ဥရောပ၏တန်ဖိုးကိုပြန်လည်မြှင့်တင်ကြရန်ပုပ် ရဟန်းမင်းကြီးတိုက် တွန်း

ဥရောပ၏တန်ဖိုးကိုပြန်လည်မြှင့်တင်ကြရန်ပုပ် ရဟန်းမင်းကြီးတိုက် တွန်း

ဥရောပ၏တန်ဖိုးကိုပြန်လည်မြှင့်တင်ကြရန်ပုပ် ရဟန်းမင်းကြီးတိုက် တွန်း

ပုပ်ရဟန်းမင်းကြီးသည်မွန်းတည့်အချိန်ကောင်းကင်ဘုံဘုရင်မဆုတောင်းမေတ္တာအပြီးတွင်ကမ္ဘာ ပေါ်ရှိဘာသာတူများအားလိုင်းပေါ်မှ နှုတ်ဆက်စကားမိန့်ကြားခဲ့သည်။

ထို့အတူဥရောပသမ္မဂ္ဂဖွဲ့စည်းစေ ရန်ဖြစ်စေခဲ့သောရူမန်၏ကြေငြာချက်ထုတ်ပြန်ခဲ့သည်နှစ် (၇၀) ပြည့်နှစ်ပတ် လည်နေ့ကိုအမှတ်ရသော အားဖြင့်ဥရောပရှိနိုင်ငံ့ခေါင်းဆောင်များနှင့်တာ၀န်ရှိသူများအားတိုက်တွန်းခဲ့သည်။ ထိုကြေငြာချက်ကို (မေလ၊ ၉၊ ၁၉၅၀) ခုနှစ်တွင်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်အပေါ်အခြေခံ၍ဥရောပနိုင်ငံများပေါင်း စည်းနိုင်ခဲ့ကြပြီး၊ ဒုတိယကမ္ဘာစစ်မီးအတွင်းကရှိခဲ့ကြ သောစစ်ရန်ကြွေးများကိုပြေငြိမ်းနိုင်ခဲ့ကြကာထိုအသီးအပွင့်များကိုယခုကျွန်ုပ်တို့ခံစားနေကြရကြောင်း၊

ထို့ကြောင့်တာ၀န်ရှိ သောသူများအား လုံးကိုနိုးဆော်တိုက်တွန်းလိုသည်မှာဤသမိုင်း၀င်သော ထုတ်ပြန်ကြေငြာချက်မှသင်ယူ၍ ယခုကဲ့သို့ရော ဂါကပ်ဆိုးကြီးနှင့်စီးပွားရေး အကြပ် အတည်းများကြုံနေရချိန်တွင်သဘောထားတစ်စိတ်တစ်၀မ်းတည်းထား၍ အတူကူညီယှိုင်းပင်းကာကျော်လွှားကြရန်တိုက်တွန်းထားသည်။

ထိုကြေငြာချက်ထုတ်ပြန်စဉ်က ဥရောပနိုင်ငံသည်ဒုတိယကမ္ဘာစစ်မီး၏ဒဏ်မှနံလံပြန်ထူရန်ရုန်းကန်နေရဆဲရှိသည်။ ကမ္ဘာ့စစ်မီးသည် ငါးနှစ် စော၍ပြီးဆုံးခဲ့သည်။
ထိုကြေငြာချက်ကိုထိုစဉ်ကပြင်သစ်နိုင်ငံခြားရေး၀န်ကြီးရောဘတ်ရူမန်ကဖတ်ကြားကြေငြာခဲ့ သည်။ ကြေငြာချက်သည်မှတ်ကျောက် တစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ထိုကြေငြာချက် ကြောင့်ယခုဥရောပနိုင်ငံများစုစည်း၍စီးပွားရေးသမ္မဂ္ဂများဖွဲ့စည်းတည်ထောင်ခြင်း၊ လူနေမူစနစ်ကိုပြုပြင်ပြောင်းလဲတိုးတက်အောင်လုပ်ဆောင်ခြင်းများရှိလာသည်။ ဤလုပ်ဆောင်မူများသည်ပိုမိုစည်းလုံး သောဥရောပသမ္မဂ္ဂဖြစ် စေရန်ပထမခြေလှမ်းများဖြစ်သည်။

အထူးသဖြင့်ကျောက်မီးသွေးနှင့်စတီးလ် ထုတ်ကုန်များအပြိုင်အဆိုင်ထုတ်လုပ်ခြင်းသည်ရာဇ၀င် ၌ရန် သူ ဖြစ်ခဲ့ကြသောပြင်သစ်နှင့်ဂျာမဏီနိုင်ငံ အတွက်မဖြစ်နိုင်စရာမဟုတ်သော်လည်းလက်တွေ့၌မူ
မဖြစ်နိုင်သည့်အနေအထားတွင်
ဖြစ်နေကြောင်း ဖြင့်ထိုစဉ်ကအခြေအနေအမှန်ကိုထည့်သွင်းမီးမောင်းထိုးပြခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/35Th9mv

Add new comment

1 + 0 =