အမေရိကန်ပြည်ထောင်စုတွင် တပတ်အတွင်းသုံးနေရာ၌ သေနပ်ပစ်ခတ်သတ်ခံရမူ့များ ကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင် ဆုတောင်းပေးခဲ့ခြင်း

ဆုတောင်းပေးကြခြင်း

အမေရိကန်ပြည်ထောင်စုတွင် တပတ်အတွင်းသုံးနေရာ၌ သေနပ်ပစ်ခတ်သတ်ခံရမူ့များ ကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင် ဆုတောင်းပေးခဲ့ခြင်း
သြဂုတ်လ ၄၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် အမေရိကန်ပြည်ထောင်စု Texas, California နှင့် Ohio သုံးနေရာ၌ တပတ်အတွင်း သေနတ်ပစ်ခတ်သတ်ခံရမူ့များ ကြောင့် သေဆုံးရသူများ ထိခိုက်ဒဏ်ရာရသူများ ပူဆွေးဝမ်းနည်းနေကြသော မိသားစုဝင်များနှင့် အတူ ဆုတောင်မေတ္တာ၌ အတူရှိနေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပြောကြားခဲ့ပါသည်။

ဇူလိုင်လ ၂၈ ရက် တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယား(California) ပြည်နယ်တွင် Gilroy Garlic Food Festival အစားအသောက် ပွဲတစ်ခု ကျင်းပနေစဉ် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး မှ စက်သေနတ်ဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ပါသည်။ ယင်းပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါ အဝင် သုံးဦး သေဆုံးခဲ့ရပြီး လူ ၁၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊

သြဂုတ်လ ၃ ရက် စနေနေ့က Texas ပြည်နယ် El Paso ဈေးဝယ် စင်တာ တစ်ခုတွင် ပစ်ခတ်ခဲ့မူ့ကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊

သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့ က အိုဟိုင်းအိုး Ohio တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မူ့ကြောင့် ၉ ဦးသေဆုံးပြီး ဒဏ်ရာရခဲ့သူများရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုအဖြစ်အပျက်များ အပါအဝင် သေနတ်နှင့် လူအများအား ပစ်ခတ်သတ်ဖြတ်မူ့ သည် ၂၀၁၉ ခု နှစ်အတွင့်း စုစုပေါင်း ၂၂ ကြိမ်မြောက်ပစ်ခတ်မူ့ဖြစ်ကြောင်း လည်းဖော်ပြထားပါသည်။

ထိခိုက်ဒဏ်ရာရသူများ ပူဆွေးဝမ်းနည်းနေကြသော မိသားစုဝင်များ အတွက် စိန့်ပီတာရင်ပြင်တွင် စုရုံးနေကြသော လူထုပရိတ်သပ်နှင့်အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဂုဏ်ကျေးဇူးတော်မေတ္တာအတူတကွ ရွတ်ဆို ဆုတောင်းပူဇော်ပေးခဲ့ကြပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2OGZk5p

Add new comment

2 + 18 =