အီရတ်၌ဖြစ်ပွားခဲ့သောသတင်းဆိုးကြောင့် ရဟန်းမင်းကြီးဖရန်စစ် လွန်စွာစိတ်ထိခိုက်ရ

အီရတ်၌ဖြစ်ပွားခဲ့သောသတင်းဆိုးကြောင့် ရဟန်းမင်းကြီးဖရန်စစ် လွန်စွာစိတ်ထိခိုက်ရ

အီရတ်၌ဖြစ်ပွားခဲ့သောသတင်းဆိုးကြောင့် ရဟန်းမင်းကြီးဖရန်စစ် လွန်စွာစိတ်ထိခိုက်ရ

            ရဟန်းမင်းကြီးဖရန်စစ်သည် အူမကြီးခွဲစိတ်မှုကိုခံယူပြီး ဆေးရုံမှဆင်းကာ ပြန်လည်သက်သာလာစသာရှိသေး သည်။ သို့သော် သူလုပ်နိုင်သောအလုပ်များကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ထို့အတူ ဇူလိုင်တစ်လလုံးသည် သူ၏ ကျန်းမာရေးကိုပြန်လည်ကုစားရင်း အခြားအရေးကြီးသောအစီအစဉ်များအားလုံးကိုရပ်နားထားပြီး၊ ဩဂုတ်လမှပြန် လည်စတင်မည်ဖြစ်သည်။

            ဤသို့‌ကျန်းမာရေးပြန်လည်ကောင်းခါစ၌ အီရတ်နိုင်ငံ၏မြို့တော် ဘက်ဒတ်ရှိ Al-Wuhailat စျေးပေါက်ကွဲမူ ကြောင့်လူများစွာသေကြေခဲ့ရသည့်သတင်းဆိုးကိုကြားရ၍ ရဟန်းမင်းကြီးဖရန်စစ်သည် များစွာစိတ်ထိခိုက်ခဲ့ရသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ရဟန်းမင်းကြီးကိုယ်စား ဗာတီကန်၏အတွင်းရေးမှူး ကာဒီနယ် Pietro Parolin မှအီရတ်နိုင်ငံ ၏ရဟန်းမင်းကြီးကိုယ်စားလှယ်ဆရာတော် Mitja Leskovar ထံသံကြိုးစားပါး၍ ယခုဖြစ်စဉ်အတွက် အလွန်စိတ်ထိခိုက် ခံစားရကြောင်း၊ အသက်ဆုံးရှုံးခဲ့သောသူတို့၏မိသားစု၀င်များအတွက်ဆုတောင်းပေးပါကြောင်း၊ အသက်ဆုံးရှုံးသွား သောသူတို့၏၀ိညာဉ်သည်လည်း အားလုံးစုံကိုတတ်နိုင်တော်မူသောဘုရားသခင်၏သနားခြင်းကိုခံစားရပါစေကြောင်း၊ ထို့အတူ ရဟန်းမင်းကြီးကလည်း အီရတ်နိုင်ငံအတွက် မလျော့သောဇွဲဖြင့် အဓမ္မအမှုသည်ကျဆုံး၍ အီရတ်နိုင်ငံအတွင်း အေးချမ်းတည်ငြိမ်ကာ ညီအစ်ကိုရင်းစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကြီးကိုပြန်လည်ထူ‌ထောင်ရန်ကြိုးစားလုပ်ဆောင်နေကြ သောသူများ၏အရေးတော်ပုံအောင်မြင်စေရန်ဆုတောင်းပေးနေကြောင်းရေးသားထားသည်။

            ဤပေါက်ကွဲမှုဖြစ်စဉ်မှာ ပြီးခဲ့သော အဂ်ါနေ့၌စျေး၀ယ်သူများဖြင့်စည်ကားလျှက်ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆို သော် Eid al-Adha ပွဲကိုလည်းမကြာမီကျင်းပတော့မည်ဖြစ်၍ လိုအပ်သောပစ္စည်းများကို၀ယ်ခြမ်းနေကြသည်။ ထိုဖောက် ခွဲမှုကြောင့် လူအနည်းဆုံး (၃၀) ခန့်သေဆုံးခဲ့ပြီး၊ ဒါဇင်များစွာထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ဤဖောက်ကွဲမှုသည် လွန်ခဲ့ သော (၆) လတာအတွင်း အလွန်ဆိုး၀ါးသောဖောက်ခွဲမှုကြီးဖြစ်ပြီး၊ လူသေဆုံးမှုအလွန်များသောအကြမ်းဖက်မှုဖြစ် သည်။        

