ဥရောပ၌လည်း ‘လွတ်လပ်မှု’ ခြိမ်းခြောက်ခံနေရ ဟုပုပ်ဖရန်စစ် မြွက်ကြား

ဥရောပ၌လည်း ‘လွတ်လပ်မှု’ ခြိမ်းခြောက်ခံနေရ ဟုပုပ်ဖရန်စစ် မြွက်ကြား

ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့ဆုံစဉ် ရဟန်းမင်းကြီးဖရန်စစ်က
ဥရောပသည်လည်း ‘လွတ်လပ်မှု’ ခြိမ်းခြောက်ခံနေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိသားစုနှင့်အသိုင်းအ၀ိုင်းများတည်ဆောက်ခြင်းထက် လူ့အသိုင်းအ၀ိုင်းသည် အလွန်အကျွံသုံးဖြုန်းမှုနှင့်ကိုယ့်ဖို့ကိုသာကြည့်သောလူနေမှုစနစ်ကြောင့်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

ယနေ့သည်လည်း လွတ်လပ်မှုသည်ခြိမ်းခြောက်ခံနေရသည်။ ကျွဲခြေရာထဲရောက်နေသောဖားသည် ပင်လယ်ထဲရောက်နေသယောင် မိမိတို့ရှာဖွေစုဆောင်းထားသောဥစ္စာပစ္စည်းတို့သည် မကုန်မခန်းနိုင်တော့သကဲ့သို့စိတ်ကြီး၀င်ကာအတိတ်၌မိမိတို့၏ဘအခြေအနေကိုပင်မေ့လျော့ကာလိုအပ်သူများအားကူညီရန်စိတ်ကူးမရှိ။ လက်ရှိသာယာမှုကိုဘ၀ဟုယုံကြည်နေကြကြောင်း

ဤအခြေအနေသည် မျက်မှောက်ခေတ်အားညှဉ်းပမ်းနှိပ်စက်နေသောအန္တရာယ်ကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသည်သုံးဖြုန်းသည့်လူမှုဘ၀ကိုပိုမိုချဲ့ထွင်အားကောင်းလာစေသည်။ သုံးဖြုန်းသည့်ကုန်ကျစရိတ်ကိုကာမိစေရန်အတွက် အခြားသူများကိုထည့်မစဉ်းစားနိုင်တော့ဘဲ ကိုယ့်ဖို့သာစဉ်းစားလာကြသည်။ ကိုယ့်စိတ်ကြိုက်လုပ်လာကြသည်။ စိတ်ထားကောင်းများသည် ဖိနှိပ်ပိတ်လှောင်ခံကြရသည်။ ဤအဖြစ်မျိုးသည် ဥရောပတစ်ခွင်၌ကူးစက်ပျံ့နှံ့နေသောပြဿနာတစ်ခုဖြစ်နေသည်။ ထို့ကြောင့်လည်း အခြားသူများအတွက်ထည့်စဉ်းစားရန်၊ အများနှင့်အတူမျှ‌ဝေခံစားရန်၊ အတူတူရှိနေခြင်း၊ လုပ်ဆောင်ခြင်း၏အလှအပကိုမစဉ်းစားနိုင်။ မိမိနှင့်သွေးတော်သားစပ်သောမိသားစုမျှသာမဟုတ်ဘဲ အလွှာပေါင်းစုံပါသောမိသားစုကြီးတည်ဆောက်ရေးကိုစဉ်းစားရန်လုံး၀မဖြစ်နိုင်သောအခက်အခဲများနှင့်ကြုံနေရသည်။ ထို့ကြောင့် ဥရောပတိုက်၌နေထိုင်နေကြသောကျွန်ုပ်တို့အားလုံးလည်း အခက်အခဲနှင့်ကြုံနေရသူများဖြစ်သည်ဟုဆိုသည်။

ထို့နောက် ရဟန်းမင်းကြီးက ဟန်ဂေရီသို့လောလောလတ်လတ်တမန်တော်ခရီးကြွသည့်အကြောင်းကိုလည်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် (ဧပြီ ၂၈ – ၃၀) အထိဟန်ဂေရီနိုင်ငံသို့တမန်တော်ခရီးကြွရောက်ခဲ့သည်။

ဘုရားဖူးများအား မိမိတို့၏ဇစ်မြစ်ကိုပြန်လည်စဉ်းစားရန်၊ ထိုဇစ်မြစ်ကိုလည်း ဆက်လက်ထိန်းသိမ်းရန်အရေးကြီးကြောင်း၊ အမြစ်များသည်နက်ရှိုင်းစွာထိုးဖောက်ရောက်ရှိနိုင်မှ သာလျှင် အကိုင်းအခက်များလိုအပ်သောအာဟာရများရရှိပြီး အပွင့်အသီးများပွင့်သီးလာကြမည်။ ဥရောပနိုင်ငံ၏ခရစ်ယာန်ဇစ်မြစ်ကိုအလေးထားစဉ်းစားစေချင်သည်။ ထိုဇစ်မြစ်သည် (၂၀) ရာစု၌စိန်ခေါ်ခံခဲ့ရသည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကား၌ပါသည့်အတိုင်း ၄င်းတို့၏ယုံကြည်ခြင်သည် မီး၌သန့်စင်ခံခဲ့ရသည်။ (၁၉) ရာစုက ဘုရားတရားမဲ့သောသူတို့မှဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များနှင့်ဘာသာတူများအား ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုများသည် ၄င်းတို့၏ယုံကြည်ခြင်းနှင့်လွှတ်လပ်မှုကိုလျော့နည်းပပျောက်မသွားနိုင်စေခဲ့ပေ။ ယုတ်မာသူတို့သည် ယုံကြည်ခြင်း၏ဇစ်မြစ်ကိုဖြတ်တောက်ရန် အဘယ်သို့ကြိုးစားအားထုတ်စေကာမူ အမြစ်သည်မပုပ်မဆွေး၊ မသေမပျောက်ဘဲရှိနေလျှက်ပင်။

