အီရတ်နိုင်ငံတွင် ခရစ္စမတ်နေ့ကို တရား၀င်အားလပ်ရက်အဖြစ် သတ်မှတ်

အီရတ်နိုင်ငံတွင် ခရစ္စမတ်နေ့ကို တရား၀င်အားလပ်ရက်အဖြစ် သတ်မှတ်

မွတ်စလင် (၉၈)ရာခိုင်နှုန်းရှိသော အီရတ်တစ်နိုင်ငံလုံးတွင် ခရစ္စမတ်နေ့ကို အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

ဤသို့ သတ်မှတ်ရန်အဆိုပြုလွှာကို Cardinal Louis Raphael Sako မှ အီရတ်နိုင်ငံ၏သမ္မတ Barham Salihနှင့် တွေ့ဆုံစဉ်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး အီရတ်ပါလီမန်မှ အားလုံးသဘောတူကာ မဲထည့်ခဲ့ကြခြင်းဖြစ်သည်။

ရလာဒ်ထွက်ပေါ်လာပြီးနောက် ကာဒီနယ် ဆာခိုမှ သမ္မတ Salih နှင့် လွှတ်တော်တွင်ပါ၀င်သူများအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အီရတ်နိုင်ငံတွင် (၂၀၀၈)ခုနှစ်က ခရစ္စမတ်နေ့ကို တစ်နိုင်ငံလုံးအတွက် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း ထိုသတ်မှတ်ချက်သည် (၂၀၀၈)ခုနှစ် တစ်နှစ်တည်းအတွက်သာ ဖြစ် သည်။

အီရတ်နိုင်ငံ၊ Kirkuk ပြည်

နည် တစ်ခုတည်းသာ ခရစ္စ မတ်နေ့ကို အများပြည်သူ အားလပ်ရက်အဖြစ် သတ်

မှတ်ထားသည်။

Baghdadမြို့၏ လက် ထောက်ဆရာတော် Basilio Yaldo မှ “ယခုဖြစ်ရပ်သည် ခရစ်ယာန်များနှင့် အီရတ်တွင် နေထိုင်သူ အားလုံးအတွက် ကြီးမားသော မျှော်လင့်ချက်

နှင့် တန်ဖိုးရှိသောအရာဖြစ်ပြီး မတ်လတွင် အီရတ်နိုင်ငံသို့ သိုးထိန်းခရီး ကြွချီမည့်ပုပ် ရဟန်းမင်းကြီး၏ ခရီးစဉ်နှင့် ပတ်သက်ဆက်ဆိုင်လျှက်ရှိကြောင်း” ပြောကြားခဲ့ပြီး ယခုဖြစ်စဉ်သည် သူတို့မျှော်

လင့်ခြင်း၏ ပထမဆုံးအသီးအပွင့်ဖြစ်ပြီး နောင်အနာဂတ်တွင် ဤကဲ့သို့သောအရာများ ယူဆောင်လာဦးမည်ဖြစ် ကြောင်းလည်း ပြောဆိုခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: By Lena Ha | Shutterstock

https://bit.ly/2KO8yv6 

Add new comment

7 + 11 =