အီလီနှိုက်သာသနာ၏ ဆရာတော်ကျောင်းတိုက်အားရောင်းချ၍ မီးဖွားစရိတ်လိုအပ်သောမိခင်များအားကူညီမည်ဟုဆို

အီလီနှိုက်သာသနာ၏ ဆရာတော်ကျောင်းတိုက်အားရောင်းချ၍ မီးဖွားစရိတ်လိုအပ်သောမိခင်များအားကူညီမည်ဟုဆို

အီလီနှိုက်ပြည်နယ်၊ Belleville ကက်သလစ်သာသနာက သာသနာပိုင်ဆရာတော်သီတင်းသုံးနေသော ကျောင်း တိုက်ကိုရောင်းချမည်ဟုကြေညာခဲ့သည်။ ဤကျောင်းတိုက်သည် Belleville ၏မြို့လယ်တွင်တည်ဆောက်ထားခဲ့သည် မှာနှစ်ပေါင်း (၁၆၀) ရှိပြီဖြစ်သည်။ သာသနာပိုင်ဆရာတော်သီတင်းသုံးရာကျောင်းတိုက်အဖြစ်အသုံးပြုနေခဲ့သည်မှာ ဆယ်စုနှစ် (၇) ခုရှိပြီဖြစ်သည်။ လက်ရှိသာသနာပိုင်ဆရာတော်ဖြစ်သော Michael McGovern ကလည်း သာသနာ၏ ဆုံးဖြတ်ချက်ကိုသူ၏ ဖေ့စ်ဘွခ်လူမှုကွန်ရက်၌လည်းပြန်လည်ဖော်ပြထားသည်။

ယခုရောင်းချ၍ရသောငွေကြေးများကို ကလေးမီးဖွားရန်စရိတ်မတတ်နိုင်ဟုဆိုကာ ကိုယ်၀န်ဖျက်ချနေကြသော အမျိုးသမီးများအား ထောက်ပံ့ကူညီရန်နှင့်အခြားအမှန်တကယ်လိုအပ်သောနေရာများ၌ သုံးစွဲသွားမည်ဖြစ်ကြောင်းရှင်း ပြထားသည်။ သာသနာပိုင်ဆရာတော်၏ ရေးသားချက်အတိအကျမှာ ‘ဤဆုံးဖြတ်ချက်ကိုချမှတ်နိုင်ရန် လပေါင်းများစွာဆု တောင်းခဲ့ရကြောင်း၊ သာသနာပိုင်တစ်ပါးအနေဖြင့်လည်း ကက်သီဒရယ်ဘုရားကျောင်းနှင့်နီးနီးနားနားတွင်သီတင်းသုံး ခြင်းသည်လည်းအရေးကြီးကြောင်း၊ ဤအိမ်ကျောင်းတော်ရောင်းချရာမှရသောငွေကြေးကိုလည်း ချို့တဲ့ကိုယ်၀န်ဆောင်မိခင် များ၊ ချို့တဲ့ကက်သလစ်ပညာရေးကိုလိုလားသောမိသားစုများ၊ လူငယ်အတွက်အစီအစဉ်များ၌ အသုံးပြုသွားနိုင် ကြောင်း’ သာသနာပိုင်၏အာဘော်ကို The Belleville News-Democrat သတင်းဌာနကဖော်ပြထားသည်။

လက်ရှိသာသနာပိုင်ဆရာတော်သည် လွန်ခဲ့သော (၂၀၂၀) က ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှသာသနာပိုင်ဆရာတော် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သူဖြစ်ပြီး များမကြာမီ ကယ်သီဒရယ်၀င်း၌ပြောင်းရွေ့သီတင်းသုံးမည်ဖြစ်သည်။ ထိုနေရာ၌ သာသနာပိုင်သည် ကယ်သီဒရယ်ကျောင်းတော်အား တာ၀န်ယူစောင့်ရှောက်ပေးနေသောဘုန်းတော်ကြီး (မြန်မာနိုင်ငံ၌မူ ကယ်သီဒရယ်ကျောင်းထိုင်ဟုသုံးနှုန်းသည်။ အမှန်မှာ သာသနာပိုင်ဆရာတော်သာလျှင် ကျောင်းထိုင်ဖြစ်သည်။ ကယ်သီ ဒရယ်၌ တာ၀န်ကျသောဘုန်းတော်ကြီးမှာ တာ၀န်ခံသာဖြစ်သည်။) သာသနာပိုင်အနေဖြင့် သူ၏ဘ၀ကိုဂုဏ်ပကာသန ကင်းပြီး၊ ရိုးရှင်းစွာသာရှင်သန်ဖြတ်သန်းလိုသူဖြစ်သည်။

