အီရတ်ရှိ အာဘရာဟမ်၏ဇာတိသို့ ပုပ်ဖရန်စစ် သွားရောက်မည်

အီရတ်ရှိ အာဘရာဟမ်၏ဇာတိသို့ ပုပ်ဖရန်စစ် သွားရောက်မည်

အီရတ်ရှိ အာဘရာဟမ်၏ဇာတိသို့ ပုပ်ဖရန်စစ် သွားရောက်မည်

အီရတ်နိုင်ငံရှိ အူရ် (Ur)မြို့သည် သက်တမ်းကြာရင့်သော မြို့ဟောင်းဖြစ်သော်လည်း ဒေသတွင်းစစ်ပွဲများကြောင့် လည်ပတ်သူနည်းပါးလှသော သမိုင်းဝင်နေရာဖြစ်ခဲ့သည်။ ထိုနေရာသို့ ပုပ်ရဟန်းမင်းကြီးသည် မကြာခင် သွားရောက်လည်ပတ်မည်ဖြစ်သည်။

သက်တော် ၉၉နှစ် အရွယ်တွင် အာဘရာဟမ်ဟူသော အမည်ကို ဘုရားထံမှ ရရှိခဲ့ပြီး သူသည် ခရစ်ယာန်၊ အစ္စလာမ်နှင့် ဂျူးဘာသာတို့၏ဖခင်ကြီးဟု သမုတ်ခြင်းခံခဲ့ရသည်။

ပုပ်ဖရန်စစ်သည် မတ်လ၆ရက်တွင် ဘာသာတရားအသီးသီးမှခေါင်းဆောင်များနှင့်အတူ ဆုတောင်းမည်ဖြစ်သည်။ ဒေသအတွင်းတည်ငြိမ်မှုနှင့် ဘာသာတရားများအကြား ငြိမ်းချမ်းရေးတို့ကို ဦးတည်သော ထိုဆုတောင်းပွဲကို "အာဘရာဟမ့်သားသမီးများ၏ ဆုတောင်းမေတ္တာ"ဟု အမည်ပေးထားသည်။

ထိုဒေသရှိ ဘူမိဗေဒပညာရှင်များကလည်း ပုပ်ရဟန်းမင်းကြီးကို မျှော်လင့်နေကြသည်။ ပုပ်ရဟန်းမင်းကြီးလာရောက်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏စိတ်ဝင်စားမှုပါ မြင့်တက်လာမည်ဟု ယုံကြည်နေကြသည်။

ထိုမြို့တွင် နှစ်ပေါင်း၂၀ အလုပ်လုပ်ခဲ့သော အစ္စလာမ်ဘာသာဝင်တစ်ဦးကမူ "ကျွန်ုပ်တို့ ဘာသာဝင်များသည်လည်း ပုပ်ဖရန်စစ်ကိုကြိုဆိုပြီး ဒေသတွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်မျှော်လင့်ကြောင်း" ပြောကြားခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: U.S. Department of Defense | Public Domain

http://bit.ly/3kgvbWF

Add new comment

1 + 15 =