ့မှာကျရောက်သော ကမ္ဘာအလုပ်သမားနေ့ အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း ဘာသာတရားသင်ကြားခြင်း အဆုံးပိုင်းတွင် တကမ္ဘာလုံး စီးပွားရေး အခြေအနေအရ အလုပ်အကိုင်ရှာပါးနေမှုအခြေအနေများ၊ အလုပ်မှ ထုတ်ပယ်ခံရသူများ၊ အလုပ်ရှာမရနိုင်သူများ နှင့် အလုပ်လက်မဲ့ များအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ လည်း ဆုတောင်းပေးခဲ့ပါသည်။

~အာဂျင်တီးနား ဆရာတော်ကြီးများ
သခင်ခရစ်တော်သည် လူလောက အသက်တာ အချိန်အများစုကို သူ၏ လက်သမားလုပ်၌သာ ကုန်ဆုံးစေခဲ့ခြင်းဖြစ်တယ် ဒီအချက်ဟာ သမ္မကျမ်းစာ က လူတစ်ယောက်ရဲ့လုပ်အား၊ လူ့ခွန်အားစိုက်ထုတ်သော အလုပ်ကို အသိအမှတ်ပြုဖော်ပြနေခြင်းဖြစ်တယ်၊ လူလုပ်အားဖြင့်အလုပ်လုပ်ခြင်း ဟာ လူမူ့လောက အခြေအနေတွေကို သဟဇာတ ဖြစ်စေတယ် ထို့အတွက်ကြောင့် ကျွန်ုပ်တို့အားလုံး အလုပ်လက်မဲ့ပြသနာကို တိုက်ဖျက်ရမယ်ဟု အာဂျင်းတီးနား မှ ဆရာတော်ကြီးများ အလုပ်သမားများဖက်မှ ရပ်တည်ထုတ်ပြန်သော စာတွင် ဖော်ပြထားပါသည်။

~ဥရုဂွေး ဆရာတော်ကြီးများ
ဥရုဂွေးဆရာတော်ကြီးများမှ ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်လက်မဲ့လူငယ်များကို အထောက်အပံ့ပေးသော အခြေအနေထက်၊ ဘဝလုံခြုံမူ့ရှိသော ပိုမိုကောင်းမွန်သော အလုပ်များကို အဓိကထား ရှာဖွေကြဖို့ တိုက်တွန်းခဲ့ပြီး မိသားစုဘဝများမြင့်တက်လာလျှင် အယောက်တိုင်စီဘဝ တိုးတက်နိုင်သကဲ့သို့၊ အဖွဲ့အစည်းနိုင်ငံကိုလည်း မြင့်တက်လာစေကြောင်း ဖော်ပြခဲ့ပါသည်။

~ ပုပ် ဖရန်စစ် (တွစ်တာ သတင်စကား)
နာဇရက်မြို့မှ နှိမ်ချသော ရှင်ဂျိုးဇက် ကျွန်ုပ်တိုကို သခင်ခရစ်တော်စီသို့လမ်းပြပါ၊ ကောင်းမွန်သော အလုပ်သမားတို့ခံစားနေရသော ဒုက္ခများကို ကူညီပေးပါ၊ အလုပ်ရှာမရသောသူများ၊ အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် ကြာဝင်ကူညီဆုတောင်းပေးပါ ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ သူ၏ တွစ်တာ အကောင့် တွင် ဆုတောင်းစာရေးသားဖော်ပြထားပါသည်။

https://www.vaticannews.va/en/church/news/2019-05/bishops-uruguay-argentina-labour-day.html

#argentina, #uruguay, #mayday #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 1 =