အီတလီ ကက်သီဒြယ်အတွင်းမှ ပုပ်ဂျွန်ပေါလ်၏ ဓာတ်တော်မွေတော် အခိုးခံရ

အီတလီ ကက်သီဒြယ်အတွင်းမှ ပုပ်ဂျွန်ပေါလ်၏ ဓာတ်တော်မွေတော် အခိုးခံရ

အီတလီ ကက်သီဒြယ်အတွင်းမှ ပုပ်ဂျွန်ပေါလ်၏ ဓာတ်တော်မွေတော် အခိုးခံရ

ကြီးမြတ်သော ရဟန္တာ ပုပ်ရဟန်း မင်းကြီးဒုတိမြောက်ယောဟန်ပေါလူး သို့မဟုတ် ချစ်စနိုးခေါ်သည့် ပါပါးဂျေပီ ၏ အသွေးတော်ပါရှိသည် ရောင်ခြည်တော် ဓာတ်တော် မွေတော်မှာ အခိုးခံရတဲ့အတွက် တာဝန်ရှိသူ ခိုးယူထားသူမှ ပြန်လည်လာရောက် အပ်နှံ ပါရန် Spoleto-Norcia ဂိုဏ်းချုပ်ဆရာတော်ကြီး Renato Boccardo မှ တောင်းခံလိုက်ပါတယ်။

အစောင့်ရဲများက ကက်သီဒြယ် အတွင်း အပြင်ရှိ လုံခြုံရေး ကင်မရာများကို စစ်ဆေးနေကြကြောင်း

၂၀၀၅ ခုနှစ်တွင် ပျံလွန်တော်မူတဲ့ ပုပ်ဂျွန်ပေါလ်အား အပ်နှင်းထားသည့် ဘုရားစင်ပလ္လင် အရှင်သူမြတ်၏ သွေးတော်စက် ထားရှိသော ရွှေ နှင့် ကျောက်ဆီချထားသည့် ကြုပ်မှာ ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပုပ်ဂျွန်ပေါလ်၏ ဓာတ်တော်မွေတော်ဟာဆိုရင် အောက်တိုဘာ ၂၂ ရက်နေ့မှာ အရှင်သူမြတ်ကို အပ်နှံပူဇော်ထားတဲ့ ဘုရားကျောင်းအသစ်မှာ ပြောင်းရွှေ့ထားရှိဘို့ ပြင်ဆင်ထားပါတယ်ဆိုတာကို Aleteia သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: Shutterstock-jorisvo | spoletonorcia.it

https://bit.ly/336dAd9

Add new comment

11 + 2 =