အီရန် နိုင်ငံတွင် ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးကြရသူများအတွက် ရဟန်းမင်းကြီးဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း

ခရီးသည်တင် လေယာဉ်ပျက်ကျမှု

အီရန် နိုင်ငံတွင် ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးကြရသူများအတွက် ရဟန်းမင်းကြီးဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း
ဇန်နဝါရီလ ၈၊ ၂၀၂၀

ပြီးခဲ့သော ဗုဒ္ဓဟူး နေ့က တဲ့ရွန်ရှိ အီမာန် ဟိုမေနီ လေဆိပ်မှ ခီရက်ဗ် သို့ ထွက်ခွာလာသည့် အီရန် နှင့် ကနေဒါမှ ခရီးသည် အများစုတင်ဆောင်လာသော ယူကရိန်း နိုင်ငံတကာ ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့် ၁၇၆ ဦးသေဆုံးခဲ့ခြင်း အကြောင်း ကြားသိခဲ့ရပြီး ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်။

သေဆုံးသွားကြရသူများ၏ဆွေမျိုးသားချင်းများ၊ အပေါင်းအသင်းမိတ်ဆွေများထံသို့ ပေးပို့သောဝမ်းနည်းသဝဏ်လွှာတွင် ရဟန်းမင်းကြီးမှသေဆုံးသွားကြသောသူများသည် ဘုရားရှင်၏သနားကြင်နာမှုကိုခံစားကြရ စေကြောင်းနှင့် ကျန်ရှိသူမိသားစုဝင်များအားလည်းဘုရားရှင်၏နှစ်သိမ့်မှုခံစားရစေလိုကြောင်း သူ၏ကောင်းကြီးမင်္ဂလာနှင့်အတူ ဝမ်းနည်းသဝဏ်လွှာကို ဗာတီကန်နိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ် ရဟန်းမင်းအမတ် ကာဒီနယ် ပီရဲထရို ပါရိုလင်းမှ လက်မှတ်ရေးထိုးပေးပို့ခဲ့ပါသည်။

https://bit.ly/36HsqpD
#rvamyanmarservice
Credit to Vatican News

Add new comment

1 + 0 =