ဥရောတိုက်၏ဗဟိုချက်မ (Heart of Europe) သို့တမန်တော်ခရီးကြွမည့်ရဟန်းမင်းကြီး အတွက် ဆုတောင်းပေးရန်တောင်းခံ

ဥရောတိုက်၏ဗဟိုချက်မ (Heart of Europe) သို့တမန်တော်ခရီးကြွမည့်ရဟန်းမင်းကြီး အတွက် ဆုတောင်းပေးရန်တောင်းခံ

            ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့တနင်္ဂနွေနေ့က ဥရောပ၏ဗဟိုချက်မ(Heart of Europe) သို့တမန်တော်ခရီးကြွရောက်ရန် ရှိသောကြောင့် လမ်းခရီးလုံခြုံမူရှိစေရေးတောင်းပေးကြပါရန် မေတ္တာ ရပ်ခံထားသည်။

ထိုခရီးစဉ်သည် (၄) ရက်တာ ကြာမည်ဖြစ်ပြီး၊ တိုတောင်းသော်လည်း အစီအစဉ်အလွန်ပြည့် နက် နေသော ခရီးစဉ်ဖြစ်သည်။ ရဟန်းမင်းကြီးကြွ ရောက်မည့်နိုင်ငံမှာ ‘ဟန်ဂေရီနှင့်ဆိုဗက်ကီးယား’ နိုင်ငံတို့ဖြစ်သည်။

ဤခရီးစဉ်သည် ခွဲစိပ်ကုသမှုမှပြန် လည် နေကောင်းလာပြီးနောက်ပထမဦးဆုံးသော ပြည်ပ ခရီးစဉ်ဖြစ်သည်။ တနင်္ဂနွေနေ့က ဘုရားဖူးများနှင့်တွေ့ဆုံစဉ် လာမည့် စက်တင်ဘာလ (၁၂) ရက်နေ့၌ ဟန်ဂေရီနိုင်ငံသို့လည်းကောင်း၊ ထို့နောက် ဆိုဗက်ကီးယားနိုင်ငံသို့လည်းကောင်းကြွရောက်မည်ဖြစ်ပြီး၊ စက်တင်ဘာလ (၁၅) ရက်နေ့မှသာဗာတီကန်သို့ပြန်ရောက်မည်ဖြစ် ကြောင်းမိန့် ကြားခဲ့သည်။

ထိုခရီးစဉ်၌ ဘုရားဖူးများအနေဖြင့် လူကိုယ်တိုင်မလိုက်ပါနိုင်သော်လည်း ဆုတောင်းခြင်းဖြင့် လိုက်ပါ ကြရန်၊ ဟန်ဂေရီမြို့တော် ဘူဒါပတ်မြို့သို့သွားရောက်ခြင်းမှာ ကိုယ်တော်မြတ်ကွန်ဂရက်စ် ပိတ်ပွဲမစ္ဆားကိုဦးဆောင်ပူ ဇော်မည်ဖြစ်ကြောင်း၊ ထို့နောက်ဆလိုဗက်ကီးယားနိုင်ငံအားမှိုင်းမသော မယ်တော်ပွဲမစ္ဆားပူဇော်ပြီးခရီးစဉ်အဆုံး သတ်မည်ဖြစ်ကြောင်း၊ ဤခရီးစဉ်အတွက်ပြင်ဆင်လာခဲ့ကြ သူများအားလုံးကိုကျေးဇူးတင်ကြောင်း၊ သူ၏ကြွရောက် ခြင်းကိုစိတ်လှုပ်ရှားစွာစောင့်ကြိုနေသော သူများအားလည်း ကြိုတင်၍ချစ်ခင်ရင်းနှီးစွာဖြင့်နှုတ်ခွန်းဆက်စကားပါး ထားလိုက်သည်။

သူ့အနေဖြင့် ရဲစွမ်းသတ္တိဖြင့်ပြည့်သောဘာသာတူများအားကျေးဇူးတင်ပါကြောင်း၊ အဘယ် ကြောင့်ဆိုသော်ညှဉ်းပမ်းနှိပ်စက်မူများကြား ၄င်းတို့၏ယုံကြည်ခြင်းကိုမစွန့်၊ မငြင်းပယ်ခဲ့ကြပေ။ ဤ သမိုင်းကိုရဟန်းမင်းကြီးကချဲ့ကားပြောဆိုခြင်းမပြု။ သို့သော် ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်း၌ သမိုင်း၌သွေးလွှမ်းစေခဲ့သောကွန်မြူနစ်စနစ်၏ အရိပ်မဲကြီးအဖြစ်ထင်ကျန်ရစ်လျှက်ရှိသည်။

 

ထိုဆိုးရွားလှသောကာလ၌ မိမိတို့၏ယုံကြည်ခြင်းကိုမပစ်ပယ်ဘဲ မြဲခိုင် စွာဆုတ်ကိုင်ထားခြင်း အားဖြင့် ဥရောပအားလည်း ရဲ၀ံ့စွာ သက်သေခံရန် လမ်းကောင်းပြခဲ့သည်။ ယနေ့ခေတ်တိုင် အောင် အပြောဖြင့်မဟုတ်။ လက်တွေ့ဖြင့်၄င်းတို့၏ယုံကြည်ခြင်းကိုပြသနေသည်ဟုမိန့်ကြားခဲ့သည်။        

Credit to Vatican News

https://bit.ly/3zRAQcK

 

Add new comment

9 + 0 =