Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အမေရိကန်ရှိ ကက်သလစ်ဝတ်စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲအသုံးပြု
အမေရိကန်ရှိ ကက်သလစ်ဝတ်စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲအသုံးပြု
အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်ပိုးစတင်တွေ့ရှိရာနေရာတစ်ခုဖြစ်သော ဝါရှင်တန်ပြည်နယ်တွင် ကက်သလစ်ဝတ်စောင့်စင်တာတစ်ခုအား ကွာရန်တင်းစောင့်ကြည့်ရေးစင်တာအဖြစ် အသုံးပြုမည်ဟုဆိုသည်။ အပြစ်မဲ့သော မယ်တော်၏နှလုံးတော် အမည်ရှိ ထိုဝတ်စောင့်စင်တာသည် ဝါရှင်တန်ပြည်နယ် Spokaneမြို့၏ မြောက်ဘက် မိုင်အနည်းငယ်အကွာတွင်တည်ရှိသည်။ကိုဗစ်၁၉ရောဂါဖြစ်စဥ်တိုးပွားလာမှုကြောင့် မတ်လတွင် ထိုစင်တာကို ပိတ်ခဲ့သည်။
ထိုအချိန်တွင် ဝတ်စောင့်စင်တာ၏တာဝန်ခံ Deacon John Ruschenskyသည် Spokaneဒေသ၏တာဝန်ခံဆရာဝန်ကြီး Dr.Bob Lutzထံမှ ကမ်းလှမ်းချက်တစ်ခုကို လက်ခံရရိခဲ့သည်။ ထိုကမ်းလှမ်းချက်တွင် ကက်သလစ်ကရုဏာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကွာရန်တင်းနေရာအဖြစ် ပြောင်းလဲပေးရန်ဖြစ်သည်။သာသနာပိုင်ရောတော်ထံသို့ ခွင့်ပြုချက်တောင်းခံရာတွင် ခွင့်ပြုပေးခဲ့ပြီး ကောင်းချီးပေးတော်မူခဲ့သည်။ ဆရာတော်က ထုတ်ပြန်သည်မှာ လူနာများနှင့်လိုအပ်နေသူများသည် အပြစ်မဲ့သန့်ရှင်းသော မယ်တော်၏နှလုံးတော်အောက်၌ ရှိရန်မှာ ကောင်းမွန်လှပါသည်။
ဤအစီအစဥ်တွင် ကူညီပေးသူတိုင်းအားအထူးကျေးဇူးတင်ကြောင်း၊ဆက်လက်ပြီး အောင်မြင်အောင် ဆုတောင်းပေးကြပါဟု ထုတ်ပြန်ခဲ့သည်။ ထိုဝတ်စောင့်ရိပ်သာသည် စောင့်ကြည့်ရေးစင်တာပြုလုပ်ရန် ဥပုသ်စောင့်ခြင်းနှင့်အခြားအစီအစဥ်များကို နှစ်ကုန်အထိ ဖျက်သိမ်းခဲ့သည်။ထိုစင်တာတွင် ဝတ်စောင့်သူ ၇၀၀၀အထိ နေထိုင်နိုင်ပြီး မီးဖိုချောင်စသည်ဖြင့် အပြည့်အစုံရှိသည်။ယခုအခါ ရောဂါပိုးသံသယလူနာများနှင့် အိမ်ယာမဲ့သူ လူနာများ အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်သည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of the Diocese of Spokane
 
         အမေရိကန်ရှိ ကက်သလစ်ဝတ်စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲအသုံးပြု
အမေရိကန်ရှိ ကက်သလစ်ဝတ်စောင့်ရိပ်သာတစ်ခုအား ကိုဗစ်ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲအသုံးပြု  
      
      
Add new comment