လက်ရှိကယ်သီဒရယ်၏တာ၀န်ခံဖြစ်သော မွန်ဆီညှော် John Myler မှာလည်း သာသနာပိုင်အတွက် နေရာ ထိုင်ခင်းအဆင်ပြေအောင်စီမံပေးရန်တက်ကြွလျှက်ရှိသည်။ သူက ‘သာသနာပိုင်ဘုန်းတော်ကြီးများ၊ ဘာသာတူများနှင့် ကယ်သီဒရယ်၏‌၀န်ထမ်းများကလည်း သာသနာပိုင်အားကြိုဆိုကြမည်ဖြစ်သည်။ သာသနာပိုင်သည် ကယ်သီဒရယ်ကြီး ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်စိတ်၀င်စားသူဖြစ်ပြီး၊ ချစ်လည်းချစ်သည်။ ယခုကဲ့သို့ သာသနာပိုင်သည် ကယ်သီ ဒရယ်၀င်းအတွင်း၌သီတင်းသုံးခြင်းသည် အလွန်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့နှင့်အတူနေနိုင်၊ အ လုပ်လုပ်နိုင်၊ နေ့စဉ်ဆုတောင်းနိုင်ပြီး၊ လိုအပ်သည်များကိုလည်းညွှန်ကြားပေးနိုင်သည်ဟုအပြုသဘောဆောင်သည့် မှတ်ချက်ကိုပေးသွားခဲ့သည်။

သာသနာပိုင်ဆရာတော်၏ကျောင်းတိုက်

များမကြာမီ ရောင်းထုတ်တော့မည့် လက်ရှိ၌ သာသနာပိုင်ဆရာတော်သီတင်းသုံးနေသောကျောင်းတိုက်ကို လွန်ခဲ့သော (၁၈၆၀) က James Lowery Donaldson Morrison ဆိုသူမှတည်ဆောက်ခဲ့သည်။ သူသည် ရထား ပို့ဆောင်ရေး၀န်ထမ်းတစ်ဦးဖြစ်သည်။ သူသည် (၁၉) ရာစုက သူသည်အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် လည်းဖြစ်ခဲ့သည်။ အိပ်ခန်း (၁၃) ခန်းပါသောအိမ်ကို သာသနာမှ (၁၉၄၈) ခနှစ်က၀ယ်ယူလိုက်ပြီး ထိုအချိန်မှစ၍ ယနေ့ ထိတိုင် သာသနာပိုင်ဆရာတော်အဆက်ဆက်ကသီတင်းသုံးလာခဲ့သည်။ နှစ်ပေါင်းများစွာ သာသနာမှမွမ်းမံထိန်းသိမ်းခဲ့ ပါသည်။ အဘယ်ကြောင့်ဆိုသော် သာသနာပိုင်ဆရာတော်ကြီးများအဆက်ဆက်သီတင်းသုံးခဲ့ခြင်းကြောင့် သမိုင်း၀င် သောအဆောက်အဦးဖြစ်နေခြင်း၊ Belleville မြို့၏အချက်အချာကျသောနေရာ၌ရှိခြင်းကြောင့် ပြန်လည်ရောင်းချ သည့်အခါ၌လည်း ရောင်းထွက်ရလွယ်မည်ဖြစ်သည်။ အိမ်ယာရောင်း၀ယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံအပ်နှံထားရာ ရောင်းစျေးအဘယ်မျှပေါက်မည်ကိုမူ သာသနာကသတ်မှတ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ အဆောက်အဦးသည် ကောင်းစွာ ထိန်းသိမ်းထားနိုင်ဆဲရှိသည်။ ထို့အတူ ၀ယ်ယူလိုဖွယ် အကြောင်းအရာ၀ိသေသများစွာရှိသောအဆောက်အဦးတစ်ခု လည်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3PI0N65

Add new comment

8 + 11 =