အီရတ် နိုင်ငံမှ ဘုရားကျောင်းများ၏ ရုပ်ပုံကို တံဆိပ်ခေါင်း အသစ်များတွင် ထဲ့သွင်း

အီရတ် နိုင်ငံမှ ဘုရားကျောင်းများ၏ ရုပ်ပုံကို တံဆိပ်ခေါင်း အသစ်များတွင် ထဲ့သွင်း

အီရတ် နိုင်ငံမှ ဘုရားကျောင်းများ၏ ရုပ်ပုံကို တံဆိပ်ခေါင်း အသစ်များတွင် ထဲ့သွင်း

အီရတ် နိုင်ငံတစ်ဝှမ်းမှ ခရစ်ယာန် ဘုရားကျောင်း ၈ ကျောင်း၏ ပုံတော်များ မှာ အီရတ် စာတိုက်သုံး တံဆိပ်ခေါင်း အသစ်ထုပ်ဝေရာမှာ ပါ၀င်လာခဲ့ပါတယ်။ မွတ်ဆလင် အများစု ရှိတဲ့ အီရတ်နိုင်ငံရဲ့ တံဆိပ်ခေါင်း မှာ ပထမအကြိမ်အဖြစ် ဘုရားကျောင်းပုံများကို ထဲ့သွင်းအသုံးပြုလာခြင်းဖြစ်ကြောင်း

Fides သတင်းအရ အီရတ် စာပို့လုပ်ငန်းမှ တံဆိပ်ခေါင်း ၄၀၀၀ ထုတ်ကာ စာတိုက်များသို့ ဖြန့်ခဲ့ကြောင်း

အခုလို ဘုရားကျောင်းပုံများထဲ့သွင်းခြင်းသည် လက်ရှိ အီရတ် အာဏာရအစိုးရ၏ သဘောထားကို ခရစ်ယာန်သိမြင်စေရန် စာပို့လုက်ငန်းက ရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က Chaldean Patriarch Louis Raphael Sako နှင့် ပူးပေါင်းသူများအား တွေ့ဆုံရာတွင် အီရတ် သမ္မတ Mustafa al Kadhimi က အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားသည့် ခရစ်ယာန်များ အမိမြေသို့ ပြန်လာရန် ၎င်းအနေနဲ့ မျှော်လင့်ပါကြောင် ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။

အီရတ်ဟာ အီရာကီ လူမျိုးအားလုံးရဲ့နိုင်ငံဖြစ်ပါတယ်။ ခရစ်ယာန်များဟာလည်း ဒီအမိမြေရဲ့ သားသမီးများဖြစ်ကြပါတယ် လို့လည်း သမ္မတ Kadhimi က ဆိုခဲ့ကြောင်း နဲ့ ခရစ်ယာန် မိသားစု များအား အစိုးရ အဖွဲ့အစည်း အသီးသီး မှ ပံ့ပိုးရန် သို့မှသာ အီရတ် ကို ပြန်လာနိုင်ပြီး နိုင်ငံထူထောင်ရေးမှာအတူပါ၀င်ကာ ကူညီပေးနိုင်ကြမှာဖြစ်တယ်လို့ ဆိုရင်း ၎င်းက အာမခံ ခဲ့သည် ဆိုခြင်းကို Aleteia သတင်းအရ သိရှိရပါတယ်။

ဘာသာပြန် - စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: IVL | Shutterstock

https://bit.ly/3jrDQo2

Add new comment

3 + 1 =