အောက်တိုဘာ (၃) ရက်နေ့ ၌လက်မှတ်ရေးထိုးမည့်ရဟန်း မင်းကြီး၏ စာချွန် တော်အသစ်

အောက်တိုဘာ (၃) ရက်နေ့ ၌လက်မှတ်ရေးထိုးမည့်ရဟန်း မင်းကြီး၏ စာချွန် တော်အသစ်

အောက်တိုဘာ (၃) ရက်နေ့ ၌လက်မှတ်ရေးထိုးမည့်ရဟန်း မင်းကြီး၏ စာချွန် တော်အသစ်

ရဟန်းမင်းကြီးသည် အောက် တိုဘာလ (၃) ရက်နေ့၊ စိန့်ဖရန်စစ်နှင့်စိန့်ကလဲတို့၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ် အာစီးစီမြို့၌စာချွန်တော်အသစ်တစ်စောင်ကိုလက်မှတ်ရေး
ထိုးမည်ဖြစ်သည်။ ထိုစာချွန် တော်၏အမည်ကား ‘Fratelli tutti’ ဖြစ်ပြီး၊ ‘ညီအစ်ကိုအပေါင်းတို့’ ဟုဆိုလိုပါသည်။ ဤသို့သုံးနှုန်းရခြင်းမှာ ‘ညီအစ်ကိုမောင်နှမနှင့်လူမူရေးမိတ်ဆွေ’ အ ကြောင်းကိုရေးသားထား သည်။ လတ်တလောထွက်ရှိလာမည့်စာချွန်တော်မှာအီတလီဘာသာဖြင့်ထုတ်ဝေဦးမည်ဖြစ်သည်။ ဤ စာချွန်တော်သည်စိန့်ဖရန်စစ်အစီးစီမှသူ၏နောင်တော်၊ ညီတော်ရသေ့များအားရေးသားပေးပို့သောစာဖြစ်သည့် (Admonitions, 6, 1: FF155) ကိုမှီငြမ်းထားခြင်းဖြစ်သည်။ ထိုစာထဲမှထိမိလှသောတိုက်တွန်းချက်တစ်ချက်ကား ‘နောင်တော် ညီတော်တို့၊ ကောင်းသောသိုးထိန်းရှင်သည် သူ၏သိုးများကိုကယ်တင်ရန်အတွက်လက်၀ါးကပ်တိုင်ပေါ်တွင် ​ေဝေဒနာခံ ထမ်းခဲ့သည်ကိုပြန် လည်ဆင်ခြင်ကြပါစို့’ ဟူသည့်အချက်ကိုအဓိကထားမှီငြမ်းထားသည်။

ပုပ်ရဟန်းမင်းကြီးသည်အစီ စီမြို့ သို့အောက်တိုဘာလ (၃) ရက်နေ့မွန်းလွှဲပိုင်း၌ရောက်ရှိမည်ဖြစ်သည်။ ထို့နောက်စိန်ဖရန်စစ်အစီးစီ၏မစ္ဆားတရားပူဇော်ပြီး၊ ထိုမစ္ဆားတရားနှင့် အတူအဆိုပါစာချွန်တော်အားလက်မှတ်ရေးထိုးခြင်းကိုလည်းပြုလုပ်မည်ဖြစ်သည်။ ကိုဗစ် (၁၉) ကူး စက်ရောဂါအခြေအနေအကြောင့် ရဟန်း မင်းကြီး၏ဘု ရားဖူးခရီး သည်လူသိရှင်ကြားကျင်းပမည်မဟုတ်ပေ။

အာစီးစီသည်ကျေးဇူးတင်ခြင်းနှင့်မျှော်လင့်စောင့်စားနေပါမည်။ အာစီးစီသာသနာ ၏ သာသနာပိုင်ဆရာတော် Domenico Sorrentino ကရဟန်းမင်းကြီးဘုရားဖူးကြွရောက်မည်ဖြစ် ၍စိတ်လည်းလှုပ်ရှားနေရပြီး၊ ကျေး ဇူး လည်းတင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော်တစ်ကမ္ဘာလုံးသည်ကပ်ရောဂါဆိုး ၏တိုက်ခိုက်ထိုးနက်ချက်ကြောင့် လူ့အသက်ပေါင်းများစွာအခက်အခဲနှင့်ကြုံနေကြရစဉ် ရဟန်းမင်းကြီးကကြွရောက်၍ခံ စားနေရသော ဝေဒနာကိုသက်သာအောင်ကုစားပေး၍ကျွန်ုပ်တို့သည်နောင်တော်ကြီး၏ချစ်ခြင်းကိုလိုအပ်နေသူအဖြစ်ခံ စားရပါသည်။ ဤရဟန်းမင်း ကြီး ၏ကြွရောက်ခြင်းသည် ကျွန်ုပ်တို့အားကြုံတွေ့ခဲ့သောအခက် အခဲများကိုကျော်လွှားဖြတ် လျှောက်ပြီး၊ အားသစ်အင်သစ်၊ ညီအစ်ကိုချစ်ခြင်း၌ စည်းရုံးစွာအသစ်ပြန်စရန်ဖြစ်စေကြောင်းပြောကြားခဲ့သည်။

သွန်သင်ပိုင်ခွင့်အာဏာ၏ အဓိကသောချက်

ရဟန်းမင်းကြီးဖြန့်ချီမည့်စာချွန်တော်အသစ်၏ ခေါင်း စဉ်သည် သူ၏သွန်သင်ပိုင်ခွင့်အာဏာကိုမီးမောင်းထိုးပြနေ သည်။ ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံရသော (၂၀၁၃၊ မတ်လ၊ ၁၃) ရက်နေ့ညပိုင်း၌ ရဟန်းမင်းကြီးဖရန် စစ် သည်လူထုပရိတ်သတ်များ၏မြင်ကွင်း၌ထွက်ကြွလာပြီး ‘ညီအစ်ကိုမောင်နှအပေါင်းတို့’ ဟုပထမဦးဆုံးနှုတ်ဆက်ခဲ့သည်။ ထို့အတူ ‘ညီအစ်ကိုမောင်နှမ’ အသုံး အနှုန်းကိုပြောင်းရွေ့များအားလက်ခံထားသောအီတလီနိုင်ငံ၊ Lampedusa ကျွန်းသို့ကြွ ၍ပြောင်းရွေ့များထံလည် ပတ်ကြည့်ရူစဉ်ကလည်း ကောင်း၊ (၂၀၁၉) အာဘူဒါဘီ၌လက်မှတ်ရေးထိုးခဲ့သောမှတ်တမ်းတစ်ခု ၌လည်း ‘လူသားညီအစ်ကိုမောင်နှမများ’ ဟုတိုက်ဆိုင်စွာခေါင်းစဉ်ပေးထားသည်။ ဤ အချက်ကိုထောက်၍ ရဟန်း မင်းကြီး သည်ညီအစ်ကိုချစ်ခြင်းကိုမြှင့်တင်လုပ်ဆောင်နေသည့်ပြယုဂ်ဖြစ်နေပါသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/33plnTq

Add new comment

4 + 7 =