အီတလီ ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ တောင်ဆူဒန် အတွက် ယူရို တစ်သန်း လှူတန်း

ဒုက္ခရောက်နေသော တောင်ဆူဒန် ပြည်သူများ

အီတလီ ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ တောင်ဆူဒန် အတွက် ယူရို တစ်သန်း လှူတန်း
ဇူလိုင်လ ၁၀၊ ၂၀၁၉

တောင်ဆူဒန် နိုင်ငံသည် လွတ်လပ်ရေးရခဲ့သည် မှာ ၈ နှစ်ကြာခဲ့သော်လည်း ယနေ့တိုင် နိုင်ငံရေး လူမှူ့​ရေး ပြသနာများ နှင့် ဆိုးဝါးစွာ ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယင်းကဲ့သို့သော် အခြေအနေများအပေါ် စာနာထောက်ထားသောအားဖြင့် ဒုက္ခရောက်နေသော တောင်ဆူဒန် ပြည်သူများအတွက် အီတလီ ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ယူရို တစ်သန်း လှူတန်းခဲ့ပါသည်။

အီတလီ ကက်သလစ်အသင်းတော်၏ ဘာသာတရားဝတ်ပြုခြင်း၊ သိုးထိန်းလုပ်ငန်းစဉ်များ နှင့် ကရုဏာရေးလုပ်ငန်းများတွင် အသုံးပြုသော ရန်ပုံ​ငွေများ မှ တောင်ဆူဒန် နိုင်ငံပြန်လည်တည်ဆောက်ခြင်း၊ နိုင်ငံအတွင်း ပြန်လည်သင့်မြတ်ရေးများ လုပ်ဆောင်နိုင်ရန်၊ ပုံသေ ဝင်ငွေရရှိသော လုပ်ငန်းများ ဖော်ဆောင်နိုင်ရန် အတွက် ပေးအပ်ကူညီခဲ့ပါသည်။

လက်ရှိ တောင်ဆူဒန် နိုင်ငံအခြေအနေမှာ လူပေါင်း ၇ သန်း မှာ အစာရေစာ ပြတ်လပ်မှုကြုံတွေ့နေရခြင်း၊ အချို့ဒေသများမှာ လုံးဝ စားစရာမရှိသော အခြေအနေ ကြုံတွေ့နေကြရခြင်း၊ ၁. ၉ သန်းသောပြည်သူများမှာ နိုင်ငံအတွင်း စစ်ပွဲများ ကြောင့် ရွှေ့​ပြောင်း သွားလာနေရသော အခြေအနေတွင်ရှိပြီး ၂.၃ သန်းသော ပြည်သူများမှာ နီးစပ်ရာ နိုင်ငံများ သို့ ဒုက္ခသည်များအဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း၊ လက်​တလောတွင် အစိုးရတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြပြည်သူများ အကြား အကြမ်း ဖက်နှိမ်နင်းမှူ့များ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေကြောင်း အီတလီ ကရုဏာရေးအဖွဲ့မှ ထုတ်ပြန်ပေးထားပါသည်။

၂၀၁၉ ဧပြီလ အတွင်း ပုပ်ရဟန်းမင်းကြီး နှင့် တောင်ဆူဒန် နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခြင်းတွင် စစ်ပွဲများ အဆုံးသတ်ကြဖို့၊ နိုင်ငံရေး လူမျိုးရေးကွဲပြားမှူ့များ ရပ်တန့်ကြပြီး အတူတကွ နိုင်ငံကို ငြိမ်းချမ်းစွာတည်ဆောက်ကြဖို့ တောင်ဆိုခဲ့ပါသည်။

By Kyi Maung

Photo credit to Vatican News
#Italian, #bishop, #peterkm,

https://www.vaticannews.va/en/church/news/2019-07/italian-bishops-conference-south-sudan-humanitarian-donation.html

Add new comment

2 + 18 =