ရဟန်းမင်းကြီးဥပမာပြလိုသည်မှာ ဟန်ဂေရီနိုင်ငံ၏ကက်သလစ်သာသနာတော်ကြီးအဘယ်သို့ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသော်လည်း နိုင်ငံသားတို့၏ယုံကြည်ခြင်းမှာ ဆက်လက်ရှင်သန်ခိုင်မြဲနေဆဲရှိသည်ကိုညွှန်းဆိုနေခြင်းဖြစ်သည်။ ဟန်ဂေရီနိုင်ငံသည် ကွန်မြူနစ်စနစ်၏ဖိနှိပ်ညှဉ်းဆဲခြင်းကိုခံခဲ့ရပြီးနောက် နာဇီတို့၏ဖိနှိပ်ညှဉ်းဆဲသတ်ဖြတ်ခြင်းကိုလည်းထပ်မံခံခဲ့ရသည်။ ထို့နောက် ဂျူးဒုက္ခသည်များစွာကိုသွင်းလာခဲ့သည်။ ထိုသို့သောအနိဌာရုံအခြေအနေမျိုး၌ များစွာသောသူတို့သည်ခရစ်ယာန်ပီသစွာဖြင့် မတရားဖမ်း ဆီးခံရပြီးနှိပ်စက်ညှဉ်းဆဲခံရသောဓားစာခံများကို နိုင်သည့်ဖက်မှကူညီကယ်တင်ခဲ့သည်။ အသက်ဘေးနှင့်နီးလွန်းလှသော်လည်း ဤသူတို့သည်ကြောက်သော်လည်းမလှုပ်မရှက်မနေခဲ့။ နေ၍လည်းမဖြစ်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အတွင်း၌ရှိသောအသက်ရှင်သောဇစ်မြစ်သည်တောက်လောင်၍အင်အားများပို့လွှတ်ပေးနေသောကြောင့်ဖြစ်သည်။

ထိုသို့မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မြဲစွာဆုပ်ကိုင်ထားပြီး အသက်ဘေးနှင့်နီးသော်လည်း မလှုပ်မရှားဘဲမနေ။ တခြားသောအရာများဖြင့်အာရုံလွှဲလုပ်ဆောင်ခြင်းကိုလည်းမပြု။ မတရားမှုကိုသာတစ်စိုက်မတ်မတ်လုပ်ဆောင်ရပ်တည်ခဲ့ခြင်းကြောင့် လွတ်လပ်မှုကိုပြန် လည်ရယူအသက်သွင်းနိုင်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်က ဟန်ဂေရီနိုင်ငံနှင့်စပ်လျင်း၍ ဟန်ဂေရီနိုင်ငံသည် ရဟန္တာများ၊ သူရဲကောင်းများစွာတို့၏၀န်းရံခံထားရသကဲ့သို့ နှိမ့်ချပြီး အလုပ်ကြိုးစားသောပြည်သူတို့လည်းရှိကြောင်းစိန့်ဂျွန်ပေါလ် (၂) ၏မိန့်မှာချက်ကို ကိုးကားမိန့်ကြားခဲ့သည်။

ဟန်‌ဂေရီနိုင်ငံ၏ ဘုရင်စိန့်စတီးဖင်းသည် မယ်တော့်အပေါ်ကြည်ညိုမှုလွန်စွာကြီးမားသည်ကိုရဟန်းမင်းကြီးဖရန်စစ်ကသတိထားမိသည်။ ထို့ ကြောင့် မေလဆန်းလည်းဖြစ်၍ မယ်တော့်ကိုသဒ္ဓါကြည်ညိုကြရန်တိုက်တွန်းခဲ့သည်။ ဟန်ဂေရီဘုရင် စိန့်စတီးဖင်းသည် ဟန်ဂေရီအား အမိမယ်တော်ထံအပ်နှံခဲ့သည်။ ဟန်ဂေရီနိုင်ငံသားတို့သည် အမိမယ်တော်ကိုခေါ်ရာ၌ ကြည်ညိုရိုသေလွန်းသောကြောင့်အမည်ထည့်၍သုံးနှုန်းလေ့မရှိဘဲ ‘ဘုရင်မ’ ဟုသာရိုသေစွာသုံးနှုန်းသည်။

ဟန်ဂေရီနိုင်ငံ၏ ငြိမ်းချမ်းရေးဘုရင်မအားချစ်လှစွာသောနိုင်ငံကိုအပ်နှံဆက်ကပ်ကြပါစို့။ ကမ္ဘာပေါ်ရှိအဆောက်အဦးများ၊ လမ်း၊ တံတားများအားလည်း ပါစကားကာလ၌ ကျွန်ုပ်တို့ချီးမွမ်းလေ့ရှိသော ကောင်းဘုံဘုရင်မအားအပ်နှံကြပါစို့။ ကျွန်ုပ်တို့၏နှလုံးသားကိုလည်း ဘုရားသခင်၏ချစ်ခြင်း၌အစဉ်ခိုင်မြဲစွာတွယ်ကပ်နေနိုင်ရန်အပ်နှံပူဇော်ကြပါစို့ဟုဆိုကာ အဆုံးသတ်ခဲ့သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/44wErMS

Add new comment

7 + 6 =