ဥရောပသို့ ဝင်ရောက်လာသည့် ရွေ့ပြောင်းဒုက္ခသည်များထဲမှ လေးဦးလျှင် တစ်ဦးမှာ ကလေးသူငယ်များဖြစ်နေ

ခက်ခဲကြမ်းတမ်းပြီး အန္ဒရယ် များသော မက်ဒီတရေးနီးယာန်း ပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသို့ ဝင်းရောက်လာသူမျာ

ဥရောပသို့ ဝင်ရောက်လာသည့် ရွေ့ပြောင်းဒုက္ခသည်များထဲမှ လေးဦးလျှင် တစ်ဦးမှာ ကလေးသူငယ်များဖြစ်နေ
မေလ ၈၊ ၂၀၁၉

ခက်ခဲကြမ်းတမ်းပြီး အန္ဒရယ် များသော မက်ဒီတရေးနီးယာန်း ပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသို့ ဝင်းရောက်လာသူများထဲတွင် ကလေးသူငယ်များ အရင်ကထက်ပိုမို များပြားလာကြောင်း ကုလသမ္မက သတင်းပြန်ကြားရေးဌာနမှ ဖော်ပြထားပါသည်။

၂၀၁၉ ခုနှစ် တစ်နှစ်ထည်းတွင် ခက်ခဲကြမ်းတမ်းပြီး အန္ဒရယ် များသော မက်ဒီတရေးနီးယာန်း ပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသို့ ဝင်းရောက်လာသူ ရွေ့ပြောင်းဒုက္ခသည် တစ်သောင်းခြောက်ထောင် ရှိကြောင်း ယင်းထဲတွင် လေးဦးလျှင် တစ်ဦးမှာ ကလေးသူငယ်များဖြစ်နေကြောင်း နှင့် ဒီတစ်လထဲမှာ ပင် ၃၈၀၀ ရောက်ရှိလာကြောင်း ဖော်ပြထားပါသည်။ ရွေ့ပြောင်းဒုက္ခသည်များထဲမှ ကလေးသူငယ်ပေါင်း လေးသောင်းတစ်ထောင် ကို ဂရိ၊ အီတလီ နှင့်ဘ ဘယ်လ်ကန် နိုင်ငံငံများတွင် ကူညီထောက်ပံကာကွယ်စောင့်ရှောက် ပေးထားပြီဖြစ်ကြောင်း ကိုလည်း ဖော်ပြထားပါသည်။

ခက်ခဲကြမ်းတမ်းပြီး အန္ဒရယ် များသော မက်ဒီတရေးနီးယာန်း ပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသို့ ဝင်းရောက်လာသူ ရွေ့ပြောင်းဒုက္ခသည်များထဲမှ လမ်းခရီးတွင် သေဆုံးသူ ၃၆၅ ဦးရှိပြီဖြစ်ကြောင်း နှင့် ဒုက္ခသည်များ၏ ၆၀ ရာခိုင်နုန်းကို ၂၀၁၈ ခုနှစ်က တရားဝင် စရင် သွင်းပေးထားပြီးဖြစ်ကြောင်း၊ လူကြီး အုပ်ထိမ်းသူမပါသော ကလေးသူငယ် ၂၀၀၀ ကျော်ကို အီတလီ နိုင်ငံတွင်ကူညီကာကွယ် စောင့်ရှောက်ပေးထားကြောင်း နှင့် ကလေးသူငယ် ၁၅၈၅၀ မှာ ယူနီဆပ်ဖ် အကူအညီဖြင့် ပညာရေးအထောက်အပံ့များ ရရှိနေပြီးဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

အီတလီသို့ ရောက်ရှိလာသည့် ရွေပြောင်းဒုက္ခသည် အမျိုးသမီး အားလုံးနီပါးမှာ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုများ ကြုံတွေ့ရကြောင်း နှင့် အများစုမှာ ဆင်ရဲးမွဲးတေမှု၊ စိတ်ပိုင်ဆိုင်ရာ ခံစားချက်များ ပြင်းထန်စွာခံစားခဲ့ရမှုများကြောင့် မခံမရပ်နိုင်၍ ထွက်ပြေးလာကြကြောင်း၊ လစ်ဗျားရှိ အကြမ်းဖက်သမားတို့ ၏ လက်တွင်ကျရောက် ဖမ်းစီးပြီး ထောင်ချခံခဲ့ရသော အမျိုးသားများ၊ ကလေးငယ် ယောက်ျားလေးများ ပါမကျန် လိင်ပိုင်ဆိုင်ရာ စော်ကားခံရမှုများ ကြုံတွေခံစားခဲ့ရကြောင်း ဖော်ပြထားပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သူ၏ ရဟန်းမင်းကြီး သက်တမ်းတလျှောက် တစိုက်မတ်မတ် ပြောလေးရှိတဲ့အချက်ကတော့ ရွေ့ပြောင်းဒုက္ခသည်များ အား ဂုဏ်သိက္ခာ နှင့် လုံခြုံရေး၊ သူတို့ရပိုင်ခွင်များကို ကာကွယ်ပေးရေး ကို အမြဲပြောလေ့ရှိပြီး ယခုအကြိမ်တွင်လည်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်မရှိသော၊ အသက်ငယ်သော ကလေးသူငယ်များကို အထူးကရုပြုကာကွယ်ပေးကြဖို့ တိုက်တွန်းလိုက်ပြန်ပါသည်ဟု ကုလသမ္မက သတင်းပြန်ကြားရေးဌာနမှ ဖော်ပြထားပါသည်။

https://www.vaticannews.va/en/world/news/2019-05/unicef-report-migrants-europe-children.html

#unicef, #migrants, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 11 =