အောက်တိုဘာ ၇ ရက်နေ့မှာ နိုင်ငံတဝှမ်း ပုတီးစိပ်ကြဘို့ အမေရိကားဆရာတော်ကြီးများဖိတ်ခေါ်

အောက်တိုဘာ ၇ ရက်နေ့မှာ နိုင်ငံတဝှမ်း ပုတီးစိပ်ကြဘို့ အမေရိကားဆရာတော်ကြီးများဖိတ်ခေါ်

အောက်တိုဘာ ၇ ရက်နေ့မှာ နိုင်ငံတဝှမ်း ပုတီးစိပ်ကြဘို့ အမေရိကားဆရာတော်ကြီးများဖိတ်ခေါ်

အမေရိကားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဉက္ကဌ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbisop Gomez က ၎င်းနှင့်အတူ ညီတော် နောက်တော် ဆရာတော်ကြီးများနှင့်အတူ အောက်တိုဘာလ ၇ ရက် မွန်းတည့် ၁၂ နာရီ ၊ နိုင်ငံတဝှမ်း အတိုင်းအတာ အနေနဲ့ အွန်လိုင်း စိပ်ပုတီးစိပ်ဆုတောင်းခြင်းမှာပါဝင်ကြဘို့ ဘာသာ၀င်များအား ဖိတ်ခေါ်လိုက်ပါတယ်။

ထိုနေ့ဟာ စိတ်ပုတီးမယ်တော်ရဲ့ ပွဲတော်နေ့လည်း ဖြစ်ပြီး အခုလို ဒုက္ခပြဿနာ ဖြစ်နေတဲ့ အချိန်ကာလမှာ ကျွန်ုပ်တို့ဟာ မယ်တော်နဲ့ အနီးဆုံးမှာရှိနေဘို့လိုအပ်ကြောင်း

အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မထံ နိုင်ငံအား ပြန်လည်အပ်နှင်းခြင်းကို ၎င်းအနေနဲ့ ဒီနှစ်ဉီးပိုင်းမှာ ဆရာတော်ကြီးများနှင့်အတူ ဉီးဆောင်ကျင်းပခဲ့ကြောင်း

အောက်တိုဘာ ၇ ရက် အမေရိကားအတွက် စိတ်ပုတီးစိပ်ခြင်းသည် တိုင်းပြည်အတွက် အမိမယ်တော်၏ ကူညီစောင်မမှုကိုရယူရန် အခွင့်အလမ်းတရပ်လည်းဖြစ်​ပါတယ်လို့ ဂိုဏ်းချုပ်ဆရာတော်ကြီး Gomez မှ မြွက် ကြားခဲ့ကြောင်း Aleteia သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/36BDw2r
 

Add new comment

7 + 0 =