အောက်တိုဘာလ (၁၀) ရက်နေ့၌ လူငယ်လေး တစ်ဉီး သူတော်သူမြတ် အဆင့်သို့ တင်မြောက်ခံရတော့မည်

အောက်တိုဘာလ (၁၀) ရက်နေ့၌ လူငယ်လေး တစ်ဉီး သူတော်သူမြတ် အဆင့်သို့ တင်မြောက်ခံရတော့မည်

အောက်တိုဘာလ (၁၀) ရက်နေ့၌ လူငယ်လေး တစ်ဉီး သူတော်သူမြတ် အဆင့်သို့ တင်မြောက်ခံရတော့မည်

ကားရ်လိုအာကူးတစ် (Carlo Acutis) ဆိုသည့် လူငယ်လေးသည် စိန့်ဖရန်စစ် နှင့်စိန့်ကလဲတို့၏ဇာတိမြေမှ ဖြစ်ပြီးသူ့အား မကြာခင် တွင် သူတော်မြတ် အဆင့်သို့ တင်မြှောက်တော့မည် ဖြစ်သည်။

ဤရက်ပိုင်းအတွင်း ကားရ်လိုအာကူးတစ်၏ အုတ်ဂူကိုသာသနာပိုင်ဆရာတော်ဦးဆောင် ၍ပူဇော်သော မစ္ဆားတရားအပြီး၌ပြန်လည်တူးဖော်ခဲ့ကြရာတွင် အဆိုပါ လူငယ်လေး၏ခန္ဓာကိုယ်သည်ပုပ်သိုးဆွေးမြေ့ခြင်းလည်းမရှိသည်ကိုတွေ့ရှိရ ကြောင်း ဤလူငယ် အားသဂြိုလ်စဉ်ကလူငယ်သဘာ၀အတိုင်းသူနှစ်သက် သောဂျင်းဘောင်းဘီကို၀တ်ပေးခဲ့ရာ ဟန်မပျက်ရှိနေကြောင်း ဤလူငယ်လေး၏အဖြစ်အပျက်ကိုထောက်၍ သန့်ရှင်းခြင်းသည် ပုံပြော ခြင်းမဟုတ်သလို ကျွန်ုပ်တို့နှင့်လည်း အလှမ်း‌ဝေးလှသည် မဟုတ်ကြောင်း။ ဘုရားသ ခင် သည်လူတိုင်းအတွက်ဖြစ်ပြီး လူတိုင်းပိုင်ဆိုင်ခွင့်ရှိကြောင်း

ဤကက်သလစ်လူငယ်လေးသည် အီတလီလူမျိုးဖြစ်ကြောင်း ၊ သူသည်ကမ္ဘာတစ်၀န်းမှကိုယ် တော်မြတ်တန်ခိုးပြသောအကြောင်းအ ရာများကိုဗွီဒီယိုမှတ်တမ်းပြုစုခြင်း၌အလွန်၀ါသနာခုံမင်ပြီး၊ သူ၏၀ါသနာနှင့် ဤထူးခြားသောစိတ်၀င်စားမူကြောင့်လည်းလူသိများခဲ့ကြောင်း

သူသည်ဗွီဒီယို မှတ်တမ်းများရိုက်ကူးတည်းဖြတ်၍ အင်တာ နက်ပေါ်တွင်တင်ပေးလေ့ရှိပြီး ဤအလုပ်ကိုသူမဆုံးမီအချိန်ထိပြုလုပ်ခဲ့ကြောင်း လူကီးမီးယားကြောင့် ငယ်ငယ် ရွယ်ရွယ်နှင့်ဆုံးပါးသွားခဲ့ရခြင်းဖြစ်ကြောင်း နှင့် ကွန်ပျူတာပညာ ကိုအလွန်ကျွမ်းကျင်နှံ့စပ်သူဖြစ်ကြောင်း

သက်ရှိထင် ရှားရှိနေစဉ်ကပင် ရဟန္တာကဲ့သို့ ကျင့်ကြံသည်ကို လူအများကသတ်မှတ်ကြောင်း အဘယ် ကြောင့် ဆိုသော်ကိုယ်တော်မြတ် စက္ကရာမင်းတူ၌ကိန်းအောင်းသောယေဇူးကိုအ လွန်ယုံကြည်ချစ်ခင်သူဖြစ်ကြောင်း၊

သူ့အား (၁၉၉၁၊ မေလ၊ ၃) ရက်နေ့တွင်မွေးဖွားခဲ့သူဖြစ်ပြီး၊ (၂၀၀၆၊ အောက်တို ဘာလ၊ ၁၀) ရက်နေ့တွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါသည်။

သူ့အား 'ရိုသေထိုက်သူ' (Venerable) အဖြစ် ရဟန်း မင်းကြီးဖရန်စစ်က (၂၀၁၈၊ ဇူလိုင်လ၊ ၅) ရက်နေ့ကကြေငြာခဲ့သည် ကြည်ညို ထိုက်သူဟုကြေငြာခံရခြင်းသည် 'သူတော်မြတ်' (Blessed) အဖြစ်တင် မြောက်ခံရ ရန်နီးကပ်လာကြောင်းမီးစိမ်းပြသည့်သဘောဖြစ်ပါသည်။

ကြည်ညိုထိုက်သူအ ဆင့်ရောက်မလာမှီ၌ ရဟန္တာတင်မြောက်ရန်ပထမဆုံးအဆင့်အဖြစ် ‘ဘုရား၏ အစေခံ’ (Servant of God) အဖြစ်ဦးစွာ သတ်မှတ်လေ့ရှိပါသည်။ ထိုမှတဆင့် ‘ကြည်ညိုထိုက်သူ’ ဖြစ်လာပြီးနောက် ‘သူတော်မြတ်’ အဖြစ်တင်မြောက်ခံရသည်။ ပထမအဆင့်နှစ် ခု၌မူလူသိရှင်ကြားခမ်းနားစွာကျင်းပ လေ့မရှိသော်လည်း ‘သူတော်မြတ်’ အဆင့် သို့တင်မြောက်သောအခါ၌မူ လူ သိရှင်ကြားကြေငြာ၍ကျင်းပရသည်။

ဤလူ ငယ်လေးသည် ‘သူတော်စင်’ အဖြစ်လာမည့် (၂၀၂၀၊ အောက်တိုဘာလ၊ ၁၀) ရက်နေ့၌သူ၏ဇာတိမြေဖြစ်သော အာစီစီ၌ရဟန်းမင်းကြီးဖရန်စစ် ကိုယ်တိုင် ကြွရောက်၍တင်မြောက်ပေးမည်ဖြစ်သည်။ ဤအဆင့်ပြီးလျှင် ‘ရဟန္တာ’ အဖြစ် တင်မြောက်ခံရန်နောက်တဆင့်ကျန်သေးသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Diocese of Asissi

https://bit.ly/34kMm1A

Add new comment

8 + 0 =