အီတလီ တီဗွီအသံလွှင့်အစီအစဉ် တခုအား ပုပ်ဖရန်စစ် လျှက်တပြတ် ဖုန်းခေါ်ခြင်း

အီတလီ တီဗွီအသံလွှင့်အစီအစဉ် တခုအား ပုပ်ဖရန်စစ် လျှက်တပြတ် ဖုန်းခေါ်ခြင်း

အီတလီ တီဗွီအသံလွှင့်အစီအစဉ် တခုအား ပုပ်ဖရန်စစ် လျှက်တပြတ် ဖုန်းခေါ်ခြင်း

ကိုဗစ် ၁၉ ကြောင့် တပါးသူအားကူညီရင်း မိမိအသက်ကို ပေးသွားသူများတို့သည် ၄င်းနှင့်အတူ နီးကပ်စွာရှိကြောင်း ကို ဆက်သွယ်ပြောကြားရန် A Sua Immagine ဟူသည့် တီဗီအသံလွှင့်ဌာနသို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က လျှက်တပြတ် ဖုန်းခေါ်ခဲ့ပါတယ်။

တီဗီအစီအစဉ်မှူး Lorena ဆီက​ြိုတင်ပြင်ဆင်မထားပဲ ဖုန်းခေါ်လိုက်ရာ ပါပါးဖရန်စစ်၏ အသံကို သူမက ချက်ခြင်းမှတ်မိပြီး အစီအစဉ်မှ ကြိုဆိုပါတယ် ပါပါး လို့ နုတ်ဆက်လိုက်တဲ့အတွက် ကျွန်ုပ်အသံကို မှတ်မိတယ်လား ဆိုပြီး အံ့အားသင့်ခဲ့တယ်လို့ဆိုပါတယ်။

ပါပါး ရဲ့ ဖုန်းခေါ်ဆိုခြင်းအတွက် အစီအစဉ်မှူးက ကျေးဇူးတင်ခဲ့ပြီး အထူးသဖြင့် တော့ ဖခင်မေတ္တာအပြည့် နဲ့ ဒီ ဒုက္ခနေ့ရက်တွေမှာ မားမာမတ်မတ် ရပ်တည်ပေးခြင်းတွေအတွက် သူမက အသိအမှတ်ပြုကာ ဒီနေ့ရက်တွေမှာ ပါပါးဘယ်လိုများနေထိုင်ပါသလဲလို့ မေမြန်းခဲ့ရာမှာ အရှင်သူမြတ်က အီစတာဟာ အမြဲရှင်ပြန်ခြင်းနဲ့ ငြိမ်သက်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ပျော်ရွှင်စရာ ဇာတ်လမ်းအဆုံးသတ်မျိုးကိုပြောတာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ လမ်းကို မေတ္တာတွေနဲ့ ပေးဆပ်ခဲ့တဲ့ အချက်နဲ့ ကျွန်ုပ်တို့ကို နိုးကြားစေခြင်း၊ သူအရင်ခံထမ်းသွားတယ် ဒီအချက်က ကျွန်ုပ်တို့ကို သက်သာရာ ရပြီး ခွန်အားဖြစ်စေတယ်လို့ အရှင်သူမြတ် ပုပ်ဖရန်စစ်က ဖြေကြားခဲ့ခြင်းကို ဗာတီကန်သတင်း အရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2Ry7hIS

Add new comment

8 + 8 =