အဲလ်ဗစ်ပရက်စ်လေသည် ‘စိပ်ပုတီး’ အကြောင်းသီဆိုခဲ့သည်ကိုသင်သိပါသလော….

အဲလ်ဗစ်ပရက်စ်လေသည် ‘စိပ်ပုတီး’ အကြောင်းသီဆိုခဲ့သည်ကိုသင်သိပါသလော….

ရော့ခ်အန်ရိုးလ်ဘုရင်ဟုပြောလိုက်လျှင် မသိသူအလွန်ရှားပေမည်။ သို့သော် ယနေ့ခေတ်၌ မြူး စိအဖုံဖုံ တီလုံးအစုံစုံသည် ပလူပျံနေသောကြောင့် မိမိတို့သန်ရာကိုအာရုံထားသောကြောင့်မသိသူများ လည်းရှိပေမည်။

‘ရော့ခ်အန်ရိုးလ်မြူးစိဘုရင်’ ဟုဂုဏ်ပြုခံခဲ့ရသူမှာ အဲလ်ဗစ်ပရက်စ်လေဖြစ်သည်။ သူသည် “Miracle of the Rosary” သီချင်းကိုသီဆိုခဲ့သည်။ ဤသီချင်းကိုအသံဖမ်းခဲ့သူမှာ ပရိုတက်စတန် များဖြစ်သည်။ အဲလ်ဗစ်ပရက်စ်လေသည် ‘ပေါ့ပ်’ မြူးစိ၌မှတ်တိုင်စိုက်ထူနိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ယနေ့ ထိတိုင် သူ၏သီဆိုဟန်၊ ကဟန်များသည်လွှမ်းမိုးဆဲရှိနေသည်။ သူကွယ်လွန်သွားသည်မှာ နှစ်ပေါင်း (၄၀) ရှိပြီဖြစ်သော်လည်း သူ၏၀တ်စားပုံနှင့်သူ၏ကျော်ကြားခဲ့သောသီချင်းများကိုပြန်လည်ခံစားသီဆိုရ သည်အထိကျော်ကြားခဲ့သူဖြစ်သည်။

သူသီဆိုခဲ့သောသီချင်းများအနက် ‘Miracle of the Rosary’ သည် သူ၏လူသိများကျော်ကြား လှသောသီချင်းမဟုတ်ပေ။ သို့သော်စိတ်၀င်စားစရာကောင်းပြီး၊ နက်နဲသည်။ သူသည် ဧ၀ံဂေလိခရစ် ယာန်အသင်းတစ်ခုမှဖြစ်သည်။ ခရစ်ယာန်မြူးစိနှင့်မစိမ်းသူဖြစ်သည်။ ဓမ္မတေးအဲလ်ဘမ်များစွာကို လည်းထုတ်နိုင်ခဲ့သည်။ ဥပမာအားဖြင့် ‘He Touched Me, Amazing Grace, How Great Thou Art’ စသည်တို့ဖြစ်ကြသည်။ ထိုသူ၏သီချင်းများစွာအနက်မှ ‘စိတ်ပုတီး’ နှင့်ဆိုင်သောသီချင်းတစ်ပုဒ်ကို လည်းသီဆိုအသံသွင်းခဲ့သည်မှာထူးခြားသည်။

ဤအကြောင်းနှင့်စပ်လျင်း၍ Domincana ဂျာနယ်ကအောက်ပါအတိုင်းဖောက်သည်ချထားပါ သည်။ ဤသီချင်းကို အဆိုတော်ကြီး၏အလွန်ခင်မင်ရသောသူငယ်ချင်း Lee Denson ကရေးသားခဲ့ ကြောင်း၊ Lee Denson သည် ပင်တေကော့စတယ်သင်းအုပ်ဆရာ Rev. James Denson ၏သားဖြစ် ကြောင်း၊ ပရက်စလေ၏မိသားစုသည် (၁၉၄၈) Memphis သို့​ ပြောင်းရွေ့သွားသောအခါ တနင်္ဂနွေနေ့၌ ထိုအသင်း၏ဘုရား‌ကျောင်းသို့သွားရောက်ခဲ့ကြောင်း၊ သင်းအုပ်ဆရာ၏သားဖြစ်သူသည် အဲလ်ဗစ် အ သက် (၁၃) နှစ်၌ ဂီတာသင်ပေးခဲ့သည်။