            ရဟန်းမင်းကြီးဖရန်စစ်သည် ကိုးဗစ်ကူးစက်ရောဂါ‌ကြောင့် ခရီးသွားလာရန်ပိတ်ပင်မှုလျော့ချလိုက်သည်နှင့် ပထဦးဆုံးနိုင်ငံတကာ တမန်တော်ခရီးအဖြစ် အီရတ်သို့ကြွရောက်ခဲ့သည်။ ထိုခရီးစဉ်မစတင်မီ ရဟန်းမင်းကြီးက ဗွီဒီယို ဖိုင်လ်ဖြင့်မိန့်ခွန်းမြွတ်ကြားရာတွင် ‘ကျွန်ုပ်အီရတ်သို့ ဘုရားဖူးတစ်ဦးကဲ့သို့လည်းကောင်း၊ နှစ်ပေါင်းများစွာစစ်ဒဏ်၊ အ စွန်းရောက်သောလုပ်ရပ် အပြစ်များအတွက်နောင်တရ၍ ပြန်လည်ဆပ်ဖြေလိုသော အပြစ်သားတစ်ဦးကဲ့သို့လာရောက် ပြီး၊ အပြစ်ခွင့်လွှတ်ခြင်း၊ ပြန်လည်ကြေအေးခြင်း၊ နှစ်သိမ့်ခြင်းကောင်းကြီး၊ ဒဏ်ရာများအား ကုသခြင်းကောင်းကြီးများ ကို ဘုရားသခင်ထံတောင်းလျှောက်ပါမည်။

            အီရတ်နိုင်ငံ၊ မူဆိုလ်မြို့၌ ရဟန်းမင်းကြီးသည် အကြမ်းဖက်ခြင်းကြောင့် ဆုံးပါးသွားခဲ့ကြသောသူတို့၏၀ိညာဉ် များအတွက် ဆုတောင်းပေးခဲ့သည်။ သက်၀င်ယုံကြည်မှုမတူ၊ ယဉ်ကျေးမှုမတူသော လှပသအရောင်အသွေးစုံသည့်ပြည်သည် အပြစ်မဲ့သောပြည်သူများ၏သွေးချောင်းစီးစေခဲ့မှုများကြောင့် အရောင်မှိန်၍အလှမဲ့ခဲ့ရပြီဖြစ်ကြောင်း၊ ထိုနေ ရာ၌ပြုခဲံသောဆုတောင်းသည် တဖန်ပြန်လည်ပဲ့တင်ရိုက်ခတ်လာပြန်ပြီ။ ‘တပည့်တော်တို့၏ညီအစ်ကိုမောင်နှမများအား  ကိုယ်တော်ပေးသနားသော မဂ်လာပြည့်၀သည့် လောကလူ့အသက်တာသည် အကြမ်းဖက်လုပ်ရပ်များကြောင့် တိုတောင်း သွားရပြီဖြစ်၍ ၄င်းတို့၏၀ိညာဉ်များကို ကိုယ်တော့်အားပြန်လည်အပ်နှံပါသည်။ မိမိတို့၏ညီအစ်ကိုမောင်နှမများ၏အ သက်ကို မစာနာ၊ မထောက်ထား၊ မငဲ့ညှာဘဲ ဤသို့သေစေလောက်‌သောအကြမ်းဖက်လုပ်ရပ်များကို ကြံစည်ကျူးလွန် နေသောသူများအဖို့လည်းဆုတောင်းပေးပါသည်။ ၄င်းတို့၏ရာဇ၀တ်မှုကျူးလွန်နေမှုများမှ နောင်တရစေရန် ကိုယ်တော် ၏သနားခြင်း အစွမ်းတန်ခိုးဖြင့်တို့ထိပေးတော်မူပါ။

အိုသခင် ကွယ်လွန်သွားသောသူတို့အားထာ၀ရငြိမ်းချမ်းခြင်းကိုပေးသနားတော်မူပါ။ ထာ၀ရအလင်းတော်သည်လည်း ထိုသူတို့အပေါ်သို့ထွန်းလင်းပါစေ။  ငြိမ်းချမ်းစွာနေရပါစေသော် ... အာမင်

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of AFP or licensors

https://bit.ly/372V0U8

Add new comment

12 + 6 =