အီတလီ ဆရာတော်ကြီးများ ညီလာခံစုဝေးသဘင်ကိုပါပါးဖရန်စစ် မှ ဖွင်လှစ်ပေး

အီတလီ ဆရာတော်ကြီးများ ညီလာခံစုဝေးသဘင်ကိုပါပါးဖရန်စစ် မှ ဖွင်လှစ်ပေး

အီတလီ ဆရာတော်ကြီးများ ညီလာခံစုဝေးသဘင်ကိုပါပါးဖရန်စစ် မှ ဖွင်လှစ်ပေး

 

ဓမ္မညီလာခံ ခရီးစဉ်ကာလလျှောက်လှမ်း နေသည့် လမ်းစဉ်ကို သုံးသပ်နိုင်ရန်အတွက် အီတလီနိုင်ငံ ဆရာတော်ကြီးများက Pope Paul Vl ခမ်းမတွင် ကျင်းပနေသည့် ဆွေးနွေးပွဲ ညီလာခံကြီးသို့ ပါပါးဖရန်စစ်မှ လာရောက် တွေ့ဆုံခဲ့ပါတယ်။

ဗာတီကန်သတင်းဌာန သတင်းထောက်မှ ပေးပို့ချက်အရ  ၇၆ ကြိမ်မြောက် အီတလီနိုင်ငံ ဆရာတော် ကြီးများ အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ညီလာခံ(CEI) ကို တနင်္လာနေ့က ကျင်းပနေစဉ် ပါပါဖရန်စစ်က အီတလီဆရာတော်ကြီးများကို ၂ နာရီခန့်ကြာ မိန့်ခွန်းမြွက်ကြားခဲ့ကြောင်း ရောမမြို့တော်ပြန်ကြားရေး ရုံးတော်မှ ထုတ်ပြန်ခဲ့ပါတယ်။

" ဘုရားရှင်​၏ လူမျိူးတော် များရဲ့ ရင်ဖွင့်ပြောပြချက်များကို နားထောင်ခြင်း" ( Listening to the Narratives of the People of God" ) ဆိုသည့် အဓိက ဆောင်ပုဒ်ကို အခြေပြုလျက် သူတို့ရဲ့ စည်းဝေးပွဲကြီးကို မေလ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်ပါတယ်။

ပထမ သုံးသပ် ဆင်ခြင်သည့်အချက်ကတော့ ဓမ္မညီလာခံ Synod တလျောက် တွင် မည်သည့် ဦးစားပေးရွေးချယ်ရမည့် အရာများ ထွက်ပေါ်လာပါသနည်း ဆိုသည့် အချက်ပင် ဖြစ်ကြောင်း

အီတလီဆရာတော်ကြီးများသည် ရောမမြို့ရှိ The Hilton Airport Hotel တွင် တွေ့ဆုံနေကြပြီး CEI ​၏ လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာအတွက် အစားထိုးဖြည့်ဆည်းရန် ကိုယ်စားလှယ်များကို ရွေးချယ် ရန်စီစဉ်ထားပါတယ်။

မကြာခင် သက်တမ်းကုန်မည့် CEI ဥက္ကဋ္ဌ ကာဒီနယ် Gualtiero Bassetti က အင်္ဂါနေ့ စည်းဝေးပွဲ အစီစဉ်များကို ဦးဆောင်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃ ပါး​၏ အမည်ကို အီတလီ ဆရာတော် ကြီးများမှ အမည်တင်သွင်းကြမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။

ထို၃ ပါး အနက်မှ CEI ​၏ ဥက္ကဋ္ဌအသစ်ကို ရဟန်းမင်းကြီးမှ ရွေးချယ်ပေးမည် ဖြစ်ကာ ၊  အစည်းဝေး​၏ အဆုံးသတ်တွင် CEI မှ သတင်းစာ ရှင်းလင်းပွဲ ကို သောကြာနေ့မှာ ကျင်းပမည် ဖြစ်ပါတယ်။

 

အာဗီအေဘာသာပြန်- မာကုစ် ညီညီထွန်း

https://bit.ly/3wHHeUO

 

Add new comment

3 + 3 =