(၁၉၆၀) ၌ အဆိုတော်ကြီး၏သူငယ်ချင်းဖြစ်သူသည် ‘Ave Maria’ သီချင်းကို အဂ်လိပ်ပုံစံဖြင့် ရေးသားခဲ့သည်။ သို့သော် သူ၏ထုတ်လုပ်သူမှာ ထိုသီချင်းကိုစိတ်မ၀င်စားခဲ့ပေ။ ဤသို့ဖြင့် ဓမ္မတေးများ သီဆိုလေ့ရှိသော သူ၏အဆိုတော်သူငယ်ချင်းအားသတိရသွားပြီး ဘုရင်အားဖျော်ဖြေသောအစီအစဉ်၌ ထည့်သွင်းတင်ဆက်ခဲ့သည်။ သံစဉ်ကို အဲလ်ဗစ်အလွန်သဘောကျသွားသည်။ သို့သော် မယ်မယ်ရရမဆို ဖြစ်ခဲ့ပေ။ ဆယ်စုနှစ်တစ်စုအလွန်၌ အဆိုတော်ကြီးသည် သူ၏တေးရေးဆရာသူငယ်ချင်းကို အံ့အားသင့် သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူငယ်ချင်းဖြစ်သူရေးသားသော ‘Miracle of the Rosary’ ကို အဲလ်ဗစ်၏ (၁၉၇၂) ခုနှစ်၌ဖြန့်ချီခဲ့သော အဲလ်ဘမ်အတွက် သေသပ်စွာအသံသွင်းယူထားခဲ့သောကြောင့် ဖြစ်သည်။

‘Miracle of the Rosary’ သီချင်းသည် သူဟာနှင့်သူ ‘စိတ်ပုတီး၏ထူးဆန်းအံ့ဩဖွယ်ရာ’ အမှန် တကယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဲလ်ဗစ်ကိုယ်တိုင်အသံသွင်းခဲ့ခြင်း၊ ဓမ္မသီချင်းများစွာသီဆို ခဲ့သော်လည်း စိတ်ပုတီးနှင့်ပတ်သက်၍ ဤတစ်ပုဒ်တည်းသာသီဆိုခဲ့ခြင်း၊ ခေါင်းစဉ်ကိုစာလုံးကြီးကြီး ဖြင့်ရေးထိုးထားခြင်းတို့ကြောင့်ဖြစ်သည်။ အဆိုတော်ကြီးကိုယ်တိုင်သည်လည်း ထိုသို့ပြုလုပ်ခဲ့ခြင်းကို တန်ခိုးအံ့ဖွယ်ရာဟုဆယ်စုနှစ်တစ်စုခံစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုသီချင်းကိုတစ် ကြိမ်သာကြားခဲ့ရပြီး နားထဲစွဲနေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤသီချင်းသည် ထူးဆန်းအံ့ဖွယ်ရာလည်းဖြစ် ပြီး၊ နက်နဲရာလည်းဖြစ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ကက်သလစ်ဘာသာ၀င်များအလွန်ကြည်ညို မြတ်နိုးသောအရာတစ်ခုကို ကက်သလစ်ဘာသာ၀င်မဟုတ်သော ညီအစ်ကိုသင်းကွဲခရစ်ယာန် တေးရေး၊ တေးဆိုနှစ်ဦး၏တင်ဆက်မှုဖြစ်နေသောကြောင့်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy NBC News
https://bit.ly/3eJ2F1m

Add new comment

10 + 0 =